• Follow Us on

Home (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့၌ သရေစည်သူဘွဲ့ရရှိသူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ စည်သူဘွဲ့ရရှိသူ (၁၀) ဦးအပါအဝင် စုစုပေါင်း (၃၁) ဦးကို ဂုဏ်ထူူးဆောင်ဘွဲ့များ ချီးမြှင့်ခဲ့

(၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့၌ သရေစည်သူဘွဲ့ရရှိသူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ စည်သူဘွဲ့ရရှိသူ (၁၀) ဦးအပါအဝင် စုစုပေါင်း (၃၁) ဦးကို ဂုဏ်ထူူးဆောင်ဘွဲ့များ ချီးမြှင့်ခဲ့

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၅ (People Media)

 

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့၌ သရေစည်သူဘွဲ့ရရှိသူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စည်သူဘွဲ့ရရှိသူ (၁၀) ဦး၊ သူရဘွဲ့ရရှိသူ (၁) ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ (၁၇) ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ (၂) ဦး၊ စုစုပေါင်း (၃၁) ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

 

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ကျင်းပခဲ့သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်အပ်နှင်းခဲ့သော ပြည် ထောင်စုစည်သူ သင်္ဂဟဘွဲ့များဖြစ်သည့် သရေစည်သူဘွဲ့ရရှိသူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုလည်းကောင်း၊ စည်သူဘွဲ့ရရှိကြသူများကိုယ်စားကောင်စီဝင် ဗိုလ်ချုပ် ကြီး မြထွန်းဦးကိုလည်းကောင်း၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ အမှတ်(၂၀၇) ခြေမြန်တပ်ရင်းမှ ဒုတိယတပ်ကြပ် သက်ရှည်ကိုယ်စား ၎င်း၏ဇနီးကိုလည်းကောင်း၊ စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ရရှိကြသူ ၁၇ ဦး ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိကြသူ ၂ ဦး ကိုယ်စား ဦးမောင်ကို ကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင်လည်း သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၆ ဦး၊ သိပ္ပံပညာထူးချွန်တံဆိပ် (ပထမ) ဆင့် ရရှိသူ ၈ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂ ဦး၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၂ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၄၀ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၈၂ ဦးတို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းမှူးများက တစ်ချိန်တည်းတစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #နစက

 

(unicode)


………………………………………………………….

 


 


 


 


 


 



Share this post