• Follow Us on

Home မြန်မာလူထုအတွက် NUG ရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် ပြောကြား

မြန်မာလူထုအတွက် NUG ရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် ပြောကြား

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၄ (People Media)

 

မြန်မာပြည်သူလူထုအတွက် NUG ရဲ့ စူးစိုက်ဆောင်ရွက်မှုတွေအတွက် အသိအမှတ်ပြုတဲ့အကြောင်းကို အတိုင် ပင်ခံက ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်ဟာ ဦးကျော်မိုးထွန်းနဲ့ ဒီကနေ့ နယူးယောက် မှာ တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံရဲ့ အမျိူးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သံရုံးက ဆိုပါတယ်။

 

အဲဒီလိုတွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်အသက်ဝင်ရေး က အရေးကြီးတဲ့အကြောင်း အလေးထားဆွေးနွေးခဲ့ကြသလို တိုင်းရင်းသားနဲ့ ဘာသာရေးအုပ်စုတွေအပါအဝင် လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးကို လေးစားတန်ဖိုးထားရေးတွေလ‌ည်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောဆိုထား ပါတယ်။

 

မြန်မာပြည်သူတွေ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရာမှာ အကူအညီပေးဖို့အတွက် ပူးပေါင်းဆောင် ရွက်ရေး ပိုမိုအားကောင်းအောင် လုပ်ဆောင်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း အမြင်ချင်းဖလှယ်ခဲ့ပြီး၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာနဲ့ ပြန်လည်ရောက်ရှိရေး လုပ်ဆောင်နေကြသူအားလုံး အတွက် အမေရိကန်ပြည်ထောင်စုရဲ့ မလျှော့သော အားပေးထောက်ခံမှုကို ထပ်လောင်းအတည်ပြုခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

 

#PeopleMedia #NUG

 

(unicode)


……………………………………………………………………..

 


 


 


 


 


 

#PeopleMedia #NUG


Share this post