• Follow Us on

Home မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လတ်တလောတွင် အလွန်ပြင်းထန်သည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးထုတ်ပြန်

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လတ်တလောတွင် အလွန်ပြင်းထန်သည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးထုတ်ပြန်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၅ (People Media)

 

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လတ်တလောတွင် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ဇန်နဝါရီ ၂၄ ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။

 

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ဇန်နဝါရီလ ၂၄ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့အဖြစ် သတ်မှတ်ထားကြောင်း၊ ပညာရေးသည် ဖွံ့ဖြိုးတိုးတက်မှု၊ ပြည့်စုံကြွယ်ဝမှုနှင့် ကျန်းမာရေးအတွက်ပင် အခြေခံ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လက်တလောတွင် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ထားသည်။

 

ဂျာမနီသည် မြန်မာပြည်သူများကို ထောက်ပံ့ပေးရန်အတွက် အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာရေးကဏ္ဍများအပေါ် အစဉ်အဆက် အလေးပေးခဲ့ပြီး၊ ဆက်လက်ထောက်ပံ့သွားရန်လည်း ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

German Academic Exchange Service (DAAD) သည် မြန်မာကျောင်းသားကျောင်းသူများ၊ ဆရာဆရာမ များနှင့် သိပ္ပံပညာရှင်များကို ပံ့ပိုးပေးရန် ရေရှည်ခိုင်မာသည့် ကတိကဝတ်ထားရှိကြောင်း ထုတ်ပြန်ထားသည်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ်အချို့အတွင်း ပညရေးဝန်ထမ်းများ လုပ်ကြံသတ်ဖြတ်ခံနေရသလို အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ဧရာယာများ၌ နိုင်ငံရေးအင်အားစုအချို့က မိုင်းထောင်၊ မိုင်းခွဲခြင်းများ ပြုလုပ်လျက်ရှိနေသည်။

 

Photo – မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံး

 

#PeopleMedia #ပညာရေး #မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံး

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 



Share this post