• Follow Us on

Home ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ပြည်ခိုင်ဖြိုးပါတီ ယနေ့ပြောဆို


Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၁၁
 
 
 
 
 
(unicode)
၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ပြည်ခိုင်ဖြိုးပါတီ ယနေ့ပြောဆို
…………………………………………………..
 
ရန်ကုန်၊ နိုဝင်ဘာ – ၁၁
 
၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုမရှိခြင်းကြောင့် ရွေးကောက်ပွဲကို အသိအမှတ် မပြုနိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ပြောဆိုလိုက်သည်။
 
နိုဝင်ဘာ(၁၁)ရက်နေ့၌ ရန်ကုန်မြို့၊ ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြည်ခိုင်ဖြိုးပါတီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ အထက်ပါအတိုင်း ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများက ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
 
ရွေးကောက်ပွဲအားအသိအမှတ်မပြုခြင်းသည် လူတစ်ယောက်ကို မဲနှစ်ခါပေးနိုင်ခြင်းအပါအဝင်၊ သေသူများ မဲစာရင်းဖြင့် မဲပေးခဲ့ခြင်း၊ ပြည်ခိုင်ဖြိုးပါတီ မဲများပျောက်ဆုံးခြင်းနှင့် ငွေကြေးပေးကာ မဲဆွယ်ခြင်း၊ မှတ်ပုံတင်ဖြင့် မဲပေးရမည်ဖြစ်သော်လည်း မှတ်ပုံတင်မရှိပဲ မဲပေးနိုင်ခဲ့ခြင်းနှင့် ရပ်ကျေးကော်မရှင်များတွင် NLD ပါတီဝင်များ ပါဝင်ခဲ့ခြင်းအပါအဝင်း ရွေးကောက်ပွဲအားအသိအမှတ်မပြုခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းစာရှင်း လင်းပွဲ၌ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
 
#PeopleMedia #2020electionMyanmar #USDP

Share this post