• Follow Us on

Home ျမန္မာ့တပ္မေတာ္သည္ ႐ုိင္း႐ုိင္းစုိင္းစုိင္း တပ္မေတာ္မဟုတ္ေၾကာင္း စစ္ဥပေဒခ်ဳပ္ (ၿငိမ္း) ေျပာဆုိ

ျမန္မာ့တပ္မေတာ္သည္ ႐ုိင္း႐ုိင္းစုိင္းစုိင္း တပ္မေတာ္မဟုတ္ေၾကာင္း စစ္ဥပေဒခ်ဳပ္ (ၿငိမ္း) ေျပာဆုိ

Share this post

“တစ္ဦးတစ္ေယာက္ထဲ သြားတဲ့အခါက်ေတာ့ တုိင္ပင္ေဖာ္တုိင္ပင္ဖက္မရွိသလုိ ဟုိမွာဘာေတြေမးသလဲ၊ ဟုိမွာ ဘာေတြေျဖသလဲဆုိတာ အဲ့ဒီက်န္တဲ့လူေတြရဲ႕ သံသယ၊ ႏုိင္ငံေတာ္ရဲ႕ သံသယ၊ အျဖစ္ခံရလိမ့္မယ္” ဦးစုိးေမာင္(စစ္ဥပေဒခ်ဳပ္ – ၿငိမ္း)

အျပည္ျပည္ဆုိင္ရာတရား႐ုံး(ICJ)တြင္ အစၥလာမၼစ္ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ (OIC) ကုိယ္စား ဂမ္ဘီယာ ႏုိင္ငံမွ ျမန္မာႏုိင္ငံကုိ တရားစြဲဆုိခဲ့သည္။ အဆုိပါ တရားစြဲခံရမႈအေပၚ ႏုိင္ငံေတာ္၏ အက်ဳိးစီးပြားကာကြယ္ရန္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကုိယ္တုိင္ ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း ႏုိင္ငံေတာ္သမၼတ႐ုံးမွ သတင္းထုတ္ျပန္ခဲ့သည္။

ရခုိင္ျပည္နယ္ေျမာက္ပုိင္းေဒသမ်ား၌ ဘဂၤလီမ်ားကုိ လူမ်ဳိးုတုန္းသတ္ျဖတ္မႈမ်ားက်ဴးလြန္ေၾကာင္း စသည့့္ျဖင့္ ဂမ္ဘီယာႏုိင္ငံမွ ျမန္မာႏုိင္ငံကုိ တရားစြဲဆုိခဲ့ျခင္းျဖစ္သည္။ ဂမ္ဘီယာႏုိင္ငံသည္ အာဖရိကတုိက္ရွိ ႏုိင္ငံငယ္ တစ္ခုျဖစ္ၿပီး လူဦးေရ သိန္း(၂၀)ခန္႔ ေနထုိင္ေသာ ႏုိင္ငံျဖစ္သည္။

အဆုိပါႏုိင္ငံ၌ ႏုိင္ငံ၏ ၉၀ ရာခုိင္ႏႈန္းေက်ာ္သည္ အစၥလာမ္ဘာသာဝင္မ်ား ျဖစ္ၾကသည္။ ICJ ၌ ျမန္မာႏုိင္ငံ တရားစြဲဆုိခံရမႈအေပၚ ဥပေဒအရ ျပန္လည္တုန္႔ျပန္မည့္ကိစၥရပ္မ်ားအား People Media မွ ဦးစုိးေမာင္ႏွင့္ ေတြ႕ဆုံေမးျမန္းခဲ့သည္။

ဦးစုိးေမာင္သည္ တပ္မေတာ္၌ စစ္ဥပေဒခ်ဳပ္(ၿငိမ္း)၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးတာဝန္အထိ ထမ္းေဆာင္ခဲ့ၿပီးေနာက္ ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္အစုိးရလက္ထက္၌ ဦးစုိးေမာင္သည္ သမၼတ႐ုံးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့သည္။

လက္ရွိအခ်ိန္၌ အမ်ဳိးသားႏုိင္ငံေရးဒီမုိကရက္တစ္ပါတီကုိ တည္ေထာင္ခဲ့ၿပီး ၂၀၂၀ ေရြးေကာက္ပြဲ၌ တုိင္းေဒသ ႀကီးမ်ားႏွင့္ ျပည္နယ္အခ်ဳိ႕၌ ဝင္ေရာက္ေရြးခ်ယ္ခံသြားမည္ျဖစ္သည္။

ဒုတိယပုိင္း ဆက္လက္ေဖာ္ျပမည္ …

#PeopleMedia #Political

(Unicode)
မြန်မာ့တပ်မတော်သည် ရိုင်းရိုင်းစိုင်းစိုင်း တပ်မတော်မဟုတ်ကြောင်း စစ်ဥပဒေချုပ် (ငြိမ်း) ပြောဆို
……………………………………………………………………………

“တစ်ဦးတစ်ယောက်ထဲ သွားတဲ့အခါကျတော့ တိုင်ပင်ဖော်တိုင်ပင်ဖက်မရှိသလို ဟိုမှာဘာတွေမေးသလဲ၊ ဟိုမှာ ဘာတွေဖြေသလဲဆိုတာ အဲ့ဒီကျန်တဲ့လူတွေရဲ့ သံသယ၊ နိုင်ငံတော်ရဲ့ သံသယ၊ အဖြစ်ခံရလိမ့်မယ်” ဦးစိုးမောင်(စစ်ဥပဒေချုပ် – ငြိမ်း)

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာ နိုင်ငံမှ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့သည်။ အဆိုပါ တရားစွဲခံရမှုအပေါ် နိုင်ငံတော်၏ အကျိုးစီးပွားကာကွယ်ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ၌ ဘင်္ဂလီများကို လူမျိုးုတုန်းသတ်ဖြတ်မှုများကျူးလွန်ကြောင်း စသည့်ဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဂမ်ဘီယာနိုင်ငံသည် အာဖရိကတိုက်ရှိ နိုင်ငံငယ် တစ်ခုဖြစ်ပြီး လူဦးရေ သိန်း(၂၀)ခန့် နေထိုင်သော နိုင်ငံဖြစ်သည်။

အဆိုပါနိုင်ငံ၌ နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ ICJ ၌ မြန်မာနိုင်ငံ တရားစွဲဆိုခံရမှုအပေါ် ဥပဒေအရ ပြန်လည်တုန့်ပြန်မည့်ကိစ္စရပ်များအား People Media မှ ဦးစိုးမောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

ဦးစိုးမောင်သည် တပ်မတော်၌ စစ်ဥပဒေချုပ်(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီးတာဝန်အထိ ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်၌ ဦးစိုးမောင်သည် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

လက်ရှိအချိန်၌ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းဒေသ ကြီးများနှင့် ပြည်နယ်အချို့၌ ဝင်ရောက်ရွေးချယ်ခံသွားမည်ဖြစ်သည်။

ဒုတိယပိုင်း ဆက်လက်ဖော်ပြမည် …

#PeopleMedia #Political


Share this post
https://www.facebook.com/1120229281493723/videos/2151694878470755/