• Follow Us on

Home မြန်မာအထွေထွေရွေးကောက်ပွဲရလဒ်ကိုလေးစားရန် ကုသလမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

မြန်မာအထွေထွေရွေးကောက်ပွဲရလဒ်ကိုလေးစားရန် ကုသလမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

Share this post

နယူးယောက်၊ ဇန်နဝါရီ ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မြန်မာနိုင်ငံ၏မကြာသေးမီကအခြေအနေသစ်များအပေါ် စိုးရိမ်တကြီးစောင့်ကြည့်နေပြီး သက်ဆိုင်ရာအဖွဲ့ အစည်းများအနေဖြင့် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပခဲ့သော မြန်မာ့အထွေထွေရွေးကောက်ပွဲရလဒ်ကို လေး စားကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် လှုံ့ဆော်မှုနှင့်ကျူးကျော်စော်ကားမှုပုံစံများကိုရပ်တန်းကရပ်ရန်၊ ခေါင်းဆောင်မှုကိုပြသရန်နှင့် ဒီမိုကရေစီစံနှုန်းများကိုလိုက်နာရန်အပြင် နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲရလဒ်ကိုလေးစားရန် အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းသည်။

မြန်မာနိုင်ငံသားများနှင့်အစိုးရတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ အားလုံးပါဝင်နိုင်သောရေရှည်ဖွံ့ဖြိုးတိုး တက်မှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ရပ်များ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုး ရေးလုပ်ငန်းစဉ်များအပေါ် ကုသသမဂ္ဂကထောက်ခံသည်ဟုလည်း အထွေထွေအတွင်းရေးမှူးချုပ်က ထပ်မံအတည်ပြုသည်။

ကုလသမဂ္ဂက အထွေထွေရွေးကောက်ပွဲရလဒ်ကိုလေးစားရန် တိုက်တွန်းချိန်တွင် အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲရန် တပ်မတော်က အင်အားသုံးခြိမ်းခြောက်ကြိုးစားမှုမှန်သမျှကို လက်ခံမည်မဟုတ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ နက်ဒ် ပရိုက်စ်က ဗွီအိုအေမြန်မာပိုင်းကို ဖြေကြားသည်။

နိုဝင်ဘာ ၈ ရက်အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်စဉ်များရှိနေကြောင်း တပ်မတော်ကစွပ်စွဲပြီး မဲမသမာမှုဖြစ်နိုင်သည့်စာရင်း ၁၀ သန်းကျော်ရှိကြောင်း တပ်မတော်ကထုတ်ပြန်ထားသည်။

သို့သော် ရွေးကောက်ပွဲကို ဥပဒေနှင့်အညီကျင်းပခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြာသ ပတေးနေ့တွင်ထုတ်ပြန်သည်။

Ref : Statement attributable to the Spokesperson for the Secretary-General – on Myanmar

#PeopleMedia

(unicode)
…………………………………………








Ref : Statement attributable to the Spokesperson for the Secretary-General – on Myanmar

#PeopleMedia


Share this post