• Follow Us on

Home မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း၌ ဆန်ဖြူတန်ချိန် (၁၀၀,၀၀၀) နှင့် ပေါင်း ဆန်တန်ချိန် (၅၀,၀၀၀) တင်ပို့ရောင်းချနိုင်ရေး နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆို

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း၌ ဆန်ဖြူတန်ချိန် (၁၀၀,၀၀၀) နှင့် ပေါင်း ဆန်တန်ချိန် (၅၀,၀၀၀) တင်ပို့ရောင်းချနိုင်ရေး နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆို

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၈ (People Media)

 

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ G to G အစီအစဉ်ဖြင့် နှစ်စဉ်ဆန်ဖြူတန်ချိန် (၁၀၀,၀၀၀) နှင့် ပေါင်းဆန် တန်ချိန် (၅၀,၀၀၀) တို့ကို ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်အတွင်း၌ ရောင်းချနိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူ စာချုပ် (Bilateral Agreement) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် သီရိလင်္ကာဆိုရှယ်လစ် ဒီမိုကရက်တစ်နိုင်ငံတို့ အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် အစိုးရများအကြား G to G စနစ်ဖြင့် လယ်ယာထွက် ကုန်ကဏ္ဍမှ ဆန်အပါအဝင် အခြားကုန်စည်များ တိုးမြှင့်ရောင်းချသွားနိုင်ရေး ကနဦး ဆောင်ရွက်ချက်အဖြစ် ချုပ်ဆိုခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား အကျိုးအမြတ်ရှိနိုင်သည့် ခရီးသွားလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကို ဆောက်ရွက်နိုင်ရန်အတွက်လည်း ဖိတ်ခေါ်ပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရန်အတွက် အမြဲကြိုဆိုလျက်ရှိကြောင်း ပြောကြားသည်။

 

ယင်းနောက် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးက မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့သည် ၁၉၄၉ ခုနှစ်မှ စတင်၍ သံတမန်ဆက်ဆံမှု စတင်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကအစား အစာဖြစ်သော ဆန်ကို ယခုလို G to G အစီအစဉ်ဖြင့် ရောင်းချပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ရှေ့ဆက်၍ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာ-သီရိလင်္ကာ ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်အား မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ချုပ်နှင့် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ တွဲဘက်အတွင်းဝန်တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး အဆို ပါသဘောတူစာချုပ်အရ ဆန်ရောင်းဝယ်မှုကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် သီရိလင်္ကာနိုင်ငံ Sri Lanka State Trading (General) Corporation တို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia # သီရိလင်္ကာနိုင်ငံ

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post