• Follow Us on

Home ျမန္မာႏိုင္ငံမွလာသည္ဆိုေသာ ယာဘစိတ္ႂကြေဆးမ်ားကို ဘဂၤလားေဒ့႐ွ္ေလဆိပ္မ်ားမွတဆင့္ ေမွာင္ခိုပို႔ေဆာင္ေန

ျမန္မာႏိုင္ငံမွလာသည္ဆိုေသာ ယာဘစိတ္ႂကြေဆးမ်ားကို ဘဂၤလားေဒ့႐ွ္ေလဆိပ္မ်ားမွတဆင့္ ေမွာင္ခိုပို႔ေဆာင္ေန

Share this post

ဒါကာ၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ၿပီးခဲ့သည့္ ၂ ႏွစ္အတြင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံ႐ွိေလဆိပ္မ်ားမွတဆင့္ ယာဘစိတ္ႂကြေဆးမ်ားကို လစဥ္ ၄ ႀကိမ္မွ ၅ ႀကိမ္အထိ ေမွာင္ခိုပို႔ေဆာင္ေနသည္။

လက္ခံရ႐ွိသူအမ်ားစုသည္ ေတာင္အာ႐ွႏိုင္ငံမ်ား၊ အေ႐ွ႕အလယ္ပိုင္းႏိုင္ငံမ်ားႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔မွျဖစ္ေၾကာင္း မူးယစ္ေဆးတိုက္ဖ်က္ေရးအရာ႐ွိမ်ားႏွင့္ တရားဥပေဒစိုးမိုးေရးအရာ႐ွိမ်ားကေျပာသည္။

ျမန္မာႏိုင္ငံမွသယ္လာသည့္ေဆးျပားမ်ားကို ပို႔ေဆာင္ေပးေနျခင္းျဖစ္သည္ဟုလည္း ေမွာင္ခိုကူးသူမ်ားကိုစံုစမ္းစစ္ေဆး ခဲ့သည့္အရာ႐ွိမ်ားကေျပာသည္။

ေလဆိပ္မ်ားတြင္ ၃ ဖက္ျမင္႐ုပ္ႂကြစကန္နာမ်ားမ႐ွိသျဖင့္ မူးယစ္ဂိုဏ္းမ်ားက ေထာက္လွမ္းဖမ္းမိျခင္းမ႐ွိဘဲ ႏိုင္ငံျခားသို႔ အလြယ္တကူပို႔ေဆာင္ႏိုင္ျခင္းျဖစ္သည္။

ေရာက္႐ွိသည့္ႏိုင္ငံမ်ားတြင္လည္း ပို႔ေဆာင္သည့္ကုမၸဏီမ်ား၏၀န္ထမ္းမ်ား သို႔မဟုတ္ ေလဆိပ္၀န္ထမ္းမ်ားက ထိုအထုပ္မ်ားကို လာေရာက္ယူေဆာင္သြားသည္ဟု မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးႏွင့္ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းတိုက္ဖ်က္ေရးရဲတပ္ဖြဲ႕တို႔၏ ေတြ႕ ႐ွိခ်က္မ်ားအရသိရသည္။

ဇြန္ ၁ ရက္မွာ ႏို၀င္ဘာ ၃၀ ရက္အတြင္း ဖမ္းမိမႈ ၁၄ ႀကိမ္႐ွိၿပီး ယာဘေဆးျပား ၂၁၆၁၄ ျပားဖမ္းဆီးရမိခဲ့သည္။

Ref : Airports being used to smuggle out yaba

#PeopleMedia

(unicode)
မြန်မာနိုင်ငံမှလာသည်ဆိုသော ယာဘစိတ်ကြွဆေးများကို ဘင်္ဂလားဒေ့ရှ်လေဆိပ်များမှတဆင့် မှောင်ခိုပို့ဆောင်နေ
……………………………………………….

ဒါကာ၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပြီးခဲ့သည့် ၂ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိလေဆိပ်များမှတဆင့် ယာဘစိတ်ကြွဆေးများကို လစဉ် ၄ ကြိမ်မှ ၅ ကြိမ်အထိ မှောင်ခိုပို့ဆောင်နေသည်။

လက်ခံရရှိသူအများစုသည် တောင်အာရှနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့မှဖြစ်ကြောင်း မူးယစ်ဆေးတိုက်ဖျက်ရေးအရာရှိများနှင့် တရားဥပဒေစိုးမိုးရေးအရာရှိများကပြောသည်။

မြန်မာနိုင်ငံမှသယ်လာသည့်ဆေးပြားများကို ပို့ဆောင်ပေးနေခြင်းဖြစ်သည်ဟုလည်း မှောင်ခိုကူးသူများကိုစုံစမ်းစစ်ဆေး ခဲ့သည့်အရာရှိများကပြောသည်။

လေဆိပ်များတွင် ၃ ဖက်မြင်ရုပ်ကြွစကန်နာများမရှိသဖြင့် မူးယစ်ဂိုဏ်းများက ထောက်လှမ်းဖမ်းမိခြင်းမရှိဘဲ နိုင်ငံခြားသို့ အလွယ်တကူပို့ဆောင်နိုင်ခြင်းဖြစ်သည်။

ရောက်ရှိသည့်နိုင်ငံများတွင်လည်း ပို့ဆောင်သည့်ကုမ္ပဏီများ၏ဝန်ထမ်းများ သို့မဟုတ် လေဆိပ်ဝန်ထမ်းများက ထိုအထုပ်များကို လာရောက်ယူဆောင်သွားသည်ဟု မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးရဲတပ်ဖွဲ့တို့၏ တွေ့ ရှိချက်များအရသိရသည်။

ဇွန် ၁ ရက်မှာ နိုဝင်ဘာ ၃၀ ရက်အတွင်း ဖမ်းမိမှု ၁၄ ကြိမ်ရှိပြီး ယာဘဆေးပြား ၂၁၆၁၄ ပြားဖမ်းဆီးရမိခဲ့သည်။

Ref : Airports being used to smuggle out yaba

#PeopleMedia


Share this post