• Follow Us on

Home ၾသစႀတီးယားအၾကမ္းဖက္ပစ္ခတ္မႈေနာက္ကြယ္တြင္႐ွိေနဟု အိုင္အစ္စ္အဖြဲ႔ထုတ္ေျပာ

ၾသစႀတီးယားအၾကမ္းဖက္ပစ္ခတ္မႈေနာက္ကြယ္တြင္႐ွိေနဟု အိုင္အစ္စ္အဖြဲ႔ထုတ္ေျပာ

Share this post

ဗီယင္နာ၊ ႏို၀င္ဘာ ၄
 
ၾသစႀတီးယားႏိုင္ငံၿမိဳ႕ေတာ္ဗီယင္နာတြင္ တနလၤာေန႔ညကျဖစ္ပြားခဲ့သည့္အၾကမ္းဖက္ပစ္ခတ္မႈ ေနာက္ကြယ္တြင္ သူတို႔႐ွိေနသည္ဟု အိုင္အက္စ္ဟုသူတို႔ကိုယ္သူတို႔သံုးႏႈန္းသည့္ အစၥလာမ္မစ္ႏိုင္ငံ ေတာ္အၾကမ္းဖက္အဖြဲ႔က အဂၤါေန႔တြင္ ထုတ္ေျပာသည္။
 
အိုင္အက္စ္ေထာက္ခံသျဖင့္ ေထာင္က်ခဲ့သည့္ အသက္ ၂၀ အ႐ြယ္ ကူတင္မ္ ဖက္ဇူလိုင္က ကလက္နီေကာ့ဗ္ေသနတ္တလက္ျဖင့္ ဗီယင္နာၿမိဳ႕လူသြားလူလာမ်ားသည့္ေနရာတြင္ ပစ္ခတ္ခဲ့သျဖင့္ လူ ၄ ေယာက္ေသဆံုးသည္။
 
ဥေရာပတြင္အလားတူအၾကမ္းဖက္တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း၀န္ခံဖူးသည့္အိုင္အက္စ္အဖြဲ႔က မြတ္ဆလင္ေ႐ွးေဟာင္းအုပ္ခ်ဳပ္သူမ်ား၏စစ္သားတေယာက္က တိုက္ခိုက္မႈအတြက္တာ၀န္႐ွိေၾကာင္း ဝါဒျဖန္႔ေအဂ်င္စီမွတဆင့္ေၾကညာသည္။
 
တနလၤာေန႔တြင္ ေသနတ္သမားကို ရဲမ်ားက အေသပစ္ဖမ္းခဲ့ၿပီး တေယာက္ထဲၾကံစည္ခဲ့ဟုတ္၊ မဟုတ္ေဖာ္ထုတ္ရန္ ေနာက္ပိုင္းတြင္ ေနရာ ၁၈ ေနရာ၌ ဖမ္းဆီးမႈ ၁၄ ခုလုပ္ခဲ့သည္။
 
ပစ္ခတ္မႈျဖစ္ပြားသည့္ေနရာမွလံုျခံဳေရးကင္မရာမွတ္တမ္းမ်ားကိုၾကည့္႐ွဳၿပီးေနာက္ ေသနတ္သမားေနာက္တေယာက္ပါ၀င္ေၾကာင္း ယခုအခ်ိန္တြင္ မျမင္ရေသးဟု ျပည္ထဲေရး၀န္ႀကီး ကားလ္ နီဟမ္မာကေျပာသည္။ သူက ေဖာက္ခြဲေရးခါးပတ္အတု၀တ္ဆင္ထားေၾကာင္းေတြ႕ရသည္ဟုလည္း ရဲမ်ားကေျပာသည္။
 
Ref : Islamic State claims Vienna shooting as Austria mourns
 
#PeopleMedia
 
(unicode)
သြစတြီးယားအကြမ်းဖက်ပစ်ခတ်မှုနောက်ကွယ်တွင်ရှိနေဟု အိုင်အစ်စ်အဖွဲ့ထုတ်ပြော
………………………………………
 
ဗီယင်နာ၊ နိုဝင်ဘာ ၄
 
သြစတြီးယားနိုင်ငံမြို့တော်ဗီယင်နာတွင် တနင်္လာနေ့ညကဖြစ်ပွားခဲ့သည့်အကြမ်းဖက်ပစ်ခတ်မှု နောက်ကွယ်တွင် သူတို့ရှိနေသည်ဟု အိုင်အက်စ်ဟုသူတို့ကိုယ်သူတို့သုံးနှုန်းသည့် အစ္စလာမ်မစ်နိုင်ငံ တော်အကြမ်းဖက်အဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြောသည်။
 
အိုင်အက်စ်ထောက်ခံသဖြင့် ထောင်ကျခဲ့သည့် အသက် ၂၀ အရွယ် ကူတင်မ် ဖက်ဇူလိုင်က ကလက်နီကော့ဗ်သေနတ်တလက်ဖြင့် ဗီယင်နာမြို့လူသွားလူလာများသည့်နေရာတွင် ပစ်ခတ်ခဲ့သဖြင့် လူ ၄ ယောက်သေဆုံးသည်။
 
ဥရောပတွင်အလားတူအကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းဝန်ခံဖူးသည့်အိုင်အက်စ်အဖွဲ့က မွတ်ဆလင်ရှေးဟောင်းအုပ်ချုပ်သူများ၏စစ်သားတယောက်က တိုက်ခိုက်မှုအတွက်တာဝန်ရှိကြောင်း ဝါဒဖြန့်အေဂျင်စီမှတဆင့်ကြေညာသည်။
 
တနင်္လာနေ့တွင် သေနတ်သမားကို ရဲများက အသေပစ်ဖမ်းခဲ့ပြီး တယောက်ထဲကြံစည်ခဲ့ဟုတ်၊ မဟုတ်ဖော်ထုတ်ရန် နောက်ပိုင်းတွင် နေရာ ၁၈ နေရာ၌ ဖမ်းဆီးမှု ၁၄ ခုလုပ်ခဲ့သည်။
 
ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှလုံခြုံရေးကင်မရာမှတ်တမ်းများကိုကြည့်ရှုပြီးနောက် သေနတ်သမားနောက်တယောက်ပါဝင်ကြောင်း ယခုအချိန်တွင် မမြင်ရသေးဟု ပြည်ထဲရေးဝန်ကြီး ကားလ် နီဟမ်မာကပြောသည်။ သူက ဖောက်ခွဲရေးခါးပတ်အတုဝတ်ဆင်ထားကြောင်းတွေ့ရသည်ဟုလည်း ရဲများကပြောသည်။
 
Ref : Islamic State claims Vienna shooting as Austria mourns
 
#PeopleMedia

Share this post