• Follow Us on

Home ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ (၃၁၀,၀၀၀) ကျော် ဝင်ရောက်ဖြေဆိုမည်ဖြစ်ရာ ရခိုင်ပြည်နယ်မှ အများဆုံးဝင်ရောက်ဖြေဆိုမည်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ (၃၁၀,၀၀၀) ကျော် ဝင်ရောက်ဖြေဆိုမည်ဖြစ်ရာ ရခိုင်ပြည်နယ်မှ အများဆုံးဝင်ရောက်ဖြေဆိုမည်

Share this post

မန္တလေး၊ မတ် ၁၂

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ (၃၁၂,၂၉၉) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ရာ ရခိုင်ပြည်နယ်မှ ကျောင်းသားအများဆုံး ဝင်ရောက် ဖြေဆိုမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစဉ်ဌာန (၁၂၅၆) ခုတွင် ကျောင်းမှ ဝင်ရောက်ဖြေဆိုမည့်သူ (၂၀၀,၇၆၈) ဦးနှင့် အလွတ်ဖြေဆိုမည့်သူ (၁၁၁,၅၃၁) ဦး ရှိ၍ စုစုပေါင်း ဖြေဆိုသူအရေအတွက်မှာ (၃၁၂,၂၉၉) ဦး ရှိနေကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများမှာ ရခိုင်ပြည်နယ်မှ ကျောင်းသားကျောင်းသူ (၄၅၅၉၂) ဦးဖြင့် အများဆုံး ဝင်ရောက်ဖြေဆိုမည်ဖြစ်သလို ဧရာဝတီတိုင်းမှာ (၄၀၃၂၀) ဦးဖြင့် ဒုတိယအများဆုံး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး၊ ရန်ကုန်တိုင်းတွင် (၃၇၅၆၀) ဦးဖြင့် တတိ ယအများဆုံး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

 

အနည်းဆုံး ဝင်ရောက်ဖြေဆိုမည့် ပြည်နယ်မှာ ကယားပြည်နယ်ဖြစ်ပြီး ယင်းပြည်နယ် စုစုပေါင်း ကျောင်းသား (၇၈၀) ဦးသာ ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………..

 

မန်တလေး၊ မတျ ၁၂

 


 


 


 


 

#PeopleMedia


Share this post