• Follow Us on

Home ႏိုင္ငံဆင္းရဲမြဲေတေနလွ်င္ သူေတာင္းစားႏိုင္ငံ၊ သူေတာင္းစားျပည္သူႏွင့္ အစိုးရျဖစ္လွ်င္ သူေတာင္းစားအစိုးရ၊ သူေတာင္းစားသမၼတသာျဖစ္ေၾကာင္း UPDJC ဒုဥကၠ႒ ေျပာၾကား

ႏိုင္ငံဆင္းရဲမြဲေတေနလွ်င္ သူေတာင္းစားႏိုင္ငံ၊ သူေတာင္းစားျပည္သူႏွင့္ အစိုးရျဖစ္လွ်င္ သူေတာင္းစားအစိုးရ၊ သူေတာင္းစားသမၼတသာျဖစ္ေၾကာင္း UPDJC ဒုဥကၠ႒ ေျပာၾကား

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၀

ႏိုင္ငံဆင္းရဲမြဲေတေနလွ်င္ သူေတာင္းစားႏိုင္ငံ၊ သူေတာင္းစားျပည္သူႏွင့္ အစိုးရျဖစ္လွ်င္ သူေတာင္းစားအစိုးရ၊ သူေတာင္းစားသမၼတသာျဖစ္ေၾကာင္း UPDJC ဒုတိယဥကၠ႒ ဦးသုေ၀ (ဒီမိုကရက္တစ္ပါတီ-ျမန္မာ)မွ ေျပာၾကား ခဲ့သည္။

ယေန႔က်င္းပျပဳလုပ္သည့္ ၂၁ ရာစုပင္လံုညီလာခံ UPDJC အစည္းအေ၀း ေခါင္းေဆာင္မ်ား၏ မိန္႔ခြန္းေျပာၾကား စဥ္ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ျပည္ေထာင္စုျမန္မာႏိုင္ငံႀကီးဆိုတာ ႏိုင္ငံသားအားလံုးရဲ႕ ျပည္ေထာင္စုႀကီးျဖစ္ပါတယ္။ အားလံုးကပိုင္ဆိုင္တဲ့ အတြက္ ျပည္ေထာင္စုႀကီးရဲ႕ အသီးအပြင့္ေတြကို အားလံုးမွ်မွ်တတခူးယူစားသံုးႏိုင္ခြင့္ရွိပါတယ္။ ျပည္ေထာင္စု ႀကီးရဲ႕ အႏၲရာယ္ကိုလည္းပဲ အားလံုးက ဝိုင္း၀န္းကာကြယ္ဖို႔တာ၀န္ရွိပါတယ္။ ယင္းႏိုင္ငံဟာ ဖြံ႕ၿဖိဳးတိုးတက္လာတာနဲ႔အမွ် ႏိုင္ငံသားတို႔ရဲ႕ အက်ဳိးခံစားခြင့္ အခြင့္အေရးေတြလည္း ပိုမိုေပါမ်ား ႂကြယ္၀လာမွာျဖစ္ပါတယ္။ အဲ့ဒီလို အဆင့္ျမင့္ခ်မ္းသာႏိုင္ငံမွာ ေနရတဲ့ႏိုင္ငံသားေတြအတြက္ ဂုဏ္ရွိပါတယ္။ ႏိုင္ငံႀကီးက ဆင္းရဲမြဲေတၿပီး ေတာ့ သူေတာင္းစားႏိုင္ငံျဖစ္ရင္လည္းပဲ ျပည္သူေတြက သူေတာင္းစားႏိုင္ငံ သားေတြျဖစ္မယ္။ အစိုးရျဖစ္ရင္လည္းပဲ သူေတာင္းစားအစိုးရ၊ သမၼတျဖစ္ရင္လည္းပဲ သူေတာင္းစားသမၼတပဲ ျဖစ္မွာပါ”ဟု UPDJC ဒုတိယဥကၠ႒ ဦးသုေ၀မွ ေျပာၾကားသည္။

အဆိုပါမိန္႔ခြန္းေျပာၾကားစဥ္ ၎က “ဒါေၾကာင့္ ျပည္ေထာင္စုႀကီးကို ၿငိမ္းခ်မ္းသာယာ ဖြံ႕ၿဖိဳးတိုးတက္တဲ့ ျပည္ေထာင္စုႀကီးျဖစ္ေအာင္ အားလံုးဝိုင္းလုပ္ရမယ့္ တာ၀န္ရွိပါတယ္။ အခ်ဳိ႕က အာဏာရမၼက္ႀကီးေတာ့ သူေတာင္းစားသမၼတပဲျဖစ္ျဖစ္၊ ရာထူးအာဏာရရင္ ျပည္နယ္ရေအာင္လုပ္တယ္၊ အဲ့လိုဆိုရင္ မရပါဘူး။ လူ႕အခြင့္အေရးဆိုတာမရွိရင္ လူျဖစ္ေပမယ့္ လူျဖစ္က်ဳိးမနပ္ပါဘူး။ ဒါေပမဲ့ အဲဒီလူ႔အခြင့္အေရးဟာ ကိုယ့္အတြက္လိုခ်င္တဲ့ အခြင့္အေရးျဖစ္သလို၊ အျခားသူမ်ားလိုခ်င္တဲ့ အခြင့္အေရးကိုလည္း ေလးစားရမယ္။ အခြင့္အေရးနဲ႔ တာ၀န္ဆိုတာ လူတန္းစားတစ္ခုတည္း တစ္ဖက္ဆီမွာ အတူတကြပါရွိသလို ခြဲျခားလို႔မရပါဘူး။ သို႔ေသာ္ လူေတြက တာ၀န္နဲ႔ အခြင့္အေရးကိုသာ အဓိကထားၾကတယ္”ဟုလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ဆက္လက္ၿပီး မိမိရဲ႕အခြင့္အေရးရယူသည့္အခါ အျခားသူ၏အခြင့္အေရးေတြလည္း မထိပါးေအာင္ ဥပေဒျပ ႒ာန္းေပးရတာျဖစ္ၿပီး ေခတ္မွီသည့္ျပႆနာမွာ အုပ္ခ်ဳပ္သူလူတန္းစားကလည္း အအုပ္ခ်ဳပ္ခံ ျပည္သူတို႔ရဲ႕ အခြင့္အေရးထက္ ျပည္သူလူထု၏ လိုက္နာရမည့္ တာ၀န္မ်ားကိုသာ အဓိကထားလြန္းေနေၾကာင္း၊ အလားတူပင္ အအုပ္ခ်ဳပ္ခံျပည္သူေတြကလည္းပဲ အုပ္ခ်ဳပ္သူအစိုးရ၏ အာဏာအခြင့္အေရးထက္ အုပ္ခ်ဳပ္သူမ်ား က်င့္သံုး ေလးစားရမယ့္ တာ၀န္ကိုထိပါးထားေနပါတယ္။

ေျပာရရင္ အစိုးရေရာ ျပည္သူပါ မိမိတို႔ယူရမယ့္တာ၀န္ထက္ မိမိတို႔လိုခ်င္သည့္ အခြင့္အေရးကိုသာ အာ႐ံုစိုက္ၾကသည့္အတြက္ ပဋိပကၡျဖစ္ေနၾကရတာျဖစ္ေၾကာင္းကိုလည္း ၂၁ ရာစုပင္လံုညီလာခံ UPDJC အစည္းအေ၀းတြင္ ေျပာၾကားခဲ့သည္။

Photo – UPDJC

#PeopleMedia #Peace #UPDJC #ဦးသုေဝ #ဒီမုိကရက္တစ္ပါတီ(ျမန္မာ)

(unicode)
နိုင်ငံဆင်းရဲမွဲတေနေလျှင် သူတောင်းစားနိုင်ငံ၊ သူတောင်းစားပြည်သူနှင့် အစိုးရဖြစ်လျှင် သူတောင်းစားအစိုးရ၊ သူတောင်းစားသမ္မတသာဖြစ်ကြောင်း UPDJC ဒုဥက္ကဋ္ဌ ပြောကြား
………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၀

နိုင်ငံဆင်းရဲမွဲတေနေလျှင် သူတောင်းစားနိုင်ငံ၊ သူတောင်းစားပြည်သူနှင့် အစိုးရဖြစ်လျှင် သူတောင်းစားအစိုးရ၊ သူတောင်းစားသမ္မတသာဖြစ်ကြောင်း UPDJC ဒုတိယဥက္ကဋ္ဌ ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ-မြန်မာ)မှ ပြောကြား ခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၁ ရာစုပင်လုံညီလာခံ UPDJC အစည်းအဝေး ခေါင်းဆောင်များ၏ မိန့်ခွန်းပြောကြား စဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စုမြန်မာနိုင်ငံကြီးဆိုတာ နိုင်ငံသားအားလုံးရဲ့ ပြည်ထောင်စုကြီးဖြစ်ပါတယ်။ အားလုံးကပိုင်ဆိုင်တဲ့ အတွက် ပြည်ထောင်စုကြီးရဲ့ အသီးအပွင့်တွေကို အားလုံးမျှမျှတတခူးယူစားသုံးနိုင်ခွင့်ရှိပါတယ်။ ပြည်ထောင်စု ကြီးရဲ့ အန္တရာယ်ကိုလည်းပဲ အားလုံးက ဝိုင်းဝန်းကာကွယ်ဖို့တာဝန်ရှိပါတယ်။ ယင်းနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နိုင်ငံသားတို့ရဲ့ အကျိုးခံစားခွင့် အခွင့်အရေးတွေလည်း ပိုမိုပေါများ ကြွယ်ဝလာမှာဖြစ်ပါတယ်။ အဲ့ဒီလို အဆင့်မြင့်ချမ်းသာနိုင်ငံမှာ နေရတဲ့နိုင်ငံသားတွေအတွက် ဂုဏ်ရှိပါတယ်။ နိုင်ငံကြီးက ဆင်းရဲမွဲတေပြီး တော့ သူတောင်းစားနိုင်ငံဖြစ်ရင်လည်းပဲ ပြည်သူတွေက သူတောင်းစားနိုင်ငံ သားတွေဖြစ်မယ်။ အစိုးရဖြစ်ရင်လည်းပဲ သူတောင်းစားအစိုးရ၊ သမ္မတဖြစ်ရင်လည်းပဲ သူတောင်းစားသမ္မတပဲ ဖြစ်မှာပါ”ဟု UPDJC ဒုတိယဥက္ကဋ္ဌ ဦးသုဝေမှ ပြောကြားသည်။

အဆိုပါမိန့်ခွန်းပြောကြားစဉ် ၎င်းက “ဒါကြောင့် ပြည်ထောင်စုကြီးကို ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုကြီးဖြစ်အောင် အားလုံးဝိုင်းလုပ်ရမယ့် တာဝန်ရှိပါတယ်။ အချို့က အာဏာရမ္မက်ကြီးတော့ သူတောင်းစားသမ္မတပဲဖြစ်ဖြစ်၊ ရာထူးအာဏာရရင် ပြည်နယ်ရအောင်လုပ်တယ်၊ အဲ့လိုဆိုရင် မရပါဘူး။ လူ့အခွင့်အရေးဆိုတာမရှိရင် လူဖြစ်ပေမယ့် လူဖြစ်ကျိုးမနပ်ပါဘူး။ ဒါပေမဲ့ အဲဒီလူ့အခွင့်အရေးဟာ ကိုယ့်အတွက်လိုချင်တဲ့ အခွင့်အရေးဖြစ်သလို၊ အခြားသူများလိုချင်တဲ့ အခွင့်အရေးကိုလည်း လေးစားရမယ်။ အခွင့်အရေးနဲ့ တာဝန်ဆိုတာ လူတန်းစားတစ်ခုတည်း တစ်ဖက်ဆီမှာ အတူတကွပါရှိသလို ခွဲခြားလို့မရပါဘူး။ သို့သော် လူတွေက တာဝန်နဲ့ အခွင့်အရေးကိုသာ အဓိကထားကြတယ်”ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မိမိရဲ့အခွင့်အရေးရယူသည့်အခါ အခြားသူ၏အခွင့်အရေးတွေလည်း မထိပါးအောင် ဥပဒေပြ ဋ္ဌာန်းပေးရတာဖြစ်ပြီး ခေတ်မှီသည့်ပြဿနာမှာ အုပ်ချုပ်သူလူတန်းစားကလည်း အအုပ်ချုပ်ခံ ပြည်သူတို့ရဲ့ အခွင့်အရေးထက် ပြည်သူလူထု၏ လိုက်နာရမည့် တာဝန်များကိုသာ အဓိကထားလွန်းနေကြောင်း၊ အလားတူပင် အအုပ်ချုပ်ခံပြည်သူတွေကလည်းပဲ အုပ်ချုပ်သူအစိုးရ၏ အာဏာအခွင့်အရေးထက် အုပ်ချုပ်သူများ ကျင့်သုံး လေးစားရမယ့် တာဝန်ကိုထိပါးထားနေပါတယ်။

ပြောရရင် အစိုးရရော ပြည်သူပါ မိမိတို့ယူရမယ့်တာဝန်ထက် မိမိတို့လိုချင်သည့် အခွင့်အရေးကိုသာ အာရုံစိုက်ကြသည့်အတွက် ပဋိပက္ခဖြစ်နေကြရတာဖြစ်ကြောင်းကိုလည်း ၂၁ ရာစုပင်လုံညီလာခံ UPDJC အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Photo – UPDJC

#PeopleMedia #Peace #UPDJC #ဦးသုဝေ #ဒီမိုကရက်တစ်ပါတီ(မြန်မာ)


Share this post