• Follow Us on

Home မြန်မာနိုင်ငံ၌ ပထမဆုံး ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်း

မြန်မာနိုင်ငံ၌ ပထမဆုံး ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်း

Share this post

ရန်ကုန်၊ အောက်တိုဘာ ၆ (People Media)

 

မြန်မာနိုင်ငံတွင် ဖွဲ့စည်းထားခြင်းမရှိသေးသည့် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် စစ်ရေယာဉ်များ ပေး အပ်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက သန်လျင်မြို့နယ်ရှိ ရေတပ်ဌာနချုပ်ဝင်းအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့(Coast Guard) ဖွင့်လှစ်တဲ့အခမ်းအနားကို ရေယာဉ်အသစ် (၄) စီးဖြင့် ကနဦး စတင်ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့

 

(unicode)


…………………………………………….

 


 


 


 


 



Share this post