• Follow Us on

Home မြန်မာဘက်မှ ထိုင်းဘက်သို့ ခိုးဝင်သည့် ထိုင်းနိုင်ငံသား ၂ ယောက်ကို ထိုင်းအရာရှိများဖမ်းဆီး

မြန်မာဘက်မှ ထိုင်းဘက်သို့ ခိုးဝင်သည့် ထိုင်းနိုင်ငံသား ၂ ယောက်ကို ထိုင်းအရာရှိများဖမ်းဆီး

Share this post

ကန်ချာနာဘူရီ၊ ဒီဇင်ဘာ ၃၀

နရာသီဝတ်ခရိုင်မှ အမျိုးသား ၁ ယောက်နှင့် အမျိုးသမီး ၁ ယောက်က မြန်မာဘက်မှနယ်စပ်ခြံစည်းရိုးကို ကျော်တက်ပြီး ထိုင်းဘက်သို့ပြန်ဝင်နေချိန်တွင် ထိုင်းရဲ၊ စစ်သားနှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများ ပူးပေါင်း အဖွဲ့က အင်္ဂါနေ့ညတွင် ဖမ်းဆီးရမိခဲ့သည်။

အသက် ၂၉ နှစ်ရှိသူ ဆူရာဒတ်နှင့် ၂၃ နှစ်ရှိသူ အာဆူနင်း မာရူဒီ တို့ ၂ ယောက်စလုံးသည် နရာသီဝတ်ခရိုင်မှ ဖြစ်သည်။

တရားမဝင်ပစ္စည်းများသယ်ဆောင်ခဲ့ခြင်းမရှိဘဲ သူတို့ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေးအစီအမံများ ဆောင်ရွက်ပေးခဲ့ကြောင်း ကန်ချာနာဘူရီခရိုင်မှ လူဝင်မှုကြီးကြပ်ရေးဒုတိယစစ်ဆေးရေးမှူး ရဲမှူးကြီး ချော့ချိုင် တေချာရွန်ကပြောသည်။

သူတို့ ၂ ယောက်ကို ကူးစက်ရောဂါဆိုင်ရာဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတို့ဖြင့် အမှုဖွင့်ထားကြောင်းလည်း အသိပေးသည်။

ဒီဇင်ဘာ ၂၂ ရက်တွင် ထိုခြံစည်းရိုးမှကျော်ကာ ဘုရားသုံးဆူရှိမိတ်ဆွေများထံသွားရောက်ခဲ့ပြီးနောက် ထိုနေ ရာမှပင် ခြံစည်းရိုးကျော်တက်ကာ ပြန်ခဲ့ခြင်းဖြစ်ကြောင်း သူတို့ ၂ ယောက်ကဝန်ခံထားသည်။

ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာသဖြင့် နယ်စပ်ခိုးဝင်သူများမှတဆင့် ရောဂါကူးစက်မှု ထပ်တိုးမလာစေရန် နယ်စပ်လုံခြုံရေးအဆင့်မြှင့်တင်နေသည်။

ပြီးခဲ့သည့်ရက်များအတွင်း ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများ၊ တရားမဝင်လုပ်သားများ၌ ကူးစက်မှုများမြင့် တက်နေသည်။

ဗုဒ္ဓဟူးနေ့တွင်လည်း ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၂၅၀ ထပ်တိုးပြီး ၂၄၁ ယောက်မှာ ပြည်တွင်းကူးစက်မှု၊ ပြည်ပပြန် ၈ ယောက်နှင့် မြန်မာတရားမဝင်ရွှေ့ပြောင်းလုပ်သား ၁ ယောက်တို့ဖြစ်သည်။

Ref : Two Thais caught climbing border fence, returning from Myanmar

#PeopleMedia

(unicode)
…………………………………………….










Ref : Two Thais caught climbing border fence, returning from Myanmar

#PeopleMedia


Share this post