• Follow Us on

Home မြိုင်မြို့နယ်၌ ကျေးရွာကျန်းမာရေးစစ်ဆေးဂိတ်တွင် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေသည့် ရွာသားတစ်ဦးကို  လက်နက်ကိုင်များက ဖမ်းဆီးသတ်ဖြတ်

မြိုင်မြို့နယ်၌ ကျေးရွာကျန်းမာရေးစစ်ဆေးဂိတ်တွင် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေသည့် ရွာသားတစ်ဦးကို  လက်နက်ကိုင်များက ဖမ်းဆီးသတ်ဖြတ်

Share this post

နေပြည်တော်၊ ဩဂုတ် – ၁၂ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပိုက်သင်ကျေးရွာရှိ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ စေတနာ့ဝန်ထမ်းဆောင်ရွက်နေသည့် ကျေးရွာသားများကို လက်နက်ကိုင်များ က ဖမ်းဆီးပြီး တစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၉ ရက်နေ့က မြိုင်မြို့နယ်၊ ပိုက်သင်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လိုအပ်သည်များဆောင်ရွက်ရန်အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားရှိရာ ဩဂုတ် ၉ ရက်တွင် ကျေးရွာသားများဖြစ်ကြသည့် ဦးတင့်လွင်(ဘ)ဦးပိုက်၊ ဦးစန်းလွင် (ဘ)ဦးစိန်သောင်း၊ ဦးကျော်နိုင်(ဘ) ဦးတင့်ဆွေ၊ ဦးကျော်စိုး(ဘ) ဦးတင်ဆောင်၊ ဦးအောင်ဇေယျ(ဘ)ဦးချစ်တီးတို့ ၅ ဦးသည် အဆိုပါ စစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေစဉ် ညနေ ၃ နာရီခန့်တွင် မော်တော်ယာဉ် ၁ စီးဖြင့် အကြမ်းဖက်သူ ၆ ဦးခန့်ရောက်ရှိလာပြီး ၎င်းတို့အား လက်ပြန်ကြိုးတုတ်၍ မြေကြီးပေါ်မှောက်ခိုင်းခဲ့ကြောင်း၊ ၎င်းနောက် အကြမ်းဖက်သူများက အဆိုပါဂိတ်၌ အစောင့် ၂ ဦးထားရှိပြီး ကျန်သူများက ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ သွားရောက်ကာ အုပ်ချုပ်ရေးမှူး၏သားဖြစ်သူအား ရှာဖွေခဲ့ကြောင်း၊ တွေ့ရှိခြင်းမရှိသဖြင့် စစ်ဆေးရေးဂိတ်သို့ပြန်လည်ရောက်ရှိလာပြီး ဖမ်းဆီးထားသည့် ရွာသားများအနက်မှ ဦးအောင်ဇေယျအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပခုက္ကူ-မြိုင်သွား ကားလမ်းဘက်သို့ မောင်းနှင်းထွက်သွားခဲ့ပါတယ်။

 

အလားတူ မြိုင်မြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ သတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်ခဲ့ပါ တယ်။

 

#PeopleMedia #မြိုင်

 

(unicode)


………………………………………………………………

 


 


 


 


 



Share this post