• Follow Us on

Home မြန်မာနိုင်ငံ၌ အခြေခံစားသောက်ကုန်များ အန္တရာယ်ရှိသည်အထိ ရှားပါးမှုများ မဖြစ်ပေါ်နိုင်ကြောင်း  န-စ-က ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ၌ အခြေခံစားသောက်ကုန်များ အန္တရာယ်ရှိသည်အထိ ရှားပါးမှုများ မဖြစ်ပေါ်နိုင်ကြောင်း  န-စ-က ဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၃၁ (People media)

 

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစတင်ပြီး ကန့်သတ်ချက်များရှိနေ၍ ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်မားလာမှုကြောင့် ကုန်ဈေးနှုန်းများ တက်လာသော်လည်း စားသောက်ကုန်ပစ္စည်းများ အန္တရာယ်ဖြစ်စေနိုင် သည်အထိ ရှားပါးမှုများ မဖြစ်ပေါ်နိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

 

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးတွင် ကျင်းပပြုလုပ်ခဲ့သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

“မိမိတို့နိုင်ငံတွင်လည်း ကုန်ဈေးနှုန်းများ မြင့်တက်လာသော်လည်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ အခြေခံ စားကုန်များကို ပြည်တွင်း၌ ထုတ်လုပ်သည့်နိုင်ငံဖြစ်ခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ အန္တရာယ်ဖြစ်စေ နိုင်သည်အထိ ရှားပါးမှုများမဖြစ်ပေါ်နိုင်ကြောင်း၊ လက်ရှိကုန်ဈေးနှုန်းများ မြင့်တက်နေရခြင်းမှာလည်း ထုတ် လုပ်မှုကုန်ကျစရိတ်များမြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

 

လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တွေ့ကြုံရသောကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် စားဝတ်နေရေးများ ပြေလည်စေရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သက်ဆိုင်ရာဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ ကဖြေရှင်းပေးလျက်ရှိကြောင်း ဆိုပါတယ်။

 

“စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်မှုများရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ဈေးကားများဖြင့် နေရာအနှံ့တွင် စားသောက်ကုန်များဖြန့်ဝေရောင်းချပေးသဖြင့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း များအတွက် အားရဖွယ်ရှိကြောင်း၊ ပြည်သူများ၏ စားရေးအဆင်ပြေရန်အတွက် ဆောင်ရွက်ပေးခြင်းပင်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေး ယခုထက်ပိုမို ဆောင်ရွက်ကြရန်အတွက် တိုက်တွန်းလိုကြောင်း၊ အလားတူ ထုတ်ကုန်ပစ္စည်းများ အားလျော့မသွားအောင် ဆောင်ရွက်ကြရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

 

စိုက်ပျိုးရေးလုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်ပါက စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်နိုင်ခြင်း ဖြင့် စားသောက်ရေးများ အဆင်ပြေပြီး ဝင်ငွေများ ကောင်းမွန်လာ၍ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း များတွင်လည်း များစွာအထောက်အကူပြုလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

#PeopleMedia #နစက #အခြေခံစားသောက်ကုန်

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 


 



Share this post