• Follow Us on

Home (၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ ပြည်ထဲရေးဒုဝန်ကြီး တက်ရောက်

(၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ ပြည်ထဲရေးဒုဝန်ကြီး တက်ရောက်

Share this post

နေပြည်တော်၊ မတ် ၈

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ၄ ရက် အထိ ကျင်းပပြုလုပ်သည့် (၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (40th ASEANAPOL Conference) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ညီလာခံအစီအစဉ်အနေဖြင့် မတ်လ ၁ ရက်နေ့တွင် (၁၁) ကြိမ်မြောက် အလုပ်အမှုဆောင် ကော်မတီအစည်း အဝေးကိုလည်းကောင်း၊ မတ်လ ၂ ရက်နေ့တွင် (၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံဖွင့်ပွဲအခမ်းအနား၊ ပထမအကြိမ်စုံညီအစည်းအဝေး၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ၏ တွေ့ ဆုံဆွေးနွေးပွဲ၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ ၏တွေ့ဆုံဆွေးနွေးပွဲ၊ ကော်မရှင် A၊ B၊ C အစည်းအဝေးများကိုလည်းကောင်း၊ မတ်လ ၃ ရက်နေ့တွင် အာဆီ ယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၏ ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဂေါက်သီးရိုက် အားက စားအဖွဲ့များ၏ ဂေါက်သီးရိုက်ပြိုင်ပွဲတိုကိုလည်းကောင်း၊ မတ်လ ၄ ရက်နေ့တွင် ဒုတိယအကြိမ်စုံညီ အစည်း အဝေးနှင့် (၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံပိတ်ပွဲအခမ်းအနားတို့ကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ပြုလုပ်ခဲ့သော ကော်မရှင် A ၊ B ၊ C အစည်းအဝေးများ၌ မူးယစ်ဆေးဝါးကုန် ကူးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရိစ္ဆာန်မှုခင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ လိမ်လည်မှု၊ စီးပွားရေးဆိုင်ရာလိမ်လည်မှု၊ ဆိုက်ဘာမှုခင်း၊ ခရီးသွားစာရွက်စာတမ်းအတုပြုလုပ်မှု၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများအကြား စွမ်းရည်မြှင့် တင်ရေးအစီအစဉ်၊ မှုခင်းဆေးသိပ္ပံ ဆိုင်ရာချိတ်ဆက်ဆောင်ရွက်ရေးစသည့်အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 

(၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (40th ASEANAPOL Conference) သို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင်ညွှန် ကြားရေးမှူးနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ ဆွေးနွေးဘက် နိုင်ငံ/ အဖွဲ့အစည်းများဖြစ်ကြသော အပြည် ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊ တူရကီ၊ ဗြိတိန်၊ သြစတြေး လျနိုင်ငံတို့မှ ရဲချုပ်များနှင့် အဆင့်မြင့် ရဲအရာရှိကြီးများ၊ လေ့လာဘက်နိုင်ငံ/ အဖွဲ့အစည်းများဖြစ်ကြသော ကနေဒါ၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာရဲချုပ်များအသင်း (International Association of Chiefs of Police – IACP)၊ Federal Bureau of Investigation (FBI) တို့မှ အဆင့်မြင့်ရဲ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post