• Follow Us on

Home ျမန္မာႏုိင္ငံကုိ စုံစမ္းစစ္ေဆးရန္ ႏုိင္ငံတကာရာဇ၀တ္ခုံ႐ုံး ICC အတည္ျပဳ

ျမန္မာႏုိင္ငံကုိ စုံစမ္းစစ္ေဆးရန္ ႏုိင္ငံတကာရာဇ၀တ္ခုံ႐ုံး ICC အတည္ျပဳ

Share this post

ဘဂၤ ါလီဒုကၡသည္မ်ားအေပၚ ရာဇ၀တ္မႈမ်ားက်ဴးလြန္ခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ ျမန္မာႏုိင္ငံကို အလံုးစံု စံုစမ္း စစ္ေဆးဖို႔ ႏုိင္ငံတကာရာဇ၀တ္ခံု႐ုံး (ICC) က ႏို၀င္ဘာ ၁၄ ရက္ေန႔မွာ အတည္ျပဳလိုက္ပါတယ္။

၂၀၀၂ ခုႏွစ္က တည္ေထာင္ခဲ့တဲ့ နယ္သာလန္ႏုိင္ငံ၊ သည္ဟိတ္ၿမိဳ႕အေျခစိုက္ ႏိုင္ငံတကာရာဇ၀တ္ခံု႐ုံး ICC က အစိုးရေရွ႕ေနေတြကို ျမန္မာႏုိင္ငံနဲ႔ သက္ဆိုင္ေနတဲ့ ရာဇ၀တ္မႈေတြအေပၚ ICC တရားစီရင္ထံုးေအာက္က စံုစမ္းစစ္ေဆးခြင့္ျပဳထားၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။

ျမန္မာႏုိင္ငံဟာ ICC မွာ လက္မွတ္ထိုးထားျခင္းမရွိေပမယ့္ ဒုကၡသည္ေတြေရာက္ရွိေနတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဟာ ICC အဖြဲ႕၀င္ႏိုင္ငံျဖစ္တာေၾကာင့္ ဘဂၤ ါဒုကၡသည္အေပၚက်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြအေပၚ တရားစီရင္ သြားမယ္လို႔ ၿပီးခဲ့တဲ့ႏွစ္မွာ ICC ကဆံုးျဖတ္ထားပါတယ္။

ျမန္မာႏုိင္ငံကေတာ့ ဘဂၤ ါလီေတြကို လူမ်ိဳးတံုးသတ္ျဖတ္မႈက်ဴးလြန္ခဲ့တယ္လို႔ စြပ္စြဲခ်က္ေတြကို ျငင္းဆိုိထားပါ တယ္။

Ref; AFP

#PeopleMedia #International

(Unicode)
မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အတည်ပြု
………………………………………………………

ဘင်္ဂါလီဒုက္ခသည်များအပေါ် ရာဇဝတ်မှုများကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံကို အလုံးစုံ စုံစမ်း စစ်ဆေးဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က နိုဝင်ဘာ ၁၄ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

၂၀၀၂ ခုနှစ်က တည်ထောင်ခဲ့တဲ့ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က အစိုးရရှေ့နေတွေကို မြန်မာနိုင်ငံနဲ့ သက်ဆိုင်နေတဲ့ ရာဇဝတ်မှုတွေအပေါ် ICC တရားစီရင်ထုံးအောက်က စုံစမ်းစစ်ဆေးခွင့်ပြုထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ICC မှာ လက်မှတ်ထိုးထားခြင်းမရှိပေမယ့် ဒုက္ခသည်တွေရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ဘင်္ဂါဒုက္ခသည်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပေါ် တရားစီရင် သွားမယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ICC ကဆုံးဖြတ်ထားပါတယ်။

မြန်မာနိုင်ငံကတော့ ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါ တယ်။

Ref; AFP

#PeopleMedia #International


Share this post