• Follow Us on

Home ျမန္မာေ႐ြးေကာက္ပြဲၿပီးပါက ဘဂၤါလီမ်ားေနရပ္ျပန္ေရး အေမရိကန္က ထပ္မံညွိႏႈိင္းမည္

ျမန္မာေ႐ြးေကာက္ပြဲၿပီးပါက ဘဂၤါလီမ်ားေနရပ္ျပန္ေရး အေမရိကန္က ထပ္မံညွိႏႈိင္းမည္

Share this post

ဒါကာ၊ ေအာက္တိုဘာ ၁၅
 
ႏို၀င္ဘာ ၈ ရက္တြင္ ျမန္မာႏိုင္ငံ၌က်င္းပမည့္အေထြေထြေ႐ြးေကာက္ပြဲၿပီးပါက ျမန္မာႏိုင္ငံသုိ႔ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ား ေနရပ္ျပန္ေရးႏွင့္ ရခိုင္ျပည္နယ္တြင္ လူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈမ်ားအတြက္ အေမရိကန္ႏုိင္ငံက ျမန္မာႏိုင္ငံႏွင့္အသစ္တဖန္ျပန္လည္ညွိႏႈိင္းေပးမည္ဟု ဘဂၤလားေဒ့႐ွ္ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး ရွာရီယာ အာလမ္က ဗုဒၶဟူးေန႔တြင္ေျပာသည္။
 
“ဘဂၤါလီေတြေနရပ္ျပန္ေစခ်င္တယ္”ဟု အေမရိကန္ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး စတီဖင္ ဘီဂန္ႏွင့္ ဒါကာၿမိဳ႕တြင္ေတြ႔ဆံုမႈအၿပီး သတင္းေထာက္မ်ားကိုေျပာသည္။
 
“သူတို႔ဘက္က ပိတ္ဆို႔အေရးယူမႈတခ်ိဳ႕လုပ္ထားတယ္လို႔ အေမရိကန္ႏုိင္ငံျခားေရးဒုတိယ၀န္ႀကီးကေျပာ ပါတယ္။ အခုက ႏို၀င္ဘာ ၈ ရက္ဆိုရင္ ျမန္မာႏုိင္ငံမွာ အေထြေထြေ႐ြးေကာက္ပြဲ႐ွိတယ္။ အဲဒါၿပီးရင္ေတာ့ သူတို႔က ႐ိုဟင္ဂ်ာေတြေနရပ္ျပန္ေရးအတြက္ ေစ့စပ္ေပးပါလိမ့္မယ္”ဟုလည္း အာလမ္ကေျပာသည္။
 
အိမ္နီးခ်င္းႏိုင္ငံ ၂ ႏုိင္ငံအေနျဖင့္ ဘဂၤါလီအၾကပ္အတည္းကို ေရ႐ွည္တည္တံ့မည့္နည္းလမ္းတခုျဖင့္ ပိုမိုေစ့စပ္ညွိႏႈိင္းေရးေမွ်ာ္လင့္သည္ဟုလည္း ဘီဂန္ကေျပာသည္။
 
ဘီဂန္သည္ ဗုဒၶဟူးေန႔ေန႔လည္ပိုင္းတြင္ အိႏိၵယႏိုင္ငံမွဘဂၤလားေဒ့႐ွ္သို႔ ၃ ရက္ၾကာမည့္ခရီးစဥ္အေနျဖင့္ ေရာက္႐ွိလာျခင္းျဖစ္သည္။
 
ဘဂၤလားေဒ့႐ွ္-အေမရိကန္ ၂ ႏိုင္ငံၾကား ကုန္သြယ္ေရးႏွင့္ရင္းႏွီးျမွဳပ္ႏွံမႈအျပင္ အျခားကိစၥရပ္မ်ားလည္းေဆြး ေႏြးခဲ့သည္။
 
အေမရိကန္ကုမၸဏီမ်ား COVID-19 ကာကြယ္ေဆးထုတ္လုပ္ႏုိင္ပါက ဘဂၤလားေဒ့႐ွ္သည္ ဦးစားေပးႏိုင္ငံ တႏုိင္ငံျဖစ္ေၾကာင္းလည္း ဘီဂန္ကေျပာသည္။
 
Ref : Rohingya repatriation: US to engage anew after Myanmar polls in November
 
#PeopleMedia
 
(unicode)
မြန်မာရွေးကောက်ပွဲပြီးပါက ဘင်္ဂါလီများနေရပ်ပြန်ရေး အမေရိကန်က ထပ်မံညှိနှိုင်းမည်
……………………………………………………
 
ဒါကာ၊ အောက်တိုဘာ ၁၅
 
နိုဝင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံ၌ကျင်းပမည့်အထွေထွေရွေးကောက်ပွဲပြီးပါက မြန်မာနိုင်ငံသို့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ နေရပ်ပြန်ရေးနှင့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုး ဖောက်မှုများအတွက် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနှင့်အသစ်တဖန်ပြန်လည်ညှိနှိုင်းပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှာရီယာ အာလမ်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
 
“ဘင်္ဂါလီတွေနေရပ်ပြန်စေချင်တယ်”ဟု အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး စတီဖင် ဘီဂန်နှင့် ဒါကာမြို့တွင်တွေ့ဆုံမှုအပြီး သတင်းထောက်များကိုပြောသည်။
 
“သူတို့ဘက်က ပိတ်ဆို့အရေးယူမှုတချို့လုပ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဒုတိယဝန်ကြီးကပြော ပါတယ်။ အခုက နိုဝင်ဘာ ၈ ရက်ဆိုရင် မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲရှိတယ်။ အဲဒါပြီးရင်တော့ သူတို့က ရိုဟင်ဂျာတွေနေရပ်ပြန်ရေးအတွက် စေ့စပ်ပေးပါလိမ့်မယ်”ဟုလည်း အာလမ်ကပြောသည်။
 
အိမ်နီးချင်းနိုင်ငံ ၂ နိုင်ငံအနေဖြင့် ဘင်္ဂါလီအကြပ်အတည်းကို ရေရှည်တည်တံ့မည့်နည်းလမ်းတခုဖြင့် ပိုမိုစေ့စပ်ညှိနှိုင်းရေးမျှော်လင့်သည်ဟုလည်း ဘီဂန်ကပြောသည်။
 
ဘီဂန်သည် ဗုဒ္ဓဟူးနေ့နေ့လည်ပိုင်းတွင် အိန္ဒိယနိုင်ငံမှဘင်္ဂလားဒေ့ရှ်သို့ ၃ ရက်ကြာမည့်ခရီးစဉ်အနေဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
 
ဘင်္ဂလားဒေ့ရှ်-အမေရိကန် ၂ နိုင်ငံကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအပြင် အခြားကိစ္စရပ်များလည်းဆွေး နွေးခဲ့သည်။
 
အမေရိကန်ကုမ္ပဏီများ COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ပါက ဘင်္ဂလားဒေ့ရှ်သည် ဦးစားပေးနိုင်ငံ တနိုင်ငံဖြစ်ကြောင်းလည်း ဘီဂန်ကပြောသည်။
 
Ref : Rohingya repatriation: US to engage anew after Myanmar polls in November
 
#PeopleMedia

Share this post