• Follow Us on

Home ၀င္ေငြနည္း ျပည္သူမ်ား အလုပ္အကိုင္ဆုံးရႈံးျခင္း၊ ၀င္ေငြက် ဆင္းျခင္းတို႔ေၾကာင့္ အိမ္ငွားေနထိုင္ရန္ပင္မတတ္ ႏိုင္သည့္အတြက္ အိမ္ရာမဲ့မ်ားတိုးပြားလာႏိုင္ေၾကာင္းေဆာက္လုပ္ေရး၀န္ႀကီး ေျပာၾကား

၀င္ေငြနည္း ျပည္သူမ်ား အလုပ္အကိုင္ဆုံးရႈံးျခင္း၊ ၀င္ေငြက် ဆင္းျခင္းတို႔ေၾကာင့္ အိမ္ငွားေနထိုင္ရန္ပင္မတတ္ ႏိုင္သည့္အတြက္ အိမ္ရာမဲ့မ်ားတိုးပြားလာႏိုင္ေၾကာင္းေဆာက္လုပ္ေရး၀န္ႀကီး ေျပာၾကား

Share this post

ရန္ကုန္၊ ၾသဂုတ္ ၈

၀င္ေငြနည္း ျပည္သူမ်ား အလုပ္အကိုင္ဆုံးရႈံးျခင္း၊ ၀င္ေငြက်ဆင္းျခင္းတို႔ေၾကာင့္ အိမ္ငွားေနထိုင္ရန္ပင္မ တတ္ႏိုင္သည့္အတြက္ အိမ္ရာမဲ့မ်ားတိုးပြားလာႏိုင္ေၾကာင္းေဆာက္လုပ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးဟန္ေဇာ္ကေျပာၾကားလိုက္သည္။

ၾသဂုတ္လ ၇ရက္ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံျမဳိ႔သစ္ေတာင္ပိုင္းျမဳိ႔နယ္ စံျပစိုက္ပ်ိဳးေရး အထူးဇုန္ရွိ အိမ္ရာစီမံ ကိန္း၀င္းအတြင္းက်င္းပသည့္ ျပည္သူ႔အငွားအိမ္ရာစီမံကိန္း ပႏၷက္တင္ မဂၤလာ အခမ္းအနားတြင္ ေဆာက္လုပ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးဟန္ေဇာ္ကေျပာၾကားခဲ့သည္။

“ျမန္မာႏိုင္ငံ၏ ၂၀၁၄ခုႏွစ္ ျမဳိ႔ျပလူဦးေရ ၁၅သန္းအနက္ တစ္လ၀င္ေငြက်ပ္သုံးသိန္းေအာက္ျဖစ္တဲ့ ၀င္ေငြ နည္းျပည္သူမ်ားမွာ အလုပ္အကိုင္ဆုံးရႈံးျခင္း၊ ၀င္ေငြက်ဆင္းျခင္းတို႔ေၾကာင့္ အိမ္ငွားေနထိုင္ရန္ပင္မ တတ္ႏိုင္ေတာ့တဲ့အတြက္ အိမ္ရာမဲ့မ်ားတိုးပြားလာႏိုင္ပါတယ္’’ဟု ၎ကေျပာသည္။

၂၀၂ဝ ျပည့္ႏွစ္ covid 19 ကာလအတြင္း ျမန္မာႏိုင္ငံတြင္ အလုပ္လက္မဲ့ျဖစ္သြားသည့္အလုပ္သမား ၂သိန္းခြဲခန္႔ရွိေၾကာင္း အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာနက ဒု၀န္ႀကီးကသတင္းထုတ္ျပန္ခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ လူဦးေရ ၇သန္းေက်ာ္ရွိၿပီးအမ်ားစုမွာ ေျမေနရာအလြတ္မ်ားတြင္ ၀င္ေရာက္ ေနထိုင္ျခင္း၊ တစ္လလွ်င္ က်ပ္ေျခာက္ေသာင္းမွ ကိုးေသာင္းအထိ ေပးေခ်ရေသာ အိမ္ခန္းတြဲမ်ားတြင္ ငွားရမ္းေနထိုင္ရျခင္းတို႔ျဖစ္ေၾကာင္းသိရသည္။

#PeopleMedia

(unicode)
ဝင်ငွေနည်း ပြည်သူများ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ဝင်ငွေကျဆင်းခြင်း တို့ကြောင့် အိမ်ငှားနေထိုင်ရန်ပင်မတတ် နိုင်သည့်အတွက် အိမ်ရာမဲ့များ တိုးပွားလာနိုင်ကြောင်းဆောက်လုပ်ရေးဝန်ကြီး ပြောကြား
…………………………………………………

ရန်ကုန်၊ ဩဂုတ် ၈

ဝင်ငွေနည်း ပြည်သူများ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ဝင်ငွေကျဆင်းခြင်းတို့ကြောင့် အိမ်ငှားနေထိုင်ရန်ပင်မ တတ်နိုင်သည့်အတွက် အိမ်ရာမဲ့များတိုးပွားလာနိုင်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောကြားလိုက်သည်။

ဩဂုတ်လ ရရက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် စံပြစိုက်ပျိုးရေး အထူးဇုန်ရှိ အိမ်ရာစီမံ ကိန်းဝင်းအတွင်းကျင်းပသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း ပန္နက်တင် မင်္ဂလာ အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ် မြို့ပြလူဦးရေ ၁၅သန်းအနက် တစ်လဝင်ငွေကျပ်သုံးသိန်းအောက်ဖြစ်တဲ့ ဝင်ငွေ နည်းပြည်သူများမှာ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ဝင်ငွေကျဆင်းခြင်းတို့ကြောင့် အိမ်ငှားနေထိုင်ရန်ပင်မ တတ်နိုင်တော့တဲ့အတွက် အိမ်ရာမဲ့များတိုးပွားလာနိုင်ပါတယ်’’ဟု ၎င်းကပြောသည်။

၂၀၂ဝ ပြည့်နှစ် covid 19 ကာလအတွင်း မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်သွားသည့်အလုပ်သမား ၂သိန်းခွဲခန့်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဒုဝန်ကြီးကသတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ရသန်းကျော်ရှိပြီးအများစုမှာ မြေနေရာအလွတ်များတွင် ဝင်ရောက် နေထိုင်ခြင်း၊ တစ်လလျှင် ကျပ်ခြောက်သောင်းမှ ကိုးသောင်းအထိ ပေးချေရသော အိမ်ခန်းတွဲများတွင် ငှားရမ်းနေထိုင်ရခြင်းတို့ဖြစ်ကြောင်းသိရသည်။

#PeopleMedia


Share this post