• Follow Us on

Home ျမန္မာႏုိင္ငံသည္ မဟာဗ်ဴဟာေျမာက္ ၿပိဳင္ဘက္ႏုိင္ငံႀကီးမ်ားျဖစ္သည့္ တ႐ုတ္ႏွင့္ အေမရိကန္ႏုိင္ငံ၏ ကစား ကြင္းျဖစ္မသြားရန္ ရုရွားႏုိင္ငံက ျမန္မာကုိ သတိေပး

ျမန္မာႏုိင္ငံသည္ မဟာဗ်ဴဟာေျမာက္ ၿပိဳင္ဘက္ႏုိင္ငံႀကီးမ်ားျဖစ္သည့္ တ႐ုတ္ႏွင့္ အေမရိကန္ႏုိင္ငံ၏ ကစား ကြင္းျဖစ္မသြားရန္ ရုရွားႏုိင္ငံက ျမန္မာကုိ သတိေပး

Share this post

 

(၁၁၈) ႀကိမ္ေျမာက္ထုတ္ေဝသည့္ ရုရွားႏုိင္ငံ၏ ႏုိင္ငံေရးစာေစာင္တစ္ခုျဖစ္သည့္ Politics Magazine တြင္ ရုရွား-ျမန္မာခ်စ္ၾကည္ေရးအသင္းဥကၠ႒ Mr. Mikhail Dmitriev ေရးသားသည့္ “ေတာင့္တင္းခုိင္မာေသာ တပ္မေတာ္သည္ အမိေျမၿငိမ္းခ်မ္းသာယာေရး၏ အာမခံခ်က္ျဖစ္သည္” ေခါင္းစဥ္ပါ ျပည္ေထာင္စုသမၼတ ျမန္မာႏုိင္ငံေတာ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္အေၾကာင္း ေရးသားထား သည့္ေဆာင္းပါးကုိ People Media က ျပန္လည္ေဖာ္ျပေပးလုိက္သည္။

(၁၁၇)ႀကိမ္ေျမာက္ထုတ္ေဝခဲ့ေသာ Politics Magazine တြင္ ေရးသားေဖာ္ျပခဲ့ေသာ ေဆာင္းပါးတစ္ပုဒ္ျဖစ္ သည့္ “တပ္မေတာ္သည္ နိုင္ငံတစ္နိုင္ငံ၏ အခ်ဳပ္အျခာအာဏာတည္ၿမဲေရးႏွင့္ ၿငိမ္းခ်မ္းေရးတို႔အတြက္ အာ မခံခ်က္ျဖစ္သည္” ေခါင္းစဥ္ပါေဆာင္းပါးကို မိမိအေနျဖင့္ အမွတ္ရေနမိပါသည္။ ထိုေဆာင္းပါးသည္ Politics Magazine ၏ လုပ္ငန္းဦးေဆာင္သူတစ္ဦးျဖစ္သည့္ Mrs. Takyiana Grozmani ႏွင့္ ျပည္ေထာင္စု သမၼတ ျမန္မာနိုင္ငံေတာ္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္တို႔၏ ေတြ႕ဆုံေမးျမန္း မႈမွတ္တမ္းကို ေလးေလးနက္နက္ ျပန္လည္ေရးသား ေဖာ္ျပခဲ့ျခင္းျဖစ္ပါသည္။ ေဆြးေႏြးမႈအခ်က္အလက္မ်ား သည္ လြန္စြာ စိတ္ဝင္စားဖြယ္ေကာင္းၿပီး ျမန္မာနိုင္ငံတြင္ ယေန႔ေခတ္ျဖစ္ေပၚေနေသာ နိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးအေျခအေနတို႔ကို ထဲထဲဝင္ဝင္ ေလ့လာမွတ္သားခြင့္ ရရွိ႐ုံသာမက ျဖစ္ေပၚလာခဲ့ရသည့္ သမိုင္း ေၾကာင္းေနာက္ခံမ်ားႏွင့္ အမ်ိဳးသားေရးစိတ္ဓာတ္ႏွင့္ ခံယူခ်က္တို႔ကိုပါ အတြင္းက်က် ျမင္ေတြ႕ခြင့္ရရွိခဲ့ ပါသည္။ ထိုေဆာင္းပါးကို စိတ္ပါဝင္စားစြာဖတ္ရႈၿပီးသည့္ေနာက္ မိမိအေနျဖင့္ ထိုေဆာင္းပါး၏ အဓိကဇာတ္ ေဆာင္တစ္ဦးျဖစ္သည့္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္၏အေၾကာင္းကို ေလးစားဂုဏ္ယူထိုက္ေသာ နိုင္ငံႏွင့္ လူမ်ိဳးအေပၚတာဝန္ေက်ပြန္သည့္ သူရဲေကာင္းတစ္ဦးအျဖစ္ မွတ္တမ္းတင္ဂုဏ္ျပဳေဆာင္းပါးေရးလိုစိတ္မ်ား ေပၚေပါက္လာခဲ့ပါသည္။

မိမိတို႔ႏွစ္ဦး ေတြ႕ဆုံရင္းႏွီးခြင့္ရရွိသည္မွာ အခ်ိန္ကာလအားျဖင့္ မၾကာျမင့္ေသးပါ။ မိမိအေနျဖင့္ ႐ုရွား-ျမန္မာ ခ်စ္ၾကည္ေရးအသင္း၏ဥကၠဌရာထူးကို စတင္ ခန႔္အပ္ျခင္းခံရၿပီးမၾကာမီတြင္ ျဖစ္ပါသည္။ အစတြင္ မိမိတို႔ ႏွစ္ဦးအၾကား အျပန္အလွန္နားလည္မႈရရွိနိုင္မည့္ အေၾကာင္းအခ်က္မွာ စစ္ပညာျဖင့္ အသက္ေမြးဝမ္းေၾကာင္း ျပဳသူအခ်င္းခ်င္းထားရွိမည့္ ရဲေဘာ္ရဲဘက္စိတ္ဟုသာ ထင္ျမင္ယူဆမိခဲ့ ပါသည္။ (မိမိသည္လည္း ဆိုဗီယက္ ေခတ္က ကံေကာင္းစြာျဖင့္ စစ္ပညာကို ေကာင္းစြာ ေလ့လာဆည္းပူးခြင့္ရရွိခဲ့ဖူးပါသည္။) သို႔ေသာ္ ပထမဆုံး ေတြ႕ဆုံခြင့္ရရွိခ်ိန္တြင္ ယခင္ကရွိခဲ့သည့္ အေတြးအျမင္မ်ားကို ေျပာင္းလဲေစခဲ့သလို ေျပာဆိုေဆြးေႏြးမႈ ေရွ႕ ဆက္လာသည္ႏွင့္အမွ် ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၏ စစ္ေရးတြင္သာမက သမိုင္းႏွင့္ယွဥ္ကာ သုံး သပ္နိုင္စြမ္း၊ ကမၻာ့သမိုင္းကို တတ္သိနားလည္မႈတို႔အျပင္ နိုင္ငံေရးလွည့္ကြက္မ်ားအေပၚ မွန္မွန္ကန္ကန္ ႀကိဳတင္တြက္ခ်က္အေျဖထုတ္ကာ တိုင္းျပည္ႏွင့္လူမ်ိဳးအက်ိဳးစီးပြားကို ထိန္းသိမ္းမည့္ အေမၽွာ္အျမင္ႀကီးသည့္ ေခါင္း ေဆာင္တစ္ဦးျဖစ္ေၾကာင္း သိရွိခြင့္ရရွိခဲ့ပါသည္။ ထို႔အျပင္ ဗိုလ္ခ်ဳပ္မွဴးႀကီး၏ ဘဝဇာတ္ေၾကာင္းႏွင့္ ဗဟုသုတျပည့္စုံႂကြယ္ဝမႈတို႔မွာ ဥပဓိ႐ုပ္တြင္လာေရာက္ထင္ဟပ္ေနသည္ကို သတိျပဳမိခဲ့သလို ေမးခြန္း အားလုံးအတြက္ က်ိဳးေၾကာင္းခိုင္လုံတရားမွ်တေသာ အေျဖကို ေႏွာင့္ေႏွးမႈအလ်ဥ္းမရွိ ေပးစြမ္းနိုင္ျခင္းတို႔မွာ မိမိကို ပိုမိုစိတ္ဝင္စားေစခဲ့သည္မွာ အမွန္ပင္ျဖစ္ပါသည္။ ထိုမွ်မက မိမိတို႔ႏွစ္ဦး ေဆြးေႏြးေနစဥ္အတြင္း မိမိအေနျဖင့္ လြတ္လပ္ေပါ့ပါးစြာျဖင့္ ဖိအားေပးမႈတစ္စုံတစ္ရာကို မခံစားရသလို တစ္ဖက္မွ နိုင္ငံတစ္နိုင္ငံ၏ အႀကီးအကဲေခါင္းေဆာင္တစ္ဦးျဖစ္လင့္ကစား မိမိအေပၚသို႔ ႏွိမ့္ခ်ဆက္ဆံသည့္အသြင္အျပင္ လုံးဝ(လုံးဝ) မရွိခဲ့ပါ။ ထင္ထားသည္ႏွင့္ဆန႔္က်င္စြာပင္ တန္းတူညီတူသေဘာထားကာ ႐ုရွားတြင္ဆိုရိုးရွိသလို မ်က္ႏွာခ်င္း ဆိုင္ ေရျပင္ညီစကားေျပာခြင့္ရရွိခဲ့ပါသည္။ ထို႔ေၾကာင့္ပင္ မိမိအေနျဖင့္ နားလည္လိုက္သည့္အခ်က္ တစ္ခ်က္မွာ တိုင္းရင္းသားလူမ်ိဳးစုေပါင္းမ်ားစြာ စုေပါင္းေနထိုင္ၾကေသာနိုင္ငံတြင္ မိမိကိုယ္ကို ႏွိမ့္ခ်ဆက္ဆံ ေပးတတ္ေသာ လူသားဆန္သည့္ ဗိုလ္ခ်ဳပ္မွဴးႀကီးအေနျဖင့္ အားလုံး၏ ခ်စ္ခင္ေလးစားမႈကို ရရွိေနသည္မွာ မဆန္းပါ။ ဤေနရာတြင္ Politics Magazine စာဖတ္သူပရိသတ္အတြက္ ျမန္မာနိုင္ငံ၏ ဖြဲ႕စည္းျဖစ္တည္မႈႏွင့္ ပတ္သက္၍ အနည္းငယ္အေသးစိတ္ရွင္းလင္းေရးသားေပးလိုပါသည္။

ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္ (၁၉၈၉ ခုႏွစ္အထိ ဗမာနိုင္ငံဟု လူသိမ်ားခဲ့ၿပီး ၂၀၁၁ ခုႏွစ္ေနာက္ပိုင္းမွ ျမန္မာျပည္ဟု သိရွိလာခဲ့ၾကသည့္နိုင္ငံ) သည္ အေရွ႕ေတာင္အာရွတြင္ တည္ရွိၿပီး အိမ္နီးခ်င္းနိုင္ငံမ်ားျဖစ္သည့္ တ႐ုတ္နိုင္ငံ၊ အိႏၵိယနိုင္ငံ၊ ဘဂၤလားေဒ့ရွ္နိုင္ငံ၊ လာအိုနိုင္ငံ၊ ထိုင္းနိုင္ငံတို႔ႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္လ်က္ရွိပါ သည္။ ထိုနိုင္ငံသည္ ယေန႔အခ်ိန္တြင္ ႐ုရွား တစ္နိုင္ငံလုံး အတိုင္းအတာျဖင့္ ျပည္သူလူထုအၾကား စိတ္ဝင္စား မႈထင္သေလာက္ မရရွိ ေသးေသာ္လည္း ၎တို႔၏စိတ္ဝင္စားမႈမွာ ႏွစ္စဥ္ႏွင့္အမၽွ တိုးပြားလာလ်က္ ရွိေနပါ သည္။ ယခင္က ဗမာနိုင္ငံဟု အမည္တြင္ခဲ့ပါသည္။ ယခင္ရာစုႏွစ္မ်ားဆီက လြန္စြာႀကီးမားၿပီး ဩဇာအာဏာ ရွိသည့္ ဗမာအင္ပါယာႀကီးအျဖစ္ ရပ္တည္ခဲ့ ဖူးပါသည္။ သို႔ေသာ္ (၁၉) ရာစုတြင္ ဗမာနိုင္ငံသည္ ၿဗိတိသွ်-အိႏၵိယလက္ေအာက္ခံ ကိုလိုနီနိုင္ငံအျဖစ္စာရင္းဝင္ခဲ့ၿပီးေနာက္ သီးျခားကိုလိုနီ နိုင္ငံအျဖစ္ ခြဲထုတ္ျခင္း ခံခဲ့ရ ပါသည္။ ဒုတိယကမၻာစစ္ႀကီးအတြင္းတြင္ ျမန္မာနိုင္ငံသည္ ဖက္ဆစ္ဂ်ပန္တို႔၏ သိမ္းပိုက္ျခင္းကိုခံခဲ့ရၿပီး အိႏၵိယသို႔ ဆက္လက္တိုက္ခိုက္ရာတြင္ စစ္တလင္းျပင္အျဖစ္ အသုံးခ်ျခင္းကိုခံခဲ့ရပါသည္။ ထို႔ေနာက္ လြတ္လပ္ေရး ႀကိဳးပမ္းမႈမ်ား တက္ႂကြစြာစတင္လာခဲ့ၿပီး ၁၉၄၈ ခုႏွစ္တြင္ လြတ္လပ္ေသာ အခ်ဳပ္အျခာအာ ဏာပိုင္နိုင္ငံတစ္ခုအျဖစ္ ျပန္လည္ရပ္တည္ လာနိုင္ခဲ့ပါသည္။ ယေန႔ေခတ္တြင္ ျမန္မာနိုင္ငံ၏ နယ္နိမိတ္အ က်ယ္အဝန္းမွာ ၆၇၆၅၇၈ စတုရန္းကီလိုမီတာရွိၿပီး လူဦးေရ ၅၄ သန္းခန႔္ ေနထိုင္လ်က္ရွိပါသည္။

၎တို႔အနက္မွ ၆၈ % သည္ ဗမာလူမ်ိဳးမ်ားျဖစ္ၿပီး ရွမ္းလူမ်ိဳး ၉ %၊ ကရင္လူမ်ိဳး ၇%၊ ရခိုင္လူမ်ိဳး ၃.၅%၊ မြန္လူမ်ိဳး ၂%၊ ကခ်င္လူမ်ိဳး ၁.၅%၊ ကယားလူမ်ိဳး ၀.၇၅%၊ တ႐ုတ္လူမ်ိဳး ၂.၅%၊ ဟိႏၵဴလူမ်ိဳး ၁.၂၅% တို႔အျပင္ အျခားတိုင္းရင္းသားလူမ်ိဳး ေပါင္းမ်ားစြာသည္လည္း ျမန္မာနိုင္ငံအတြင္း ေနရာေဒသအႏွံ့အျပား၌ ျဖန႔္က်က္ ေနထိုင္လ်က္ရွိၾကပါသည္။ စုစုေပါင္းအေနျဖင့္ ျမန္မာနိုင္ငံတြင္ တိုင္းရင္းသား လူမ်ိဳးစုေပါင္း ၁၃၅ မ်ိဳး စုေပါင္းေနထိုင္လ်က္ရွိၾကပါသည္။ ျမန္မာနိုင္ငံတြင္ တ႐ုတ္ ႏွင့္ အိႏၵိယ လူမႈအဖြဲ႕အစည္းႀကီးမ်ား ဖြဲ႕စည္း တည္ရွိလ်က္ရွိသည္။ နိုင္ငံလူဦးေရ၏ ၃ ပုံ ၁ ပုံမွာ အသက္ ၁၄ ႏွစ္ေအာက္လူငယ္မ်ားျဖစ္ၾကၿပီး ႏွစ္စဥ္ လူဦးေရ တိုးႏႈန္းသည္ ၁ % နီးပါးခန႔္ ေလ်ာ့နည္းလ်က္ရွိေနပါသည္။ သို႔ေသာ္ မိမိအျမင္အရ အေရးပါသည့္ အခ်က္မွာ WHO မွ ပညာရွင္တို႔၏ သုံးသပ္ခ်က္မ်ား အရ ျမန္မာနိုင္ငံ၏ Literacy Rate (ပညာတတ္ဦးေရ အခ်ိဳးကိန္း) မွာ ၉၁.၉% ရွိသည့္အခ်က္ပင္ျဖစ္ပါသည္။

ဤေနရာတြင္ စဥ္းစားရမည့္အခ်က္မွာ ထိုကဲ့သို႔ လူမ်ိဳးေပါင္းစုံစုေပါင္းေန ထိုင္ၿပီး အသိပညာ၊ အတတ္ပညာ အရလည္း အရည္အခ်င္းျပည့္ဝေနသည့္ ျပည္သူ လူထုကို အတူတကြေပါင္းစည္းထိန္းခ်ဳပ္ရန္မွာ လြန္စြာ ခက္ခဲ့သည့္အျပင္ တိုင္းျပည္ ၏ သမိုင္းတြင္လည္း သေဘာထားအျမင္ကြဲလြဲမႈမ်ားစြာ ရွိခဲ့ၾကသည့္ အခ်က္ကိုလည္း ထည့္သြင္းစဥ္းစားၾကရဦးမည္ျဖစ္ပါသည္။ ထိုအေၾကာင္းအရာကို အေသးစိတ္ ရွင္းလင္းရ မည္ဆိုလၽွင္ နိုင္ငံ၏ကိုးကြယ္သည့္ ဘာသာက စရမည္ ျဖစ္သည္။ ျမန္မာနိုင္ငံ၏ကိုးကြယ္မႈမွာ ေထရဝါဒဗုဒၶ ဘာသာျဖစ္ၿပီး လူဦးေရ၏ ၈၉.၉% က ယုံၾကည္ကိုးကြယ္လ်က္ရွိၿပီး ခရစ္ယာန္ဘာသာ (ရိုမန္ကက္သလစ္၊ ေအာ္သိုေဒါ့က္စ္၊ ပရိုတက္စတင့္) ကို ယုံၾကည္ကိုးကြယ္သူ ၆.၃ %၊ အစၥလာမ္ဘာသာ ယုံၾကည္ကိုးကြယ္သူ ၂.၃ % ၊ ရိုးရာနတ္ကိုးကြယ္သူ ၀.၈ %၊ ဟိႏၵဴဘာသာ ယုံၾကည္ကိုးကြယ္သူ ၀.၅ % ရွိပါသည္။ ယခုလို ခြဲျခမ္းစိတ္ျဖာမႈမ်ိဳးသည္ လက္ရွိ႐ုရွားနိုင္ငံအတြက္ပင္ မဆိုထားႏွင့္ ဆိုဗီယက္ျပည္ေထာင္စုေခတ္ကပင္ နားလည္နိုင္ရန္ မခက္ခဲခဲ့ပါ။ ထို႔ေၾကာင့္ပင္ ျမန္မာနိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို အသိမွတ္ျပဳၿပီး သံတမန္ ေရးရာ ဆက္သြယ္မႈမ်ားကို စတင္ေဆာင္ရြက္ခဲ့သည့္ နိုင္ငံမ်ားထဲတြင္ ဆိုဗီယက္ျပည္ေထာင္စုလည္း ပါဝင္ခဲ့ ျခင္းျဖစ္ပါသည္။

ဗမာနိုင္ငံ ေခၚတြင္ခဲ့ေသာ ျမန္မာနိုင္ငံ၏ လြတ္လပ္ေရးသည္ မေပ်ာက္ပ်က္ မဆုံးရႈံးေစရန္ တာဝန္အရွိဆုံးျဖစ္ ေသာ၊ ထိုမၽွမက တိုက္ပြဲဝင္ကာ ရယူေပးခဲ့ေသာ ျမန္မာ့တပ္မေတာ္သည္ ေလးစားမႈတစ္ခုကို ရရွိထားၿပီးျဖစ္သ လို တပ္မေတာ္သား တို႔သည္လည္း ျမန္မာနိုင္ငံျပည္သူလူထုအၾကားတြင္ ေလးစားအားက်ဖြယ္ ဂုဏ္ပုဒ္ကို ပိုင္ဆိုင္ထားၿပီးျဖစ္ပါသည္။ ထို႔ေၾကာင့္ ယုတၱိေဗဒက်က် စဥ္းစားၾကည့္မည္ဆိုလွ်င္ လြန္စြာပင္ ျမင့္ျမတ္ႀကီး ေလးသည့္တာဝန္တစ္ခုျဖစ္ေသာ အစိုးရလက္နက္ကိုင္အဖြဲ႕အစည္းအားလုံး၏ အႀကီးအကဲေခါင္းေဆာင္ျဖစ္ သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရာထူးကို ရရွိရန္မွာ သာမန္ျပည္သူမ်ားအတြက္မဆိုထားႏွင့္ တပ္မေတာ္သားမ်ားအတြက္ပင္ ခက္ခဲသည့္ ဘဝခရီးလမ္းတစ္ခုျဖစ္ပါသည္။ ႐ုရွားနိုင္ငံတြင္ အဆိုရွိသလို “လူသားက ေတြးႀကံသည္၊ ကံတရားက စီမံသည္” ဟူေသာ စကားအတိုင္း စစ္မ်ိဳးစစ္ႏြယ္မွ ေပါက္ဖြားလာျခင္း မဟုတ္ေသာ ေမာင္မင္းေအာင္လွိုင္သည္ ယခုလက္ရွိတြင္ ျမန္မာနိုင္ငံ၏ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တစ္ဦး ျဖစ္လာခဲ့ပါသည္။

ေမာင္မင္းေအာင္လိႈင္ကို ၁၉၅၆ ခုႏွစ္ ဇူလိုင္လတြင္ နာမည္ေက်ာ္ အႏုပညာရွင္ အင္ဂ်င္နီယာမိသားစုမွ ေမြးဖြား သန႔္စင္ခဲ့ပါသည္။ အထက္တန္းေက်ာင္းပညာေရးကို ရန္ကုန္ၿမိဳ႕တြင္ ေအာင္ျမင္စြာၿပီးဆုံးခဲ့ၿပီးေနာက္ တကၠသိုလ္တြင္ ဥပေဒပညာကို ဆက္လက္ဆည္းပူးသင္ၾကားခဲ့ပါသည္။ ကံတရားက လူငယ္ ေမာင္မင္း ေအာင္လိႈင္အတြက္ တစ္ခ်ိန္တြင္ အစိုးရဥပေဒဝန္ထမ္း (သို႔မဟုတ္) စီးပြားေရးလုပ္ငန္းရွင္အျဖစ္ ေရြးခ်ယ္ခြင့္ေပးမည္ျဖစ္ေသာ္လည္း မထင္မွတ္ထားေသာ ေရြးခ်ယ္မႈတစ္ခုအျဖစ္ စစ္တကၠသိုလ္သို႔ ေျပာင္းေရြ႕ပညာသင္ၾကားခဲ့ပါသည္။ စစ္တကၠသိုလ္ေက်ာင္းဆင္း ဒုဗိုလ္ဘဝတြင္လည္း မိဘေဆြမ်ိဳးမ်ား၏ အေထာက္အပံ့ကို မယူဘဲ ေဝးလံေခါင္းဖ်ားသည့္ေဒသမ်ားတြင္ က်ရာတာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ခဲ့ပါ သည္။ ထိုအေျခအေနမွသည္ တစ္လွမ္းခ်င္းလွမ္းကာ ေအာင္ျမင္မႈေလွကားထစ္မ်ားကို ေက်ာ္ျခင္းခြျခင္း အလ်ဥ္းမရွိ တစ္ထစ္ခ်င္း တက္လွမ္းကာ တပ္မေတာ္တြင္ အျမင့္ဆုံးရာထူးျဖစ္ေသာ ကာကြယ္ေရးဦးစီးခ်ဳပ္ အျဖစ္ ေရာက္ရွိလာခဲ့ျခင္းျဖစ္ပါသည္။

အယ္ဒီတာ၏ ၾကားျဖတ္စာပိုဒ္
ဤေနရာတြင္ ၾကားျဖတ္အေနျဖင့္ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးျဖစ္သူ Mr. N.A Listopadov ေျပာၾကားခဲ့ဖူးသည့္ စကားခ်ပ္တခ်ိဳ႕အား ေကာက္ႏုတ္ေဖာ္ျပလိုပါသည္။

“ျမန္မာနိုင္ငံသည္ ပထဝီဝင္နိုင္ငံေရးအရ လြန္စြာအေရးပါေသာ ေနရာတြင္ တည္ရွိသည့္ နိုင္ငံတစ္နိုင္ငံျဖစ္ပါ သည္။ နိုင္ငံႀကီးမ်ားျဖစ္သည့္ တ႐ုတ္နိုင္ငံႏွင့္ အိႏၵိယနိုင္ငံတို႔အၾကား တည္ရွိေနသလို ေတာင္အာရွႏွင့္ အေရွ႕ ေတာင္အာရွနိုင္ငံတို႔ႏွင့္လည္း ထိစပ္လ်က္ရွိၿပီး က်ယ္ျပန႔္ေသာ အိႏၵိယသမုဒၵရာထြက္ေပါက္ ကမ္းေၿခကို ပိုင္ဆိုင္ထားသည့္ နိုင္ငံလည္းျဖစ္ပါသည္။ ႐ုရွားႏွင့္ျမန္မာဆက္ဆံေရးသည္လည္း ၾကာရွည္စြာတည္တံ့ခဲ့ၿပီး ျဖစ္သလို ရိုးရာမပ်က္ မိတ္ေကာင္းေဆြေကာင္း ဆက္ဆံေရးတစ္ခုျဖစ္ပါသည္။ အလားတူပင္ ျမန္မာနိုင္ငံ အတြင္း ျဖစ္ပ်က္ေနသည့္ အေျခအေနမ်ားအေပၚ စိတ္ပါဝင္စားစြာ ေစာင့္ၾကည့္ေနသည့္ နိုင္ငံမ်ားလည္း မ်ားစြာရွိေနပါသည္။ ပထဝီဝင္အေနအထားအရ လမ္းဆုံလမ္းခြေနရာတြင္ ရွိေနေသာ ျမန္မာနိုင္ငံအတြက္ ဘာမဆိုျဖစ္လာနိုင္ပါသည္။ တ႐ုတ္ႏွင့္ အိႏၵိယနိုင္ငံတို႔အၾကား ေပါင္းကူးတံတားတစ္ခုျဖစ္လာနိုင္သလို ေတာင္အာရွ ႏွင့္ အေရွ႕ေတာင္အာရွၾကားတြင္လည္း ဆုံမွတ္တစ္ခုျဖစ္လာနိုင္ပါသည္။ ျမန္မာနိုင္ငံအတြက္ အထူးဂ႐ုျပဳရမည့္အခ်က္တစ္ခ်က္မွာ အင္အားျခင္း ယွဥ္ၿပိဳင္ေနေသာ မဟာဗ်ဴဟာေျမာက္ ၿပိဳင္ဘက္နိုင္ငံႀကီး မ်ားျဖစ္ၾကသည့္ အေမရိကန္ျပည္ေထာင္စုႏွင့္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံတို႔အၾကား ယွဥ္ၿပိဳင္မႈမ်ားအတြက္ ကစားကြင္းတစ္ခုျဖစ္မသြားေစရန္ သတိထားရမည္ျဖစ္သလို အားၿပိဳင္မႈရမွတ္တစ္မွတ္အျဖစ္ အသုံးခ်မသြားေစ ရန္လည္း လိမၼာပါးနပ္ရန္ လိုအပ္ေနၿပီး ၎တို႔၏ ဝင္ေရာက္စြက္ဖက္မႈမခံရေစေရး အခ်ဳပ္အျခာအာဏာႏွင့္ လြတ္လပ္ေရးကို ေကာင္းစြာ ထိန္းသိမ္းေစာင့္ေရွာက္ရန္ လြန္စြာအေရးႀကီးပါသည္။”

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၏ ဘဝလမ္းေၾကာင္းတစ္ေလၽွာက္ျဖတ္သန္း လာခ်ိန္မ်ားသည္ ျမန္မာနိုင္ငံ အတြက္ ကံတရားေပါင္းမ်ိဳးစုံႏွင့္ ရင္ဆိုင္ေနခဲ့ရၿပီး ျပည္တြင္းျပည္ပ အေႏွာင့္အယွက္ေပါင္းစုံရင္ဆိုင္ ေျဖ ရွင္းရသည့္ကာလမ်ားကိုပင္ ၾကဳံႀကိဳက္ခဲ့ဖူးသူ တစ္ဦးလည္း ျဖစ္ပါသည္။ ျပည္ပနိုင္ငံမ်ား၏ အကူအညီျဖင့္ ဘဂၤလားေဒ့ရွ္နယ္စပ္ေဒသတြင္ အစၥလာမၼစ္အစြန္းေရာက္ လက္နက္ကိုင္ေသာင္း က်န္းသူမ်ား ဖြဲ႕စည္းၿပီး ျမန္မာနိုင္ငံ၏ အခ်ဳပ္အျခာအာဏာပိုင္နယ္နိမိတ္အတြင္း တြင္တည္ရွိေသာ ျပည္နယ္တစ္ခုျဖစ္သည့္ ရခိုင္ေဒသ၏ တည္ၿငိမ္ေအးခ်မ္းေရးကို ေႏွာင့္ယွက္တိုက္ခိုက္ျခင္းမ်ားလည္း ခံခဲ့ရပါသည္။ ထိုအၾကမ္း ဖက္တိုက္ခိုက္မႈမ်ားသည္ ဘာသာေရးအယူဝါဒမ်ားအေပၚ အေျခခံထားသည့္ ပဋိပကၡကိစၥရပ္မ်ားျဖစ္ ေသာေၾကာင့္ ေဒသတြင္းျပည္သူလူထု၏ အေျခအေနကို တင္းမာေစ႐ုံမၽွမက ျမန္မာနိုင္ငံအတြင္းတြင္ပင္ မဟုတ္ဘဲ ေဘးအိမ္နီးခ်င္းနိုင္ငံမ်ားႏွင့္ အေရွ႕ေတာင္အာရွ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းေရးကိုပါ ထိပါး ေႏွာင့္ယွက္လာခဲ့ပါသည္။ ထိုျဖစ္စဥ္ မ်ားေပၚတြင္ ေခါင္းပုံျဖတ္အျမတ္ထုတ္လိုသူမ်ားသည္ နိုင္ငံေရးအသြင္ ေဆာင္ကာ ျမန္မာနိုင္ငံ၏ အတြင္းေရးကိစၥမ်ားကိုပါဝင္စြက္ဖက္ေႏွာင့္ယွက္ရန္ ႀကိဳးပမ္းလာၾကသလို အာရွ-ဖိစိဖိတ္ေဒသတြင္း ကမၻာ့နိုင္ငံေရးအေျခအေနမ်ားကိုပင္ ေျပာင္းလဲႀကိဳးကိုင္ျခယ္လွယ္လာခဲ့ၾကပါသည္။

ယခုကဲ့သို႔ နိုင္ငံေရး၊ စစ္ေရးအေျခအေနတင္းမာမႈမ်ားကို ဉာဏ္ဆင္ဖန္တီးရ ျခင္း၏ ရည္ရြယ္ခ်က္မွာ လြန္စြာရိုးရွင္းလွပါသည္။ တ႐ုတ္နိုင္ငံအေနျဖင့္ ျမန္မာနိုင္ငံ နယ္နိမိတ္အတြင္းျဖတ္ေက်ာ္၍ အိႏၵိယ သမုဒၵရာအတြင္းသို႔ လြယ္ကူေသာ ထြက္ေပါက္တစ္ခုျဖစ္လာနိုင္မည့္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္းႏွင့္ ကူမင္း-ေက်ာက္ျဖဴမီးရထားလမ္းစီမံကိန္းမ်ားကို မလိုလားသည့္ အင္အားစုတစ္ခု ရွိေန၍ျဖစ္ပါသည္။ ထိုအေၾကာင္းအရာႏွင့္ဆက္စပ္ကာ ထပ္မံသတိျပဳရမည့္အခ်က္မွာ ဒီမိုကေရစီဟူေသာေခါင္းစဥ္ျဖင့္ အေရွ႕ေတာင္ အာရွေဒသတြင္းတြင္သာမက ျမန္မာနိုင္ငံအတြင္းတြင္ပါ နိုင္ငံေရးအေျပာင္းအလဲမ်ားကို မိတ္ေဆြအမည္ခံ ပါဝင္ေဆာင္ရြက္ေနသူမ်ားျဖစ္သည့္ အေနာက္နိုင္ငံတခ်ိဳ႕ႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔ သည္ အထက္ေဖာ္ျပပါ ျဖစ္စဥ္မ်ားတြင္ ျမန္မာျပည္အစိုးရကို လူသားခ်င္းစာနာေထာက္ထားမႈမရွိေၾကာင္း အျပစ္တင္ရႈတ္ခ်သလို ျမန္မာ့တပ္မေတာ္ ကိုလည္း မူဆလင္မ်ိဳးႏြယ္ဝင္မ်ားအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ား ေဆာင္ရြက္ေနသဖြယ္ ကမၻာကထင္ေယာင္ထင္မွား ျဖစ္ေစရန္ လုပ္ႀကံဖန္တီးအကြက္ဆင္လ်က္ရွိေနပါသည္။ အမွန္တကယ္တြင္ ဘာသာေရးအစြန္းေရာက္ လက္နက္ကိုင္ ေသာင္းက်န္းသူမ်ား ပါဝင္ပတ္သက္ေနသည့္ ေဒသတြင္း လက္နက္ကိုင္ပဋိပကၡ မ်ားမွသည္ ျပည္တြင္းစစ္အသြင္သို႔ ကူးေျပာင္းမသြားေစရန္ ေဒသတြင္း တည္ၿငိမ္ ေအးခ်မ္းေရးကို ထိန္းသိမ္းေပးထားသူမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ေခါင္းေဆာင္ေသာ ျမန္မာ့တပ္မေတာ္ပင္ျဖစ္ပါသည္။

ျမန္မာ့သမိုင္းတြင္ မူဆလင္-ရိုဟင္ဂ်ာလူမ်ိဳးမ်ားႏွင့္ ေဒသခံတိုင္းရင္းသားမ်ားအၾကား ဘာသာေရးပဋိပကၡမ်ား သည္ ကိုလိုနီေခတ္ကပင္ စတင္ျဖစ္ပြားေနခဲ့ျခင္း ျဖစ္ပါသည္။ ထိုအခ်ိန္အခါက အဂၤလိပ္တို႔သည္ လမ္းမ်ား ေဖာက္လုပ္ရာတြင္ အလုပ္ၾကမ္းခိုင္းေစရန္အတြက္ ယခု ဘဂၤလားေဒ့ရွ္နိုင္ငံအျဖစ္တည္ရွိေနေသာ ေနရာမွ ေဒသခံမူဆလင္လူမ်ိဳးမ်ားကို ေက်းကၽြန္မ်ားအျဖစ္ ေထာင္ႏွင့္ေသာင္းႏွင့္ခ်ီကာ ျမန္မာနိုင္ငံနယ္နိမိတ္ အတြင္းသို႔ ေခၚေဆာင္လာခဲ့ၾကျခင္းျဖစ္ပါသည္။ ကနဦး အစတြင္ ထိုေက်းကၽြန္မ်ားကို ၎တို႔ေနရပ္သို႔ ျပန္ပို႔ရန္ အစီအစဥ္ရွိခဲ့ပါသည္။ သို႔ေသာ္ေနာက္ပိုင္းတြင္ လက္ေတြ႕ေဆာင္ရြက္ျခင္းမရွိဘဲ ေရာက္သည့္ေနရာ တြင္ပင္ထားခဲ့ရာ ေဒသခံတိုင္းရင္းသားမ်ားႏွင့္ နယ္ေျမခြဲေဝမႈျပႆနာမ်ား ေပၚေပါက္လာခဲ့ပါသည္။ ယခုအခါ ထိုေဒသမ်ားတြင္ အေနာက္နိုင္ငံမ်ား၏ အကူအညီျဖင့္ ထို ရိုဟင္ဂ်ာအမည္ခံ က်ဴးေက်ာ္ေနထိုင္သူတို႔ကို ကာကြယ္ရန္ ေခါင္းစဥ္ျဖင့္ ARSA ကဲ့သို႔ေသာ အၾကမ္းဖက္အဖြဲ႕အစည္းကိုပင္ ဖြဲ႕စည္းၿပီး ျမန္မာနိုင္ငံအစိုးရကို ဆန႔္က်င္တိုက္ခိုက္လ်က္ရွိေနပါသည္။ ARSA သည္ ႐ုရွားလူမ်ိဳးတို႔အတြက္ ISIS ႏွင့္ Al-Kaida အၾကမ္း ဖက္အဖြဲ႕မ်ားေလာက္ ၾကားဖူးနားဝမရွိေသာ္လည္း အၾကမ္းဖက္ေဆာင္ရြက္မႈမ်ား ေဆာင္ရြက္ရာတြင္ ၎တို႔နည္းတူ ရက္စက္ၾကမ္းၾကဳတ္သည့္ အဖြဲ႕အစည္းတစ္ခုျဖစ္ပါသည္။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ အေနျဖင့္ ထိုအခ်က္မ်ားအားလုံးကို ထည့္သြင္း စဥ္းစားကာ တိက်ခိုင္မာသည့္ သမိုင္းေၾကာင္းအေထာက္ အထားမ်ားႏွင့္ အမွန္ တကယ္ျဖစ္ေပၚလာနိုင္မည့္ ေဘးအႏၲရာယ္ဆိုးက်ိဳးတို႔ကို ႀကိဳတင္တြက္ဆ၍ ေဆာင္ရြက္ခဲ့သည့္အတြက္သာလၽွင္ အစြန္းမေရာက္ေသာ ရလဒ္မ်ားျဖင့္ ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရးကို တစ္ကမၻာလုံး၏ေရွ႕တြင္ အတိုင္းအတာတစ္ခုထိ ထိန္းသိမ္းထားနိုင္ျခင္းျဖစ္ပါသည္။ ထိုအေတြး၊ ထိုအျမင္၊ ထိုအရည္အခ်င္း မ်ားသည္ ဤမၽွ အင္အားေတာင့္တင္းေသာ တပ္မေတာ္ႏွင့္ မ်ားျပားျခားနား လွေသာ လူမ်ိဳးေပါင္းစုံစုစည္းေနထိုင္ရာ ျပည္ေထာင္စုတစ္ခုကို အုပ္ခ်ဳပ္သူအတြက္ မျဖစ္မေနလိုအပ္မည့္ အေျခခံအခ်က္မ်ားပင္ျဖစ္ပါသည္။

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ႐ုရွားနိုင္ငံႏွင့္ စစ္ဖက္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးကို အေလးေပးသူတစ္ဦး ျဖစ္ပါသည္။ ၎တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္းမွာပင္ ျမန္မာ့တပ္မေတာ္မွ အရာရွိသင္တန္းသားေပါင္း ၇၀၀၀ ေက်ာ္သည္ ႐ုရွားနိုင္ငံ တကၠသိုလ္အသီးသီးတြင္ အဆင့္ျမင့္ပညာမ်ား ေအာင္ျမင္စြာ သင္ယူဆည္းပူးနိုင္ခဲ့ၾကပါသည္။ ျမန္မာနိုင္ငံတြင္း ရႈပ္ေထြးလွသည့္ နိုင္ငံေရးႏွင့္ စစ္ေရးအေျခအေနတို႔အတြက္ မရွိမျဖစ္လိုအပ္ေသာ ေခတ္မီစစ္လက္ နက္ပစၥည္းမ်ားကိုလည္း ႐ုရွားနိုင္ငံမွ ယုံၾကည္စိတ္ခ်စြာ အစဥ္အျမဲဝယ္ယူ လ်က္ရွိပါသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ဦးေဆာင္ေသာ ျမန္မာ့တပ္ မေတာ္ကိုယ္စားလွယ္အဖြဲ႕သည့္ ႐ုရွားနိုင္ငံ ေမာ္စကိုၿမိဳ႕ ရင္ျပင္နီတြင္ က်င္းပျပဳလုပ္ခဲ့သည့္ (၇၅) ႏွစ္ေျမာက္ မဟာေအာင္ပြဲအထိမ္းအမွတ္ စစ္ေရးျပအခမ္းအနား သို႔ တက္ေရာက္ခဲ့ၾကပါသည္။ ထိုမွ်မက ႐ုရွားနိုင္ငံႏွင့္ျမန္မာနိုင္ငံၾကားတြင္ ယဥ္ေက်းမႈရိုးရာအေမြအႏွစ္ႏွင့္ ဘာသာသာသနာ ထြန္းကားျပန႔္ပြားေရးအတြက္ လည္း စြမ္းစြမ္းတမံေဆာင္ရြက္ခဲ့ရာ ေမာ္စကိုၿမိဳ႕အနီး ဘာလာရွိခါအရပ္တြင္ တည္ေထာင္ခဲ့ေသာ ေထရဝါဒဗုဒၶစင္တာကို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ကိုယ္တိုင္ပင္ ႀကီးမႉးဖြင့္လွစ္ေပးနိုင္ခဲ့ပါသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ကိုယ္တိုင္ ထိုစင္တာႏွင့္ ပတ္သက္၍ “ဗုဒၶဘာသာဆိုတာ အလြန္ေရွးက်တဲ့ အယူဝါဒတစ္ခု အလြန္ေရွးက်တဲ့ အေတြးအေခၚပညာတစ္ခုပဲျဖစ္တယ္။ ဗုဒၶဘာသာဟာ ေမတၱာတရားကို အေျခခံထားတဲ့ ဘာသာတရားျဖစ္တဲ့အတြက္ ႐ုရွားလူမ်ိဳးေတြ အေနနဲ႔လည္း ဒီဗုဒၶစင္တာဖြင့္တာႏွင့္ပတ္သက္၍ လက္မခံနိုင္စရာ အေၾကာင္း မရွိဘူးလို႔ ကၽြန္ေတာ္ထင္တယ္။ ဒီဗုဒၶစင္တာမွာ ဘုရားဝတ္ျပဳလို႔ရမယ္၊ ရဟန္းခံလို႔ ရမယ္၊ ေမတၱာတရား၊ ခင္မင္ရင္းႏွီးမႈႏွင့္ တစ္ဦးအေပၚတစ္ဦး ေလးစားမႈေတြကို ေလ့လာခြင့္ရမွာ ျဖစ္ပါတယ္” ဟု ေျဖၾကားခဲ့ဖူးပါသည္။

ထိုေမတၱာတရား၊ ခင္မင္ရင္းႏွီးမႈႏွင့္ တစ္ဦးအေပၚတစ္ဦး ေလစားမႈဟူေသာ အခ်က္ သုံးခ်က္သည္ပင္လၽွင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္၏ ဘဝဒႆန ျဖစ္ဟန္တူပါသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္သည္ အမွန္တကယ္ပင္ အျခား ကိုးကြယ္ရာဘာသာတရားမ်ားကိုလည္း ေလးစားသူတစ္ဦးျဖစ္သလို လူမ်ိဳးေပါင္းစုံ တိုင္းရင္းသားေပါင္းစုံႏွင့္လည္း အတူယွဥ္တြဲေနထိုင္နိုင္သူတစ္ဦး ျဖစ္ပါသည္။ ထို႔အျပင္ မိမိနိုင္ငံ ၿငိမ္းခ်မ္းသာယာေရး၊ ဖြံ့ၿဖိဳးတိုးတက္ေရးတို႔ကို ေစတနာအျပည့္ ျဖင့္ ေဆာင္ရြက္ရင္း တပ္မေတာ္၏ အခန္းက႑ကို ျမႇင့္တင္ေပးလ်က္ရွိပါသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ မိန႔္ၾကားဖူးသည့္ စကားတခ်ိဳ႕ကို ေကာက္ႏုတ္ ေဖာ္ျပလိုပါသည္။

“ခိုင္မာေတာင့္တင္းေသာ တပ္မေတာ္ရွိမွသာလၽွင္ ၎၏ စြမ္းေဆာင္ရည္ႏွင့္ ရဲစြမ္း သတၱိကိုမွန္မွန္ကန္ကန္အသုံးခ်ၿပီး ျဖစ္ေပၚေနတဲ့ ျပည္တြင္းမၿငိမ္မသက္မႈေတြကို အၿပီးတိုင္ ရပ္တန႔္ေပးနိုင္မွာျဖစ္သလို နားလည္ရလြယ္ကူ ရိုးရွင္းၿပီး တစည္းတလုံး တည္း စုေပါင္းညီညာစြာခ်မွတ္ထားေသာ ရည္မွန္းခ်က္ ၃ ရပ္ ျဖစ္သည့္ တစ္နိုင္ငံ အတိုင္းအတာျဖင့္ ပကတိၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္နိုင္ေရး၊ ေတာင့္တင္းခိုင္မာ ေသာ စီးပြားေရးတည္ေဆာက္နိုင္ေရး ႏွင့္ နိုင္ငံအတြင္း ေနထိုင္ၾကေသာ မိသားစုအားလုံး လူသားတစ္ဦးတစ္ေယာက္စီတိုင္း၏ လူေနမႈအဆင့္အတန္းကို ျမႇင့္တင္ေပးနိုင္ ေရးတို႔အား ေအာင္ျမင္စြာအေကာင္အထည္ေဖာ္နိုင္မွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အေနျဖင့္ နားလည္ထားရမွာက ကမၻာေပၚက ဘယ္တိုက္ ဘယ္နိုင္ငံမွာ ျဖစ္ပါေစ နိုင္ငံတစ္နိုင္ငံ၏ ေတာင့္တင္းခိုင္မာေသာ တပ္မေတာ္သည္ ထိုနိုင္ငံ ၿငိမ္းခ်မ္းသာယာေရး၏ အာမခံခ်က္ျဖစ္သည္ဟူေသာ အခ်က္ပဲ ျဖစ္ပါတယ္”

#PeopleMedia #တပ္မေတာ္ #ရုရွား #ျမန္မာ

(unicode)
မြန်မာနိုင်ငံသည် မဟာဗျူဟာမြောက် ပြိုင်ဘက်နိုင်ငံကြီးများဖြစ်သည့် တရုတ်နှင့် အမေရိကန်နိုင်ငံ၏ ကစား ကွင်းဖြစ်မသွားရန် ရုရှားနိုင်ငံက မြန်မာကို သတိပေး
…………………………………………………….

(၁၁၈) ကြိမ်မြောက်ထုတ်ဝေသည့် ရုရှားနိုင်ငံ၏ နိုင်ငံရေးစာစောင်တစ်ခုဖြစ်သည့် Politics Magazine တွင် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Mikhail Dmitriev ရေးသားသည့် “တောင့်တင်းခိုင်မာသော တပ်မတော်သည် အမိမြေငြိမ်းချမ်းသာယာရေး၏ အာမခံချက်ဖြစ်သည်” ခေါင်းစဉ်ပါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကြောင်း ရေးသားထား သည့်ဆောင်းပါးကို People Media က ပြန်လည်ဖော်ပြပေးလိုက်သည်။

(၁၁၇)ကြိမ်မြောက်ထုတ်ဝေခဲ့သော Politics Magazine တွင် ရေးသားဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်ဖြစ် သည့် “တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာတည်မြဲရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အာ မခံချက်ဖြစ်သည်” ခေါင်းစဉ်ပါဆောင်းပါးကို မိမိအနေဖြင့် အမှတ်ရနေမိပါသည်။ ထိုဆောင်းပါးသည် Politics Magazine ၏ လုပ်ငန်းဦးဆောင်သူတစ်ဦးဖြစ်သည့် Mrs. Takyiana Grozmani နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ တွေ့ဆုံမေးမြန်း မှုမှတ်တမ်းကို လေးလေးနက်နက် ပြန်လည်ရေးသား ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ဆွေးနွေးမှုအချက်အလက်များ သည် လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းပြီး မြန်မာနိုင်ငံတွင် ယနေ့ခေတ်ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတို့ကို ထဲထဲဝင်ဝင် လေ့လာမှတ်သားခွင့် ရရှိရုံသာမက ဖြစ်ပေါ်လာခဲ့ရသည့် သမိုင်း ကြောင်းနောက်ခံများနှင့် အမျိုးသားရေးစိတ်ဓာတ်နှင့် ခံယူချက်တို့ကိုပါ အတွင်းကျကျ မြင်တွေ့ခွင့်ရရှိခဲ့ ပါသည်။ ထိုဆောင်းပါးကို စိတ်ပါဝင်စားစွာဖတ်ရှုပြီးသည့်နောက် မိမိအနေဖြင့် ထိုဆောင်းပါး၏ အဓိကဇာတ် ဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏အကြောင်းကို လေးစားဂုဏ်ယူထိုက်သော နိုင်ငံနှင့် လူမျိုးအပေါ်တာဝန်ကျေပွန်သည့် သူရဲကောင်းတစ်ဦးအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုဆောင်းပါးရေးလိုစိတ်များ ပေါ်ပေါက်လာခဲ့ပါသည်။

မိမိတို့နှစ်ဦး တွေ့ဆုံရင်းနှီးခွင့်ရရှိသည်မှာ အချိန်ကာလအားဖြင့် မကြာမြင့်သေးပါ။ မိမိအနေဖြင့် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း၏ဥက္ကဌရာထူးကို စတင် ခန့်အပ်ခြင်းခံရပြီးမကြာမီတွင် ဖြစ်ပါသည်။ အစတွင် မိမိတို့ နှစ်ဦးအကြား အပြန်အလှန်နားလည်မှုရရှိနိုင်မည့် အကြောင်းအချက်မှာ စစ်ပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူအချင်းချင်းထားရှိမည့် ရဲဘော်ရဲဘက်စိတ်ဟုသာ ထင်မြင်ယူဆမိခဲ့ ပါသည်။ (မိမိသည်လည်း ဆိုဗီယက် ခေတ်က ကံကောင်းစွာဖြင့် စစ်ပညာကို ကောင်းစွာ လေ့လာဆည်းပူးခွင့်ရရှိခဲ့ဖူးပါသည်။) သို့သော် ပထမဆုံး တွေ့ဆုံခွင့်ရရှိချိန်တွင် ယခင်ကရှိခဲ့သည့် အတွေးအမြင်များကို ပြောင်းလဲစေခဲ့သလို ပြောဆိုဆွေးနွေးမှု ရှေ့ ဆက်လာသည်နှင့်အမျှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်ရေးတွင်သာမက သမိုင်းနှင့်ယှဉ်ကာ သုံး သပ်နိုင်စွမ်း၊ ကမ္ဘာ့သမိုင်းကို တတ်သိနားလည်မှုတို့အပြင် နိုင်ငံရေးလှည့်ကွက်များအပေါ် မှန်မှန်ကန်ကန် ကြိုတင်တွက်ချက်အဖြေထုတ်ကာ တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားကို ထိန်းသိမ်းမည့် အမျှော်အမြင်ကြီးသည့် ခေါင်း ဆောင်တစ်ဦးဖြစ်ကြောင်း သိရှိခွင့်ရရှိခဲ့ပါသည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီး၏ ဘဝဇာတ်ကြောင်းနှင့် ဗဟုသုတပြည့်စုံကြွယ်ဝမှုတို့မှာ ဥပဓိရုပ်တွင်လာရောက်ထင်ဟပ်နေသည်ကို သတိပြုမိခဲ့သလို မေးခွန်း အားလုံးအတွက် ကျိုးကြောင်းခိုင်လုံတရားမျှတသော အဖြေကို နှောင့်နှေးမှုအလျဉ်းမရှိ ပေးစွမ်းနိုင်ခြင်းတို့မှာ မိမိကို ပိုမိုစိတ်ဝင်စားစေခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုမျှမက မိမိတို့နှစ်ဦး ဆွေးနွေးနေစဉ်အတွင်း မိမိအနေဖြင့် လွတ်လပ်ပေါ့ပါးစွာဖြင့် ဖိအားပေးမှုတစ်စုံတစ်ရာကို မခံစားရသလို တစ်ဖက်မှ နိုင်ငံတစ်နိုင်ငံ၏ အကြီးအကဲခေါင်းဆောင်တစ်ဦးဖြစ်လင့်ကစား မိမိအပေါ်သို့ နှိမ့်ချဆက်ဆံသည့်အသွင်အပြင် လုံးဝ(လုံးဝ) မရှိခဲ့ပါ။ ထင်ထားသည်နှင့်ဆန့်ကျင်စွာပင် တန်းတူညီတူသဘောထားကာ ရုရှားတွင်ဆိုရိုးရှိသလို မျက်နှာချင်း ဆိုင် ရေပြင်ညီစကားပြောခွင့်ရရှိခဲ့ပါသည်။ ထို့ကြောင့်ပင် မိမိအနေဖြင့် နားလည်လိုက်သည့်အချက် တစ်ချက်မှာ တိုင်းရင်းသားလူမျိုးစုပေါင်းများစွာ စုပေါင်းနေထိုင်ကြသောနိုင်ငံတွင် မိမိကိုယ်ကို နှိမ့်ချဆက်ဆံ ပေးတတ်သော လူသားဆန်သည့် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အားလုံး၏ ချစ်ခင်လေးစားမှုကို ရရှိနေသည်မှာ မဆန်းပါ။ ဤနေရာတွင် Politics Magazine စာဖတ်သူပရိသတ်အတွက် မြန်မာနိုင်ငံ၏ ဖွဲ့စည်းဖြစ်တည်မှုနှင့် ပတ်သက်၍ အနည်းငယ်အသေးစိတ်ရှင်းလင်းရေးသားပေးလိုပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၁၉၈၉ ခုနှစ်အထိ ဗမာနိုင်ငံဟု လူသိများခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းမှ မြန်မာပြည်ဟု သိရှိလာခဲ့ကြသည့်နိုင်ငံ) သည် အရှေ့တောင်အာရှတွင် တည်ရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါ သည်။ ထိုနိုင်ငံသည် ယနေ့အချိန်တွင် ရုရှား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူထုအကြား စိတ်ဝင်စား မှုထင်သလောက် မရရှိ သေးသော်လည်း ၎င်းတို့၏စိတ်ဝင်စားမှုမှာ နှစ်စဉ်နှင့်အမျှ တိုးပွားလာလျက် ရှိနေပါ သည်။ ယခင်က ဗမာနိုင်ငံဟု အမည်တွင်ခဲ့ပါသည်။ ယခင်ရာစုနှစ်များဆီက လွန်စွာကြီးမားပြီး ဩဇာအာဏာ ရှိသည့် ဗမာအင်ပါယာကြီးအဖြစ် ရပ်တည်ခဲ့ ဖူးပါသည်။ သို့သော် (၁၉) ရာစုတွင် ဗမာနိုင်ငံသည် ဗြိတိသျှ-အိန္ဒိယလက်အောက်ခံ ကိုလိုနီနိုင်ငံအဖြစ်စာရင်းဝင်ခဲ့ပြီးနောက် သီးခြားကိုလိုနီ နိုင်ငံအဖြစ် ခွဲထုတ်ခြင်း ခံခဲ့ရ ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် မြန်မာနိုင်ငံသည် ဖက်ဆစ်ဂျပန်တို့၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး အိန္ဒိယသို့ ဆက်လက်တိုက်ခိုက်ရာတွင် စစ်တလင်းပြင်အဖြစ် အသုံးချခြင်းကိုခံခဲ့ရပါသည်။ ထို့နောက် လွတ်လပ်ရေး ကြိုးပမ်းမှုများ တက်ကြွစွာစတင်လာခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော အချုပ်အခြာအာ ဏာပိုင်နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရပ်တည် လာနိုင်ခဲ့ပါသည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်အ ကျယ်အဝန်းမှာ ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိပြီး လူဦးရေ ၅၄ သန်းခန့် နေထိုင်လျက်ရှိပါသည်။

၎င်းတို့အနက်မှ ၆၈ % သည် ဗမာလူမျိုးများဖြစ်ပြီး ရှမ်းလူမျိုး ၉ %၊ ကရင်လူမျိုး ၇%၊ ရခိုင်လူမျိုး ၃.၅%၊ မွန်လူမျိုး ၂%၊ ကချင်လူမျိုး ၁.၅%၊ ကယားလူမျိုး ၀.၇၅%၊ တရုတ်လူမျိုး ၂.၅%၊ ဟိန္ဒူလူမျိုး ၁.၂၅% တို့အပြင် အခြားတိုင်းရင်းသားလူမျိုး ပေါင်းများစွာသည်လည်း မြန်မာနိုင်ငံအတွင်း နေရာဒေသအနှံ့အပြား၌ ဖြန့်ကျက် နေထိုင်လျက်ရှိကြပါသည်။ စုစုပေါင်းအနေဖြင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုပေါင်း ၁၃၅ မျိုး စုပေါင်းနေထိုင်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံတွင် တရုတ် နှင့် အိန္ဒိယ လူမှုအဖွဲ့အစည်းကြီးများ ဖွဲ့စည်း တည်ရှိလျက်ရှိသည်။ နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံမှာ အသက် ၁၄ နှစ်အောက်လူငယ်များဖြစ်ကြပြီး နှစ်စဉ် လူဦးရေ တိုးနှုန်းသည် ၁ % နီးပါးခန့် လျော့နည်းလျက်ရှိနေပါသည်။ သို့သော် မိမိအမြင်အရ အရေးပါသည့် အချက်မှာ WHO မှ ပညာရှင်တို့၏ သုံးသပ်ချက်များ အရ မြန်မာနိုင်ငံ၏ Literacy Rate (ပညာတတ်ဦးရေ အချိုးကိန်း) မှာ ၉၁.၉% ရှိသည့်အချက်ပင်ဖြစ်ပါသည်။

ဤနေရာတွင် စဉ်းစားရမည့်အချက်မှာ ထိုကဲ့သို့ လူမျိုးပေါင်းစုံစုပေါင်းနေ ထိုင်ပြီး အသိပညာ၊ အတတ်ပညာ အရလည်း အရည်အချင်းပြည့်ဝနေသည့် ပြည်သူ လူထုကို အတူတကွပေါင်းစည်းထိန်းချုပ်ရန်မှာ လွန်စွာ ခက်ခဲ့သည့်အပြင် တိုင်းပြည် ၏ သမိုင်းတွင်လည်း သဘောထားအမြင်ကွဲလွဲမှုများစွာ ရှိခဲ့ကြသည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားကြရဦးမည်ဖြစ်ပါသည်။ ထိုအကြောင်းအရာကို အသေးစိတ် ရှင်းလင်းရ မည်ဆိုလျှင် နိုင်ငံ၏ကိုးကွယ်သည့် ဘာသာက စရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ကိုးကွယ်မှုမှာ ထေရဝါဒဗုဒ္ဓ ဘာသာဖြစ်ပြီး လူဦးရေ၏ ၈၉.၉% က ယုံကြည်ကိုးကွယ်လျက်ရှိပြီး ခရစ်ယာန်ဘာသာ (ရိုမန်ကက်သလစ်၊ အော်သိုဒေါ့က်စ်၊ ပရိုတက်စတင့်) ကို ယုံကြည်ကိုးကွယ်သူ ၆.၃ %၊ အစ္စလာမ်ဘာသာ ယုံကြည်ကိုးကွယ်သူ ၂.၃ % ၊ ရိုးရာနတ်ကိုးကွယ်သူ ၀.၈ %၊ ဟိန္ဒူဘာသာ ယုံကြည်ကိုးကွယ်သူ ၀.၅ % ရှိပါသည်။ ယခုလို ခွဲခြမ်းစိတ်ဖြာမှုမျိုးသည် လက်ရှိရုရှားနိုင်ငံအတွက်ပင် မဆိုထားနှင့် ဆိုဗီယက်ပြည်ထောင်စုခေတ်ကပင် နားလည်နိုင်ရန် မခက်ခဲခဲ့ပါ။ ထို့ကြောင့်ပင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အသိမှတ်ပြုပြီး သံတမန် ရေးရာ ဆက်သွယ်မှုများကို စတင်ဆောင်ရွက်ခဲ့သည့် နိုင်ငံများထဲတွင် ဆိုဗီယက်ပြည်ထောင်စုလည်း ပါဝင်ခဲ့ ခြင်းဖြစ်ပါသည်။

ဗမာနိုင်ငံ ခေါ်တွင်ခဲ့သော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည် မပျောက်ပျက် မဆုံးရှုံးစေရန် တာဝန်အရှိဆုံးဖြစ် သော၊ ထိုမျှမက တိုက်ပွဲဝင်ကာ ရယူပေးခဲ့သော မြန်မာ့တပ်မတော်သည် လေးစားမှုတစ်ခုကို ရရှိထားပြီးဖြစ်သ လို တပ်မတော်သား တို့သည်လည်း မြန်မာနိုင်ငံပြည်သူလူထုအကြားတွင် လေးစားအားကျဖွယ် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ယုတ္တိဗေဒကျကျ စဉ်းစားကြည့်မည်ဆိုလျှင် လွန်စွာပင် မြင့်မြတ်ကြီး လေးသည့်တာဝန်တစ်ခုဖြစ်သော အစိုးရလက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ အကြီးအကဲခေါင်းဆောင်ဖြစ် သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ရရှိရန်မှာ သာမန်ပြည်သူများအတွက်မဆိုထားနှင့် တပ်မတော်သားများအတွက်ပင် ခက်ခဲသည့် ဘဝခရီးလမ်းတစ်ခုဖြစ်ပါသည်။ ရုရှားနိုင်ငံတွင် အဆိုရှိသလို “လူသားက တွေးကြံသည်၊ ကံတရားက စီမံသည်” ဟူသော စကားအတိုင်း စစ်မျိုးစစ်နွယ်မှ ပေါက်ဖွားလာခြင်း မဟုတ်သော မောင်မင်းအောင်လှိုင်သည် ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦး ဖြစ်လာခဲ့ပါသည်။

မောင်မင်းအောင်လှိုင်ကို ၁၉၅၆ ခုနှစ် ဇူလိုင်လတွင် နာမည်ကျော် အနုပညာရှင် အင်ဂျင်နီယာမိသားစုမှ မွေးဖွား သန့်စင်ခဲ့ပါသည်။ အထက်တန်းကျောင်းပညာရေးကို ရန်ကုန်မြို့တွင် အောင်မြင်စွာပြီးဆုံးခဲ့ပြီးနောက် တက္ကသိုလ်တွင် ဥပဒေပညာကို ဆက်လက်ဆည်းပူးသင်ကြားခဲ့ပါသည်။ ကံတရားက လူငယ် မောင်မင်း အောင်လှိုင်အတွက် တစ်ချိန်တွင် အစိုးရဥပဒေဝန်ထမ်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်းရှင်အဖြစ် ရွေးချယ်ခွင့်ပေးမည်ဖြစ်သော်လည်း မထင်မှတ်ထားသော ရွေးချယ်မှုတစ်ခုအဖြစ် စစ်တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ကြားခဲ့ပါသည်။ စစ်တက္ကသိုလ်ကျောင်းဆင်း ဒုဗိုလ်ဘဝတွင်လည်း မိဘဆွေမျိုးများ၏ အထောက်အပံ့ကို မယူဘဲ ဝေးလံခေါင်းဖျားသည့်ဒေသများတွင် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါ သည်။ ထိုအခြေအနေမှသည် တစ်လှမ်းချင်းလှမ်းကာ အောင်မြင်မှုလှေကားထစ်များကို ကျော်ခြင်းခွခြင်း အလျဉ်းမရှိ တစ်ထစ်ချင်း တက်လှမ်းကာ တပ်မတော်တွင် အမြင့်ဆုံးရာထူးဖြစ်သော ကာကွယ်ရေးဦးစီးချုပ် အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။

အယ်ဒီတာ၏ ကြားဖြတ်စာပိုဒ်
ဤနေရာတွင် ကြားဖြတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးဖြစ်သူ Mr. N.A Listopadov ပြောကြားခဲ့ဖူးသည့် စကားချပ်တချို့အား ကောက်နုတ်ဖော်ပြလိုပါသည်။

“မြန်မာနိုင်ငံသည် ပထဝီဝင်နိုင်ငံရေးအရ လွန်စွာအရေးပါသော နေရာတွင် တည်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါ သည်။ နိုင်ငံကြီးများဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား တည်ရှိနေသလို တောင်အာရှနှင့် အရှေ့ တောင်အာရှနိုင်ငံတို့နှင့်လည်း ထိစပ်လျက်ရှိပြီး ကျယ်ပြန့်သော အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ကမ်းခြေကို ပိုင်ဆိုင်ထားသည့် နိုင်ငံလည်းဖြစ်ပါသည်။ ရုရှားနှင့်မြန်မာဆက်ဆံရေးသည်လည်း ကြာရှည်စွာတည်တံ့ခဲ့ပြီး ဖြစ်သလို ရိုးရာမပျက် မိတ်ကောင်းဆွေကောင်း ဆက်ဆံရေးတစ်ခုဖြစ်ပါသည်။ အလားတူပင် မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်နေသည့် အခြေအနေများအပေါ် စိတ်ပါဝင်စားစွာ စောင့်ကြည့်နေသည့် နိုင်ငံများလည်း များစွာရှိနေပါသည်။ ပထဝီဝင်အနေအထားအရ လမ်းဆုံလမ်းခွနေရာတွင် ရှိနေသော မြန်မာနိုင်ငံအတွက် ဘာမဆိုဖြစ်လာနိုင်ပါသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား ပေါင်းကူးတံတားတစ်ခုဖြစ်လာနိုင်သလို တောင်အာရှ နှင့် အရှေ့တောင်အာရှကြားတွင်လည်း ဆုံမှတ်တစ်ခုဖြစ်လာနိုင်ပါသည်။ မြန်မာနိုင်ငံအတွက် အထူးဂရုပြုရမည့်အချက်တစ်ချက်မှာ အင်အားခြင်း ယှဉ်ပြိုင်နေသော မဟာဗျူဟာမြောက် ပြိုင်ဘက်နိုင်ငံကြီး များဖြစ်ကြသည့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ယှဉ်ပြိုင်မှုများအတွက် ကစားကွင်းတစ်ခုဖြစ်မသွားစေရန် သတိထားရမည်ဖြစ်သလို အားပြိုင်မှုရမှတ်တစ်မှတ်အဖြစ် အသုံးချမသွားစေ ရန်လည်း လိမ္မာပါးနပ်ရန် လိုအပ်နေပြီး ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုမခံရစေရေး အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ရန် လွန်စွာအရေးကြီးပါသည်။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဘဝလမ်းကြောင်းတစ်လျှောက်ဖြတ်သန်း လာချိန်များသည် မြန်မာနိုင်ငံ အတွက် ကံတရားပေါင်းမျိုးစုံနှင့် ရင်ဆိုင်နေခဲ့ရပြီး ပြည်တွင်းပြည်ပ အနှောင့်အယှက်ပေါင်းစုံရင်ဆိုင် ဖြေ ရှင်းရသည့်ကာလများကိုပင် ကြုံကြိုက်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါသည်။ ပြည်ပနိုင်ငံများ၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် အစ္စလာမ္မစ်အစွန်းရောက် လက်နက်ကိုင်သောင်း ကျန်းသူများ ဖွဲ့စည်းပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နယ်နိမိတ်အတွင်း တွင်တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည့် ရခိုင်ဒေသ၏ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်တိုက်ခိုက်ခြင်းများလည်း ခံခဲ့ရပါသည်။ ထိုအကြမ်း ဖက်တိုက်ခိုက်မှုများသည် ဘာသာရေးအယူဝါဒများအပေါ် အခြေခံထားသည့် ပဋိပက္ခကိစ္စရပ်များဖြစ် သောကြောင့် ဒေသတွင်းပြည်သူလူထု၏ အခြေအနေကို တင်းမာစေရုံမျှမက မြန်မာနိုင်ငံအတွင်းတွင်ပင် မဟုတ်ဘဲ ဘေးအိမ်နီးချင်းနိုင်ငံများနှင့် အရှေ့တောင်အာရှ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကိုပါ ထိပါး နှောင့်ယှက်လာခဲ့ပါသည်။ ထိုဖြစ်စဉ် များပေါ်တွင် ခေါင်းပုံဖြတ်အမြတ်ထုတ်လိုသူများသည် နိုင်ငံရေးအသွင် ဆောင်ကာ မြန်မာနိုင်ငံ၏ အတွင်းရေးကိစ္စများကိုပါဝင်စွက်ဖက်နှောင့်ယှက်ရန် ကြိုးပမ်းလာကြသလို အာရှ-ဖိစိဖိတ်ဒေသတွင်း ကမ္ဘာ့နိုင်ငံရေးအခြေအနေများကိုပင် ပြောင်းလဲကြိုးကိုင်ခြယ်လှယ်လာခဲ့ကြပါသည်။

ယခုကဲ့သို့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတင်းမာမှုများကို ဉာဏ်ဆင်ဖန်တီးရ ခြင်း၏ ရည်ရွယ်ချက်မှာ လွန်စွာရိုးရှင်းလှပါသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းဖြတ်ကျော်၍ အိန္ဒိယ သမုဒ္ဒရာအတွင်းသို့ လွယ်ကူသော ထွက်ပေါက်တစ်ခုဖြစ်လာနိုင်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ကူမင်း-ကျောက်ဖြူမီးရထားလမ်းစီမံကိန်းများကို မလိုလားသည့် အင်အားစုတစ်ခု ရှိနေ၍ဖြစ်ပါသည်။ ထိုအကြောင်းအရာနှင့်ဆက်စပ်ကာ ထပ်မံသတိပြုရမည့်အချက်မှာ ဒီမိုကရေစီဟူသောခေါင်းစဉ်ဖြင့် အရှေ့တောင် အာရှဒေသတွင်းတွင်သာမက မြန်မာနိုင်ငံအတွင်းတွင်ပါ နိုင်ငံရေးအပြောင်းအလဲများကို မိတ်ဆွေအမည်ခံ ပါဝင်ဆောင်ရွက်နေသူများဖြစ်သည့် အနောက်နိုင်ငံတချို့နှင့် အမေရိကန်ပြည်ထောင်စုတို့ သည် အထက်ဖော်ပြပါ ဖြစ်စဉ်များတွင် မြန်မာပြည်အစိုးရကို လူသားချင်းစာနာထောက်ထားမှုမရှိကြောင်း အပြစ်တင်ရှုတ်ချသလို မြန်မာ့တပ်မတော် ကိုလည်း မူဆလင်မျိုးနွယ်ဝင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ ဆောင်ရွက်နေသဖွယ် ကမ္ဘာကထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံဖန်တီးအကွက်ဆင်လျက်ရှိနေပါသည်။ အမှန်တကယ်တွင် ဘာသာရေးအစွန်းရောက် လက်နက်ကိုင် သောင်းကျန်းသူများ ပါဝင်ပတ်သက်နေသည့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခ များမှသည် ပြည်တွင်းစစ်အသွင်သို့ ကူးပြောင်းမသွားစေရန် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းပေးထားသူမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သော မြန်မာ့တပ်မတော်ပင်ဖြစ်ပါသည်။

မြန်မာ့သမိုင်းတွင် မူဆလင်-ရိုဟင်ဂျာလူမျိုးများနှင့် ဒေသခံတိုင်းရင်းသားများအကြား ဘာသာရေးပဋိပက္ခများ သည် ကိုလိုနီခေတ်ကပင် စတင်ဖြစ်ပွားနေခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်အခါက အင်္ဂလိပ်တို့သည် လမ်းများ ဖောက်လုပ်ရာတွင် အလုပ်ကြမ်းခိုင်းစေရန်အတွက် ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ်တည်ရှိနေသော နေရာမှ ဒေသခံမူဆလင်လူမျိုးများကို ကျေးကျွန်များအဖြစ် ထောင်နှင့်သောင်းနှင့်ချီကာ မြန်မာနိုင်ငံနယ်နိမိတ် အတွင်းသို့ ခေါ်ဆောင်လာခဲ့ကြခြင်းဖြစ်ပါသည်။ ကနဦး အစတွင် ထိုကျေးကျွန်များကို ၎င်းတို့နေရပ်သို့ ပြန်ပို့ရန် အစီအစဉ်ရှိခဲ့ပါသည်။ သို့သော်နောက်ပိုင်းတွင် လက်တွေ့ဆောင်ရွက်ခြင်းမရှိဘဲ ရောက်သည့်နေရာ တွင်ပင်ထားခဲ့ရာ ဒေသခံတိုင်းရင်းသားများနှင့် နယ်မြေခွဲဝေမှုပြဿနာများ ပေါ်ပေါက်လာခဲ့ပါသည်။ ယခုအခါ ထိုဒေသများတွင် အနောက်နိုင်ငံများ၏ အကူအညီဖြင့် ထို ရိုဟင်ဂျာအမည်ခံ ကျူးကျော်နေထိုင်သူတို့ကို ကာကွယ်ရန် ခေါင်းစဉ်ဖြင့် ARSA ကဲ့သို့သော အကြမ်းဖက်အဖွဲ့အစည်းကိုပင် ဖွဲ့စည်းပြီး မြန်မာနိုင်ငံအစိုးရကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိနေပါသည်။ ARSA သည် ရုရှားလူမျိုးတို့အတွက် ISIS နှင့် Al-Kaida အကြမ်း ဖက်အဖွဲ့များလောက် ကြားဖူးနားဝမရှိသော်လည်း အကြမ်းဖက်ဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင် ၎င်းတို့နည်းတူ ရက်စက်ကြမ်းကြုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ထိုအချက်များအားလုံးကို ထည့်သွင်း စဉ်းစားကာ တိကျခိုင်မာသည့် သမိုင်းကြောင်းအထောက် အထားများနှင့် အမှန် တကယ်ဖြစ်ပေါ်လာနိုင်မည့် ဘေးအန္တရာယ်ဆိုးကျိုးတို့ကို ကြိုတင်တွက်ဆ၍ ဆောင်ရွက်ခဲ့သည့်အတွက်သာလျှင် အစွန်းမရောက်သော ရလဒ်များဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို တစ်ကမ္ဘာလုံး၏ရှေ့တွင် အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားနိုင်ခြင်းဖြစ်ပါသည်။ ထိုအတွေး၊ ထိုအမြင်၊ ထိုအရည်အချင်း များသည် ဤမျှ အင်အားတောင့်တင်းသော တပ်မတော်နှင့် များပြားခြားနား လှသော လူမျိုးပေါင်းစုံစုစည်းနေထိုင်ရာ ပြည်ထောင်စုတစ်ခုကို အုပ်ချုပ်သူအတွက် မဖြစ်မနေလိုအပ်မည့် အခြေခံအချက်များပင်ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံနှင့် စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို အလေးပေးသူတစ်ဦး ဖြစ်ပါသည်။ ၎င်းတာဝန်ထမ်းဆောင်စဉ်ကာလအတွင်းမှာပင် မြန်မာ့တပ်မတော်မှ အရာရှိသင်တန်းသားပေါင်း ၇၀၀၀ ကျော်သည် ရုရှားနိုင်ငံ တက္ကသိုလ်အသီးသီးတွင် အဆင့်မြင့်ပညာများ အောင်မြင်စွာ သင်ယူဆည်းပူးနိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်း ရှုပ်ထွေးလှသည့် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေတို့အတွက် မရှိမဖြစ်လိုအပ်သော ခေတ်မီစစ်လက် နက်ပစ္စည်းများကိုလည်း ရုရှားနိုင်ငံမှ ယုံကြည်စိတ်ချစွာ အစဉ်အမြဲဝယ်ယူ လျက်ရှိပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ် မတော်ကိုယ်စားလှယ်အဖွဲ့သည့် ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီတွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၅) နှစ်မြောက် မဟာအောင်ပွဲအထိမ်းအမှတ် စစ်ရေးပြအခမ်းအနား သို့ တက်ရောက်ခဲ့ကြပါသည်။ ထိုမျှမက ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံကြားတွင် ယဉ်ကျေးမှုရိုးရာအမွေအနှစ်နှင့် ဘာသာသာသနာ ထွန်းကားပြန့်ပွားရေးအတွက် လည်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ရာ မော်စကိုမြို့အနီး ဘာလာရှိခါအရပ်တွင် တည်ထောင်ခဲ့သော ထေရဝါဒဗုဒ္ဓစင်တာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ပင် ကြီးမှူးဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ထိုစင်တာနှင့် ပတ်သက်၍ “ဗုဒ္ဓဘာသာဆိုတာ အလွန်ရှေးကျတဲ့ အယူဝါဒတစ်ခု အလွန်ရှေးကျတဲ့ အတွေးအခေါ်ပညာတစ်ခုပဲဖြစ်တယ်။ ဗုဒ္ဓဘာသာဟာ မေတ္တာတရားကို အခြေခံထားတဲ့ ဘာသာတရားဖြစ်တဲ့အတွက် ရုရှားလူမျိုးတွေ အနေနဲ့လည်း ဒီဗုဒ္ဓစင်တာဖွင့်တာနှင့်ပတ်သက်၍ လက်မခံနိုင်စရာ အကြောင်း မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဒီဗုဒ္ဓစင်တာမှာ ဘုရားဝတ်ပြုလို့ရမယ်၊ ရဟန်းခံလို့ ရမယ်၊ မေတ္တာတရား၊ ခင်မင်ရင်းနှီးမှုနှင့် တစ်ဦးအပေါ်တစ်ဦး လေးစားမှုတွေကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်” ဟု ဖြေကြားခဲ့ဖူးပါသည်။

ထိုမေတ္တာတရား၊ ခင်မင်ရင်းနှီးမှုနှင့် တစ်ဦးအပေါ်တစ်ဦး လေစားမှုဟူသော အချက် သုံးချက်သည်ပင်လျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဘဝဒဿန ဖြစ်ဟန်တူပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမှန်တကယ်ပင် အခြား ကိုးကွယ်ရာဘာသာတရားများကိုလည်း လေးစားသူတစ်ဦးဖြစ်သလို လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံနှင့်လည်း အတူယှဉ်တွဲနေထိုင်နိုင်သူတစ်ဦး ဖြစ်ပါသည်။ ထို့အပြင် မိမိနိုင်ငံ ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို စေတနာအပြည့် ဖြင့် ဆောင်ရွက်ရင်း တပ်မတော်၏ အခန်းကဏ္ဍကို မြှင့်တင်ပေးလျက်ရှိပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ကြားဖူးသည့် စကားတချို့ကို ကောက်နုတ် ဖော်ပြလိုပါသည်။

“ခိုင်မာတောင့်တင်းသော တပ်မတော်ရှိမှသာလျှင် ၎င်း၏ စွမ်းဆောင်ရည်နှင့် ရဲစွမ်း သတ္တိကိုမှန်မှန်ကန်ကန်အသုံးချပြီး ဖြစ်ပေါ်နေတဲ့ ပြည်တွင်းမငြိမ်မသက်မှုတွေကို အပြီးတိုင် ရပ်တန့်ပေးနိုင်မှာဖြစ်သလို နားလည်ရလွယ်ကူ ရိုးရှင်းပြီး တစည်းတလုံး တည်း စုပေါင်းညီညာစွာချမှတ်ထားသော ရည်မှန်းချက် ၃ ရပ် ဖြစ်သည့် တစ်နိုင်ငံ အတိုင်းအတာဖြင့် ပကတိငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး၊ တောင့်တင်းခိုင်မာ သော စီးပွားရေးတည်ဆောက်နိုင်ရေး နှင့် နိုင်ငံအတွင်း နေထိုင်ကြသော မိသားစုအားလုံး လူသားတစ်ဦးတစ်ယောက်စီတိုင်း၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင် ရေးတို့အား အောင်မြင်စွာအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေဖြင့် နားလည်ထားရမှာက ကမ္ဘာပေါ်က ဘယ်တိုက် ဘယ်နိုင်ငံမှာ ဖြစ်ပါစေ နိုင်ငံတစ်နိုင်ငံ၏ တောင့်တင်းခိုင်မာသော တပ်မတော်သည် ထိုနိုင်ငံ ငြိမ်းချမ်းသာယာရေး၏ အာမခံချက်ဖြစ်သည်ဟူသော အချက်ပဲ ဖြစ်ပါတယ်”

#PeopleMedia #တပ်မတော် #ရုရှား #မြန်မာ


Share this post