• Follow Us on

Home ၾသစႀတီးယားအၾကမ္းဖက္ပစ္ခတ္မႈေၾကာင့္ အနည္းဆံုး လူ ၂ ေယာက္ေသဆံုး၊ ေသနတ္သမားမ်ားကို ႐ွာေဖြေန

ၾသစႀတီးယားအၾကမ္းဖက္ပစ္ခတ္မႈေၾကာင့္ အနည္းဆံုး လူ ၂ ေယာက္ေသဆံုး၊ ေသနတ္သမားမ်ားကို ႐ွာေဖြေန

Share this post

ဗီယင္နာ၊ ႏို၀င္ဘာ ၃
ၾသစႀတီးယားႏိုင္ငံၿမိဳ႕ေတာ္ဗီယင္နာမွေနရာ ၆ ေနရာတြင္ ႐ိုင္ဖယ္မ်ားကိုင္ထားသည့္ေသနတ္သမားမ်ားက ပစ္ခတ္ခဲ့ၿပီးေနာက္ အနည္းဆံုးလူ ၂ ေယာက္ေသဆံုးခဲ့ၿပီး ေနာက္ထပ္တေယာက္ဒဏ္ရာျပင္းထန္သည္ဟု ရဲမ်ားကေျပာသည္။
ထိုတိုက္ခိုက္မႈသည္ စက္ဆုပ္ဖြယ္အၾကမ္းဖက္တိုက္ခိုက္မႈဟု ၀န္ႀကီးခ်ဳပ္ ဆီဘက္စ္႐ွန္ ကားဇ္ကေျပာၿပီး ေသနတ္သမား ၁ ေယာက္ေသဆံုးေၾကာင္းလည္း အတည္ျပဳသည္။
လြတ္ေျမာက္ေနသည့္ေသနတ္သမားအနည္းဆံုး ၁ ေယာက္ကို ရဲမ်ားက႐ွာေဖြေနေၾကာင္းလည္း ျပည္ထဲေရး ၀န္ႀကီးကေျပာသည္။
ပစ္ခတ္မႈမ်ားသည္ ဗီယင္နာၿမိဳ႕၏အဓိကရဟူဒီဘုရားေက်ာင္းနားတြင္ျဖစ္ပြားခဲ့ၿပီး ထိုေနရာကိုပစ္မွတ္ထား ခဲ့ျခင္းဟုတ္၊ မဟုတ္မ႐ွင္းလင္းေသးေခ်။
ေသဆံုးသူတေယာက္သည္ ပစ္ခတ္မႈျဖစ္ပြားရာတြင္ေသဆံုးခဲ့ၿပီး ေနာက္ထပ္အမ်ိဳးသမီးတေယာက္က ေနာက္ပိုင္းတြင္ေဆး႐ံု၌ေသဆံုးျခင္းျဖစ္သည္ဟု ၿမိဳ႕ေတာ္၀န္ မိုက္ကယ္ လူဒြစ္ကေျပာသည္။
ေနာက္ထပ္လူ ၁၄ ေယာက္ေဆး႐ံုတြင္႐ွိေနေသးၿပီ ၆ ေယာက္စိုးရိမ္ရသည့္အေျခအေနတြင္႐ွိသည္။
ရဲအရာ႐ွိတေယာက္လည္း ဒဏ္ရာရခဲ့သည္ဟု ျပည္ထဲေရး၀န္ႀကီးဌာနကေျပာသည္။
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈျမင့္တက္သျဖင့္ တႏိုင္ငံလံုးတြင္ကန္႔သတ္မႈအသစ္မ်ားခ်မွတ္လိုက္ၿပီး နာရီပိုင္း အၾကာတြင္ တိုက္ခိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
ႏို၀င္ဘာ ၃ ရက္မွစတင္၍လကုန္အထိပိတ္သိမ္းရမည့္ဘားမ်ားႏွင့္စားေသာက္ဆိုင္မ်ားတြင္ လူမ်ားေနခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္းလည္းျဖစ္သည္။ ထိုပစ္ခတ္မႈကို ကမာၻ႔ႏိုင္ငံမ်ား၏ေခါင္းေဆာင္မ်ားက ႐ွဳတ္ခ်ေနသည္။
Ref : Vienna shooting: Gunman hunted after deadly ‘terror’ attack
#PeopleMedia
(unicode)
သြစတြီးယားအကြမ်းဖက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ယောက်သေဆုံး၊ သေနတ်သမားများကို ရှာဖွေနေ
……………………………………………………….
ဗီယင်နာ၊ နိုဝင်ဘာ ၃
သြစတြီးယားနိုင်ငံမြို့တော်ဗီယင်နာမှနေရာ ၆ နေရာတွင် ရိုင်ဖယ်များကိုင်ထားသည့်သေနတ်သမားများက ပစ်ခတ်ခဲ့ပြီးနောက် အနည်းဆုံးလူ ၂ ယောက်သေဆုံးခဲ့ပြီး နောက်ထပ်တယောက်ဒဏ်ရာပြင်းထန်သည်ဟု ရဲများကပြောသည်။
ထိုတိုက်ခိုက်မှုသည် စက်ဆုပ်ဖွယ်အကြမ်းဖက်တိုက်ခိုက်မှုဟု ဝန်ကြီးချုပ် ဆီဘက်စ်ရှန် ကားဇ်ကပြောပြီး သေနတ်သမား ၁ ယောက်သေဆုံးကြောင်းလည်း အတည်ပြုသည်။
လွတ်မြောက်နေသည့်သေနတ်သမားအနည်းဆုံး ၁ ယောက်ကို ရဲများကရှာဖွေနေကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးကပြောသည်။
ပစ်ခတ်မှုများသည် ဗီယင်နာမြို့၏အဓိကရဟူဒီဘုရားကျောင်းနားတွင်ဖြစ်ပွားခဲ့ပြီး ထိုနေရာကိုပစ်မှတ်ထား ခဲ့ခြင်းဟုတ်၊ မဟုတ်မရှင်းလင်းသေးချေ။
သေဆုံးသူတယောက်သည် ပစ်ခတ်မှုဖြစ်ပွားရာတွင်သေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသမီးတယောက်က နောက်ပိုင်းတွင်ဆေးရုံ၌သေဆုံးခြင်းဖြစ်သည်ဟု မြို့တော်ဝန် မိုက်ကယ် လူဒွစ်ကပြောသည်။
နောက်ထပ်လူ ၁၄ ယောက်ဆေးရုံတွင်ရှိနေသေးပြီ ၆ ယောက်စိုးရိမ်ရသည့်အခြေအနေတွင်ရှိသည်။
ရဲအရာရှိတယောက်လည်း ဒဏ်ရာရခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနကပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမြင့်တက်သဖြင့် တနိုင်ငံလုံးတွင်ကန့်သတ်မှုအသစ်များချမှတ်လိုက်ပြီး နာရီပိုင်း အကြာတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၃ ရက်မှစတင်၍လကုန်အထိပိတ်သိမ်းရမည့်ဘားများနှင့်စားသောက်ဆိုင်များတွင် လူများနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ ထိုပစ်ခတ်မှုကို ကမ္ဘာ့နိုင်ငံများ၏ခေါင်းဆောင်များက ရှုတ်ချနေသည်။
Ref : Vienna shooting: Gunman hunted after deadly ‘terror’ attack
#PeopleMedia


Share this post