• Follow Us on

Home ျမန္မာႏိုင္ငံသို႔ ဘဂၤါလီမ်ား ေစာစီးစြာေနရပ္ျပန္ေရး ဆက္သြယ္ေဆာင္႐ြက္မည္ဟု ဂ်ပန္ကတိျပဳ

ျမန္မာႏိုင္ငံသို႔ ဘဂၤါလီမ်ား ေစာစီးစြာေနရပ္ျပန္ေရး ဆက္သြယ္ေဆာင္႐ြက္မည္ဟု ဂ်ပန္ကတိျပဳ

Share this post

ဒါကာ၊ ႏို၀င္ဘာ ၁၇

ရခိုင္ျပည္နယ္သို႔ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားေစာစီးစြာေနရပ္ျပန္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံဆက္သြယ္ေဆာင္႐ြက္မည္ဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာဂ်ပန္သံအမတ္ႀကီး အီတို နာအိုကီကေျပာသည္။

အေမရိကန္၊ ဥေရာပႏွင့္ အာဆီယံႏိုင္ငံမ်ားကဲ့သို႔ႏိုင္ငံတကာအသိုက္အ၀န္းႏွင့္ပူးေပါင္းေဆာင္႐ြက္ရန္ႏွင့္ ယံုၾကည္မႈတည္ေဆာက္ျခင္းကို ေနာက္တဆင့္အေနႏွင့္စတင္ရန္ အေရးႀကီးေၾကာင္းလည္းေျပာသည္။

ဘဂၤါလီ ၁.၁ သန္းေက်ာ္ေနရပ္မျပန္ပါႏိုင္ဘဲ ဘဂၤလားေဒ့႐ွ္ႏိုင္ငံတြင္ဆက္႐ွိေနပါက ေဒသတြင္းႏွင့္ ႏိုင္ငံတကာလံုၿခံဳေရး ထိခိုက္ပ်က္စီးႏိုင္သည္ဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး အဗၺဒူ မိုမန္ကေျပာသည္။

၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာႏွင့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္တို႔တြင္ ေနရပ္ျပန္ေရးလုပ္ငန္းစဥ္ ၂ ခုသည္ ျမန္မာ အစိုးရအေပၚယံုၾကည္မႈမ႐ွိသျဖင့္ ပ်က္စီးခဲ့သည္။

၂၀၁၇ ခုႏွစ္၊ ႏို၀င္ဘာ ၂၃ ရက္တြင္ ျမန္မာႏွင့္ဘဂၤလားေဒ့႐ွ္တို႔ ေနရပ္ျပန္ေရးသေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့သည္။

၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီ ၁၆ ရက္တြင္ ေနရပ္ျပန္ေရးအခြင့္အေရးမ်ားဖန္တီးေပးမည့္ ႐ုပ္ပိုင္းဆိုင္ရာသေဘာ တူညီခ်က္ကို ႏွစ္ႏိုင္ငံလက္မွတ္ေရးထိုးခဲ့သည္။

Ref : Japan to work for early Rohingya repatriation communicating with Myanmar

#PeopleMedia

(unicode)
မြန်မာနိုင်ငံသို့ ဘင်္ဂါလီများ စောစီးစွာနေရပ်ပြန်ရေး ဆက်သွယ်ဆောင်ရွက်မည်ဟု ဂျပန်ကတိပြု
…………………………………………………

ဒါကာ၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ်သို့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များစောစီးစွာနေရပ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံဆက်သွယ်ဆောင်ရွက်မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး အီတို နာအိုကီကပြောသည်။

အမေရိကန်၊ ဥရောပနှင့် အာဆီယံနိုင်ငံများကဲ့သို့နိုင်ငံတကာအသိုက်အဝန်းနှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့် ယုံကြည်မှုတည်ဆောက်ခြင်းကို နောက်တဆင့်အနေနှင့်စတင်ရန် အရေးကြီးကြောင်းလည်းပြောသည်။

ဘင်္ဂါလီ ၁.၁ သန်းကျော်နေရပ်မပြန်ပါနိုင်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ဆက်ရှိနေပါက ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေး ထိခိုက်ပျက်စီးနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်ကပြောသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာနှင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်တို့တွင် နေရပ်ပြန်ရေးလုပ်ငန်းစဉ် ၂ ခုသည် မြန်မာ အစိုးရအပေါ်ယုံကြည်မှုမရှိသဖြင့် ပျက်စီးခဲ့သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ နေရပ်ပြန်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် နေရပ်ပြန်ရေးအခွင့်အရေးများဖန်တီးပေးမည့် ရုပ်ပိုင်းဆိုင်ရာသဘော တူညီချက်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သည်။

Ref : Japan to work for early Rohingya repatriation communicating with Myanmar

#PeopleMedia


Share this post