• Follow Us on

Home မြိတ်လေတပ်စခန်းဌာနချုပ်မှ ဝေဟင်-မြေပြင်လက်တွေ့ပစ်ခတ်မှုများ လေ့ကျင်မှုများပြုလုပ်မည်ဖြစ်၍ ကုလားကျွန်းနှင့် ကျွန်းဆင်းရဲအကြား၌ ရေယာဉ်များ လုံးဝဖြတ်သန်းခွင့်မပြုကြောင်း ထုတ်ပြန်ထား

မြိတ်လေတပ်စခန်းဌာနချုပ်မှ ဝေဟင်-မြေပြင်လက်တွေ့ပစ်ခတ်မှုများ လေ့ကျင်မှုများပြုလုပ်မည်ဖြစ်၍ ကုလားကျွန်းနှင့် ကျွန်းဆင်းရဲအကြား၌ ရေယာဉ်များ လုံးဝဖြတ်သန်းခွင့်မပြုကြောင်း ထုတ်ပြန်ထား

Share this post

မြိတ်၊ အောက်တိုဘာ ၁၂ (People Media)

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်လေတပ်စခန်းဌာနချုပ်မှ ဝေဟင်-မြေပြင်လက်တွေ့ပစ်ခတ်မှုများကို ကုလား ကျွန်းနှင့် ကျွန်းဆင်းရဲအကြားတွင် အောက်တိုဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်၊ အရန်ရက် အောက်တိုဘာလ ၁၃ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ နေ့စဉ် ၈ နာရီမှ ၁၅ နာရီ ၃၀ မိနစ် အချိန်ထိ လေ့ကျင့်ပစ်ခတ်သွားမယ်လို့ ရေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

သို့ဖြစ်ပါ၍ ကုလားကျွန်းနှင့် ကျွန်းဆင်းရဲအကြား ရေယာဉ်များ လုံးဝဖြတ်သန်းခွင့်မပြုရန်၊ မြိတ်မှထွက်ခွာမည့် ရေယာဉ်များအား ကော့မွေးကျွန်းကို လက်ဝဲဘက်တွင်ထား၍ ရေမိုင်(၁)မိုင်အကွာမှ ဖြတ်သန်းသွားလာစေပြီး ကျွန်းစုမှ ထွက်ခွာမည့် ရေယာဉ်များအား ကော့မွေးကျွန်းကို လက်ယာဘက်တွင်ထား၍ ရေမိုင်(၁)မိုင်အကွာမှ ဖြတ်သန်းသွားလာကြရန်၊ ရေယာဉ်ကြီး ရေယာဉ်ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ အပျော်စီးခရီးသွားလှေများ၊ စက်တပ်သမ္မာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီး ခြင်း၊ ငါးဖမ်းကိရိယာများနှင့် အထောက်အကူပြုပစ္စည်းများချထားခြင်း မပြုကြပါရန်နှင့် အဆိုပါ ဧရိယာအနီးမှ လွတ်ကင်းစွာသတိပြု မောင်းနှင်သွားကြရန် အသိပေးနှိုးဆော်ထားပြီး၊ လိုက်နာမှုမရှိသော ရေယာဉ်များအား တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #မြိတ် #တပ်မတော်လေ

 

(unicode)


……………………………………………………………

 


 


 


 



Share this post