• Follow Us on

Home ျမန္မာႏိုင္ငံမွ ထိုင္းသို႔ တရားမ၀င္ျပန္သူမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၀ ေယာက္႐ွိေန

ျမန္မာႏိုင္ငံမွ ထိုင္းသို႔ တရားမ၀င္ျပန္သူမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၀ ေယာက္႐ွိေန

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၃

ျမန္မာႏိုင္ငံ႐ွိေဖ်ာ္ေျဖေရးခန္းမတခုမွျပန္လာၿပီးေနာက္ ဘန္ေကာက္ၿမိဳ႕ခံတေယာက္အပါအ၀င္ ထိုင္းႏိုင္ငံသား ၆ ေယာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း ထိုင္းျပည္သူ႔က်န္းမာေရး၀န္ႀကီးဌာနက ဗုဒၶဟူးေန႔ တြင္ထုတ္ျပန္သည္။

တာခ်ီလိတ္ၿမိဳ႕႐ွိ 1G1 ဟိုတယ္ေဖ်ာ္ေျဖေရးခန္းမသို႔ေရာက္ခဲ့သူ ၄ ေယာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ ေၾကာင္း ယခင္ကအတည္ျပဳထားသျဖင့္ လက္႐ွိတြင္ ထိုေနရာသို႔သြားေရာက္ခဲ့သူ ၁၀ ေယာက္တြင္ ကူးစက္ခံရေၾကာင္းအတည္ျပဳထားသည္။

ထပ္တိုးသူ ၆ ေယာက္တြင္ ၁ ေယာက္သည္ ဘန္ေကာက္ၿမိဳ႕မွျဖစ္ၿပီး ဖေယာင္ခ႐ိုင္မွ ၁ ေယာက္၊ ဖီခ်စ္ခ႐ိုင္မွ ၁ ေယာက္၊ ရတ္ခ်ာဘူရီခ႐ိုင္မွ ၁ ေယာက္ႏွင့္ ခ်င္း႐ိုင္ခ႐ိုင္မွ ၂ ေယာက္ တို႔ျဖစ္သည္။

ထပ္တိုး ၆ ေယာက္စလံုး အမ်ိဳးသမီးမ်ားျဖစ္ၿပီး အသက္ ၂၁ ႏွစ္မွ ၃၆ ႏွစ္အတြင္း႐ွိသူမ်ားျဖစ္သည္။

တာခ်ီလိတ္မွတဆင့္ ခ်င္းမိုင္သို႔တရားမ၀င္ခိုး၀င္ခဲ့သူမ်ားလည္းျဖစ္သည္။ ခ်င္းမိုင္ႏွင့္ခ်င္း႐ိုင္အပါအ၀င္ ျမန္မာ-ထိုင္းနယ္စပ္တြင္ လံုၿခံဳေရးအဆင့္ႁမွင့္တင္ရန္ ထိုင္း၀န္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္အိုခ်ာက အမိန္႔ထုတ္ထားသည္။

ထိုင္းႏိုင္ငံသို႔တရားမ၀င္၀င္ေရာက္လာသူမ်ားကို မႈခင္းျပစ္မႈမ်ားျဖင့္အမႈဖြင့္သြားမည္ဟု ထိုင္းျပည္သူ႔က်န္းမာ ေရး၀န္ႀကီးကေျပာသည္။

Ref : ‘ Six more linked to Myanmar hotspot

#PeopleMedia

(unicode)
မြန်မာနိုင်ငံမှ ထိုင်းသို့ တရားမဝင်ပြန်သူများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ယောက်ရှိနေ
………………………………………………………

ဘန်ကောက်၊ ဒီဇင်ဘာ ၃

မြန်မာနိုင်ငံရှိဖျော်ဖြေရေးခန်းမတခုမှပြန်လာပြီးနောက် ဘန်ကောက်မြို့ခံတယောက်အပါအဝင် ထိုင်းနိုင်ငံသား ၆ ယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ တွင်ထုတ်ပြန်သည်။

တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်ဖျော်ဖြေရေးခန်းမသို့ရောက်ခဲ့သူ ၄ ယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ကြောင်း ယခင်ကအတည်ပြုထားသဖြင့် လက်ရှိတွင် ထိုနေရာသို့သွားရောက်ခဲ့သူ ၁၀ ယောက်တွင် ကူးစက်ခံရကြောင်းအတည်ပြုထားသည်။

ထပ်တိုးသူ ၆ ယောက်တွင် ၁ ယောက်သည် ဘန်ကောက်မြို့မှဖြစ်ပြီး ဖယောင်ခရိုင်မှ ၁ ယောက်၊ ဖီချစ်ခရိုင်မှ ၁ ယောက်၊ ရတ်ချာဘူရီခရိုင်မှ ၁ ယောက်နှင့် ချင်းရိုင်ခရိုင်မှ ၂ ယောက် တို့ဖြစ်သည်။

ထပ်တိုး ၆ ယောက်စလုံး အမျိုးသမီးများဖြစ်ပြီး အသက် ၂၁ နှစ်မှ ၃၆ နှစ်အတွင်းရှိသူများဖြစ်သည်။

တာချီလိတ်မှတဆင့် ချင်းမိုင်သို့တရားမဝင်ခိုးဝင်ခဲ့သူများလည်းဖြစ်သည်။ ချင်းမိုင်နှင့်ချင်းရိုင်အပါအဝင် မြန်မာ-ထိုင်းနယ်စပ်တွင် လုံခြုံရေးအဆင့်မြှင့်တင်ရန် ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက အမိန့်ထုတ်ထားသည်။

ထိုင်းနိုင်ငံသို့တရားမဝင်ဝင်ရောက်လာသူများကို မှုခင်းပြစ်မှုများဖြင့်အမှုဖွင့်သွားမည်ဟု ထိုင်းပြည်သူ့ကျန်းမာ ရေးဝန်ကြီးကပြောသည်။

Ref : ‘ Six more linked to Myanmar hotspot

#PeopleMedia


Share this post