• Follow Us on

Home မြိုင်မြို့နယ်၌ ဆရာတော်တစ်ပါး လုပ်ကြံ သတ်ဖြတ်ခံရ

မြိုင်မြို့နယ်၌ ဆရာတော်တစ်ပါး လုပ်ကြံ သတ်ဖြတ်ခံရ

Share this post

မကွေး၊ ဒီဇင်ဘာ ၂၁ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာရှိ ဓမ္မသုခအောင်မြေရတနာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါးသည် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက လုပ်ကြံသတ်ဖြတ်ခံရ၍ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဓမ္မသုခအောင်မြေရတနာ ဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံး နေထိုင်သည့် ကျောင်းထိုင်ဆရာ တော် ဥူးသုဇာတ (၆၁)နှစ်၊ ဝါတော်(၁၀)ဝါ(ဘ)ဦးသာပိုသည် အခြား သံဃာတော် ၂ ပါးနှင့်အတူ ကျိန်း စက်နေစဉ် ဒီဇင်ဘာ ၁၈ ရက် ည ၁၁ နာရီခွဲခန့်တွင် လူတစ်စုမှ မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆရာတော် ဥူးသုဇာတတစ်ပါးတည်း ကိုပင်ကျောင်းရှေ့သို့ ခေါ်ဆောင်၍ မုဒ်ဦးအနီး၌ ဓားဖြင့် ခုတ်သတ်ခဲ့ ကြောင်း သိရသည်။

 

ပျံလွန်တော်မူခဲ့သည့် ဆရာတော် ဥူးသုဇာတမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ညီအစ်ကို တော်စပ်သူဖြစ်သည်။

 

ဆရာတော်အနေဖြင့် အကြမ်းဖက်အဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် အကြမ်းဖက်လူသတ်လုပ်ရပ်များမှာ လက်ရှိဘဝသာမက နောင်သံသရာအထိပါ အကျိုးယုတ်စေနိုင်ကြောင်း၊ ရွာသူ၊ ရွာသားအချင်းချင်း ယခုကဲ့သို့ စွပ်စွဲသတ်ဖြတ်နေမှုများကြောင့် တစ်ဦးနှင့် တစ်ဦး အမုန်းပွားစေကာ ရပ်ရွာအေးချမ်းမှုကို ပျက်ပြားစေနိုင် ကြောင်း စသည်တို့ကို လူတစ်စုကို ခေါ်ယူ၍ ဆိုဆုံးမခဲ့ဖူးကြောင်း၊ ထိုသို့ ခေါ်ယူ ဆိုဆုံးမပြောဆိုမှုများအပေါ် ကျေနပ်မှုမရှိသဖြင့် အကြမ်းဖက်သမားများက ယခုကဲ့သို့ လာရောက်၍ လုပ်ကြံသတ် ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #မြိုင်မြို့နယ်

 

(unicode)


………………………………………………

 


 


 


 


 


 



Share this post