• Follow Us on
Latest News

Home မြန်မာနိုင်ငံ၌ ဆန္ဒပြသူများအပေါ် နှိပ်ကွက်မှုများ ရပ်တန့်ရန် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် တိုက်တွန်း

မြန်မာနိုင်ငံ၌ ဆန္ဒပြသူများအပေါ် နှိပ်ကွက်မှုများ ရပ်တန့်ရန် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် တိုက်တွန်း

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် ဆန္ဒပြသူများအပေါ် နှိပ်ကွက်မှုများ ရပ်တန့်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာ့တပ်မတော်ကို တောင်းဆိုလိုက်သည်။

 

ယမန်နေ့က ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေးသို့ ပေးပို့သည့် ဗွီဒီယိုမိန့်ခွန်းတစ်ခုအတွင်း ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဒီမိုကရေစီ ပျက်သုဉ်းလာတာ၊ တပ်ဖွဲ့အင်အား အလွန်အကျွံအသုံးပြုတာ၊ အကြောင်းမဲ့ ဖမ်းဆီးတာနဲ့ ဆန္ဒပြ သူတွေအပေါ် ဖိနှိပ်ကွပ်တာတွေ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်” ဟု ဂူတာရက်စ်က ပြောသည်။

 

ဖိနှိပ်မှု ချက်ချင်းရပ်တန့်ရန်၊ အကျဉ်းသားများကို လွှတ်ပေးရန်၊ အကြမ်းဖက်မှု ရပ်တန့်ရန်၊ လူ့အခွင့်အရေးနှင့် မကြာသေးမီပြုလုပ်ခဲ့သည့် ပြည်သူများ၏ဆန္ဒကို လေးစားသမှုရှိရန် ၎င်းက မြန်မာ့တပ်မတော်အား တိုက် တွန်းခဲ့သည်။

 

ထို့အပြင် ငြိမ်းချမ်းသောနည်းဖြင့် ဆန္ဒဖော်ထုတ်နေသည့် ဆန္ဒပြသူများအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ အ ကြမ်းဖက်ဖြိုခွင်းမှုကိုလည်း ၎င်းက ရှုတ်ချခဲ့သည်။

 

ကိုးကား – အန်အိတ်ချ်ကေ

 

Ref; Guterres urges end to repression in Myanmar

 

#PeopleMedia

 

(unicode)

…………………………………………………………………








Ref; Guterres urges end to repression in Myanmar

#PeopleMedia


Share this post