• Follow Us on

Home ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္လုံၿခဳံေရးေဆာင္ရြက္ေနေသာတပ္ဖြဲ႕ဝင္မ်ားႏွင့္ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား ထိေတြ႕မႈျဖစ္ပြား၊ ARSA အေလာင္းႏွစ္ေလာင္းႏွင့္ လက္နက္မ်ား ရရွိ

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္လုံၿခဳံေရးေဆာင္ရြက္ေနေသာတပ္ဖြဲ႕ဝင္မ်ားႏွင့္ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား ထိေတြ႕မႈျဖစ္ပြား၊ ARSA အေလာင္းႏွစ္ေလာင္းႏွင့္ လက္နက္မ်ား ရရွိ

Share this post

ရန္ကုန္၊ဇြန္လ – ၄

ရခိုင္ျပည္နယ္အတြင္း တရားဥပေဒစိုးမိုးေရး၊ နယ္ေျမလုံၿခဳံေရးတို႔အတြက္ ရခိုင္ျပည္နယ္အတြင္းႏွင့္ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မ်ဉ္းတစ္ေလွ်ာက္၌ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ားကို ေန႔ညမျပတ္ေဆာင္ရြက္လ်က္ရွိသည္။

ထိုသို႔ေဆာင္ရြက္လ်က္ရွိရာ ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္မ်ဉ္းတစ္ေလွ်ာက္ လုံၿခဳံေရးေဆာင္ရြက္လ်က္ရွိေသာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ယေန႔ ညေန ၄ နာရီ ခြဲခန္႔တြင္ နယ္စပ္မွတ္တိုင္အမွတ္ ဘီပီ-၃၄ ႏွင့္ ဘီပီ-၃၅ အၾကားသို႔ အေရာက္၌ မီးဒိုက္ ေက်းရြာဘက္မွ နယ္စပ္ၿခံစည္း႐ိုးဘက္သို႔ထြက္ခြာလာသည့္ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမား ၂၅ ဦးခန္႔ႏွင့္ ညေန ၅ နာရီအထိ အျပန္အလွန္ထိေတြ႕ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားသည္ အေရွ႕ေတာင္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့သည္။

ျဖစ္စဉ္တြင္ ARSAအစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားထံမွ ေျပာက္က်ား ယူနီေဖာင္းဝတ္အေလာင္း ၂ ေလာင္းကို ၎တို႔ကိုင္ေဆာင္သည့္ ေသနတ္ ၂ လက္၊ ခဲယမ္းဆက္စပ္ပစၥည္းမ်ားႏွင့္အတူ သိမ္းဆည္းရမိခဲ့ၿပီး မိမိဘက္မွ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

#PeopleMedia #ARSA

[Unicode]
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ထိတွေ့မှုဖြစ်ပွား၊ ARSA အလောင်းနှစ်လောင်းနှင့် လက်နက်များ ရရှိ
……………………………………………………………………….

ရန်ကုန်၊ဇွန်လ – ၄

ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အတွက် ရခိုင်ပြည်နယ်အတွင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးလုပ်ငန်းများကို နေ့ညမပြတ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်လျက်ရှိသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် ယနေ့ ညနေ ၄ နာရီ ခွဲခန့်တွင် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၃၄ နှင့် ဘီပီ-၃၅ အကြားသို့ အရောက်၌ မီးဒိုက် ကျေးရွာဘက်မှ နယ်စပ်ခြံစည်းရိုးဘက်သို့ထွက်ခွာလာသည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၂၅ ဦးခန့်နှင့် ညနေ ၅ နာရီအထိ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် ARSAအစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများထံမှ ပြောက်ကျား ယူနီဖောင်းဝတ်အလောင်း ၂ လောင်းကို ၎င်းတို့ကိုင်ဆောင်သည့် သေနတ် ၂ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PeopleMedia #ARSA


Share this post