• Follow Us on

Home ႀကံခင္းၿမိဳ႕နယ္တြင္ေရာက္ရွိေနသည့္ေလွစီးဘဂၤါလီ(၄၁)ဦးရခိုင္ျပည္နယ္သို႔ျပန္လည္ပို႔ေဆာင္

ႀကံခင္းၿမိဳ႕နယ္တြင္ေရာက္ရွိေနသည့္ေလွစီးဘဂၤါလီ(၄၁)ဦးရခိုင္ျပည္နယ္သို႔ျပန္လည္ပို႔ေဆာင္

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၂

ႀကံခင္းၿမိဳ႕နယ္တြင္ ျသဂုတ္လ(၂၇)ရက္ေန႔က ေရာက္ရွိေနသည့္ ေလွစီးဘဂၤါလီ (၄၁)ဦးကို စက္တင္ဘာလ (၁) ရက္ေန႔ ညေန(၆)နာရီခြဲခန္႔က ရခိုင္ျပည္နယ္ကို ျပန္လည္ပို႔ေဆာင္လိုက္ၿပီျဖစ္ေၾကာင္း ႀကံခင္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စာလွယ္ ဦးေသာ္ဇင္၀င္းက ေျပာသည္။

“တိုင္းေဒသႀကီး အစိုးရအစီစဉ္နဲ႔ မေန႔က ညေနေျခာက္နာရီခြဲမွာ လုံၿခဳံေရးေစာင့္ေရွာက္နဲ႔ ျပန္ပို႔လိုက္ပါၿပီ” ႀကံခင္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စာလွယ္ ဦးေသာ္ဇင္၀င္းက ထပ္မံေျပာသည္။

ႀကိမ္ေခ်ာင္းႀကီးေက်းရြာအနီးစက္ေလွတစီးျဖင့္ ေရာက္ရွိလာခဲ့သည့္ ရခိုင္ျပည္နယ္မွ ဘဂၤါလီလူမ်ိဳး၊ က်ား(၁၁)ဦး၊ မ(၃၁)ဦးအနက္ကို စစ္ေဆးခဲ့ရာ၌ က်ား(၁)ဦးတြင္ COVID-19ေရာဂါပိုးေတြ႕ရွိခဲ့၍ ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္လိုက္ၿပီး က်န္ဘဂၤါလီမ်ားမွာမူ COVID-19 ေရာဂါပိုး မရွိသည့္အတြက္ ရခိုင္ျပည္နယ္ကို ေမာ္ေတာ္ယာဉ္မ်ားျဖင့္ ျပန္လည္ ပို႔ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဘဂၤါလီမ်ားကို ေခၚေဆာင္လာသူ (၅)ဦးကိုမူ ဥပေဒအရ အေရးယူေဆာင္ရြက္ထားေၾကာင္း၊ ႀကံခင္းၿမိဳ႕နယ္တြင္ ေလွစီးဘဂၤါလလီမ်ား လက္ခံထားမူနဲ႔ ပတ္သက္ၿပီး စက္တင္ဘာလ (၁)ရက္ေန႔ ေန႔လည္ပိုင္းကလည္း ေလွစီးဘဂၤါလီမ်ား ၿမိဳ႕အတြင္းမွ အျမန္ဆုံးထြက္ခြာေရးအတြက္ သံဃာေတာ္မ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားမွ သက္ဆိုင္ရာ တာ၀န္ရွိမ်ားထံ လာေရာက္ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္ရွိ ဘဂၤလီဒုကၡသည္စခန္းမ်ား၌ ေနထိုင္သည့္ ဘဂၤလီမ်ားသည္ ေရလမ္းေၾကာင္း အသုံးျပဳ႕ဝင္ ဝင္ေရာက္လာစဉ္ ျသဂုတ္လ(၂၇)ရက္ေန႔ညေနပိုင္းတြင္ ဧရာဝတီတိုင္းေဒသႀကီး ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ ေရျပင္ဧရိယာ၌ သက္ဆိုင္ရာ လုံၿခဴံေရးအဖြဲ႕အစည္းမ်ားက ဖမ္းဆီးခဲ့ၿပီး ႀကံခင္း ၿမိဳ႕နယ္၌ ယာယီထားရွိျခင္း ျဖစ္သည္။

#PeopleMedia #ႀကံခင္း #ဘဂၤလီ

(unicode)
ကြံခင်းမြို့နယ်တွင်ရောက်ရှိနေသည့်လှေစီးဘင်္ဂါလီ(၄၁)ဦးရခိုင်ပြည်နယ်သို့ပြန်လည်ပို့ဆောင်
…………………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၂

ကြံခင်းမြို့နယ်တွင် သြဂုတ်လ(၂၇)ရက်နေ့က ရောက်ရှိနေသည့် လှေစီးဘင်္ဂါလီ (၄၁)ဦးကို စက်တင်ဘာလ (၁) ရက်နေ့ ညနေ(၆)နာရီခွဲခန့်က ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကြံခင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးသော်ဇင်ဝင်းက ပြောသည်။

“တိုင်းဒေသကြီး အစိုးရအစီစဉ်နဲ့ မနေ့က ညနေခြောက်နာရီခွဲမှာ လုံခြုံရေးစောင့်ရှောက်နဲ့ ပြန်ပို့လိုက်ပါပြီ” ကြံခင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးသော်ဇင်ဝင်းက ထပ်မံပြောသည်။

ကြိမ်ချောင်းကြီးကျေးရွာအနီးစက်လှေတစီးဖြင့် ရောက်ရှိလာခဲ့သည့် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီလူမျိုး၊ ကျား(၁၁)ဦး၊ မ(၃၁)ဦးအနက်ကို စစ်ဆေးခဲ့ရာ၌ ကျား(၁)ဦးတွင် COVID-19ရောဂါပိုးတွေ့ရှိခဲ့၍ ဝေဘာဂီဆေးရုံကို ပို့ဆောင်လိုက်ပြီး ကျန်ဘင်္ဂါလီများမှာမူ COVID-19 ရောဂါပိုး မရှိသည့်အတွက် ရခိုင်ပြည်နယ်ကို မော်တော်ယာဉ်များဖြင့် ပြန်လည် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီများကို ခေါ်ဆောင်လာသူ (၅)ဦးကိုမူ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း၊ ကြံခင်းမြို့နယ်တွင် လှေစီးဘင်္ဂါလလီများ လက်ခံထားမူနဲ့ ပတ်သက်ပြီး စက်တင်ဘာလ (၁)ရက်နေ့ နေ့လည်ပိုင်းကလည်း လှေစီးဘင်္ဂါလီများ မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာရေးအတွက် သံဃာတော်များနှင့် မြို့မိမြို့ဖများမှ သက်ဆိုင်ရာ တာဝန်ရှိများထံ လာရောက်တောင်းဆိုခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီဒုက္ခသည်စခန်းများ၌ နေထိုင်သည့် ဘင်္ဂလီများသည် ရေလမ်းကြောင်း အသုံးပြု့ဝင် ဝင်ရောက်လာစဉ် သြဂုတ်လ(၂၇)ရက်နေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ရေပြင်ဧရိယာ၌ သက်ဆိုင်ရာ လုံခြူံရေးအဖွဲ့အစည်းများက ဖမ်းဆီးခဲ့ပြီး ကြံခင်း မြို့နယ်၌ ယာယီထားရှိခြင်း ဖြစ်သည်။

#PeopleMedia #ကြံခင်း #ဘင်္ဂလီ


Share this post