• Follow Us on

Home ႏိုင္ငံတကာမွ အလွဴရွင္မ်ား ရပ္တန္႔သြားျခင္းေၾကာင့္ မႏၱေလးၿမိဳ႕ ေဖာင္ေတာ္ဦး ဘ/က ေက်ာင္း ျပည္တြင္း အလွဴရွင္မ်ား လိုအပ္ေန

ႏိုင္ငံတကာမွ အလွဴရွင္မ်ား ရပ္တန္႔သြားျခင္းေၾကာင့္ မႏၱေလးၿမိဳ႕ ေဖာင္ေတာ္ဦး ဘ/က ေက်ာင္း ျပည္တြင္း အလွဴရွင္မ်ား လိုအပ္ေန

Share this post

မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေဒါနဘြားရပ္ကြက္ရွိ ေဖာင္ေတာ္ဦး ဘုန္းေတာ္ႀကီးသင္ပညာေရး တြဲဖက္ အထက္တန္းေက်ာင္း ႏိုင္ငံတကာမွ လွဴဒါန္းေငြမ်ား ရပ္တန္႔သြားေသာေၾကာင့္ ဆက္လက္ရပ္တည္ရန္ အခက္အခဲမ်ားျဖစ္ေပၚေနေၾကာင္း ေဖာင္ေတာ္ဦးဆရာေတာ္မွ မိန္႔ၾကားသည္။

အဆိုပါေက်ာင္းတြင္ မိဘမဲ့ေက်ာင္းသား၊ ေက်ာင္းသူ ၄၀၀ ေက်ာ္ႏွင့္ တိုင္းရင္းသားမ်ားအပါအဝင္ ေက်ာင္း သား ေက်ာင္းသူ ၉၀၀၀ နီးပါးကို ဆရာ၊ ဆရာမ ၄၀၀ ေက်ာ္ျဖင့္ အခမဲ့ ပညာသင္ၾကားေပးလ်က္ရွိရာ ေကြၽးေမြး စရိတ္ႏွင့္ ဆရာ ဆရာမမ်ား၏ လစာ၊ လွ်ပ္စစ္မီတာခအပါအဝင္ တစ္လကို က်ပ္သိန္း ၆၅၀ က်ပ္ ကုန္က်ေငြ ရွိၿပီး ယခင္က ႏိုင္ငံတကာမွ လွဴဒါန္ေငြမ်ားျဖင့္ေဆာင္ရြက္ခဲ့ရာ လက္ရွိအခ်ိန္တြင္ ရပ္တန္႔လိုက္သည့္အတြက္ ဆက္လက္ရပ္တည္ႏိုင္ရန္ ျပည္တြင္း အလွဴရွင္မ်ားအား ဖိတ္ေခၚရျခင္းျဖစ္သည္ဟု ဆက္လက္မိန္႔ၾကားသည္။

“ရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ ျပႆနာေတြေၾကာင့္ ႏိုင္ငံတကာအလွဴရွင္ေတြ ရပ္သြားတာလည္းျဖစ္ပါတယ္။ ႏိုင္ငံတကာက လွဴဒါန္းမႈေတြနည္းသြားတဲ့အတြက္ ျပည္တြင္းအလွဴရွင္ေတြကိုပဲ အားကိုးမယ္ဆိုၿပီးေတာ့ ျပည္တြင္းအလွဴရွင္ေတြ ဖိတ္ေခၚတာျဖစ္ပါတယ္”ဟု ဆရာေတာ္ ဘဒၵႏၲနာယက မွ မိန္႔ၾကားသည္။

ေဖာင္ေတာ္ဦး ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းကို မူလတန္းအျဖစ္ ၁၉၉၃ ခုႏွစ္ကစတင္တည္ေထာင္ခဲ့ၿပီး ၁၉၉၄ ခုႏွစ္တြင္ အလယ္တန္းေက်ာင္းႏွင့္ ၂၀၀ ၀ျပည့္ႏွစ္တို႔တြင္ တြဲဖက္ အထက္တန္းအျဖစ္ဖြင့္လွစ္ခဲ့ ေၾကာင္းသိရသည္။

ေက်ာင္းစတင္ တည္ေထာင္စဥ္ကပင္ ႏိုင္ငံတကာမွ လွဴဒါန္းေငြျဖင့္ ရပ္တည္လုပ္ကိုင္ခဲ့ ျခင္းျဖစ္ၿပီး ထိုင္းႏိုင္ငံ IBC တကၠသိုလ္ႏွင့္ခ်ိတ္ဆက္၍ ေဖာင္ေတာ္ဦး အျပည္ျပည္ဆိုင္ရာ တကၠသိုလ္ကိုလည္း တည္ေထာင္လ်က္ ရွိရာ ႏိုင္ငံတကာမွ အလွဴေငြမ်ား ရပ္တန္႔လိုက္သည့္အတြက္ ေက်ာင္းေဆာင္သစ္ ေဆာက္လုပ္ေနမႈမ်ားလည္း ရပ္တန္႔ထားရသည္ဟု ၎မွမိန္႔ၾကားသည္။

ေဖာင္ေတာ္ဦး ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း ဆက္လက္ရပ္တည္ႏိုင္ေရးအတြက္ ပေဒသာပင္တစ္ခုကို က်ပ္တစ္သိန္းသတ္မွတ္ထားၿပီး အလွဴရွင္မ်ားအေနျဖင့္ ေက်ာင္းသို႔ ကိုယ္တိုင္လာေရာက္လွဴဒါန္းႏိုင္သလို KPZ Pay 09767119800 U NAYAKA(PPG) ႏွင့္ Wave Money 09767119800 / 09771315038 သို႔လည္း ထည့္ဝင္လွဴဒါန္းႏိုင္ေၾကာင္း ဆရာေတာ္ ဘဒၵႏၲ နာယကမွ မိန္႔ၾကားသည္။

#PeopleMedia

(Unicode)
နိုင်ငံတကာမှ အလှူရှင်များ ရပ်တန့်သွားခြင်းကြောင့် မန္တလေးမြို့ ဖောင်တော်ဦး ဘ/က ကျောင်း ပြည်တွင်း အလှူရှင်များ လိုအပ်နေ
……………………………………………………

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေး တွဲဖက် အထက်တန်းကျောင်း နိုင်ငံတကာမှ လှူဒါန်းငွေများ ရပ်တန့်သွားသောကြောင့် ဆက်လက်ရပ်တည်ရန် အခက်အခဲများဖြစ်ပေါ်နေကြောင်း ဖောင်တော်ဦးဆရာတော်မှ မိန့်ကြားသည်။

အဆိုပါကျောင်းတွင် မိဘမဲ့ကျောင်းသား၊ ကျောင်းသူ ၄၀၀ ကျော်နှင့် တိုင်းရင်းသားများအပါအဝင် ကျောင်း သား ကျောင်းသူ ၉၀၀၀ နီးပါးကို ဆရာ၊ ဆရာမ ၄၀၀ ကျော်ဖြင့် အခမဲ့ ပညာသင်ကြားပေးလျက်ရှိရာ ကျွေးမွေး စရိတ်နှင့် ဆရာ ဆရာမများ၏ လစာ၊ လျှပ်စစ်မီတာခအပါအဝင် တစ်လကို ကျပ်သိန်း ၆၅၀ ကျပ် ကုန်ကျငွေ ရှိပြီး ယခင်က နိုင်ငံတကာမှ လှူဒါန်ငွေများဖြင့်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် ရပ်တန့်လိုက်သည့်အတွက် ဆက်လက်ရပ်တည်နိုင်ရန် ပြည်တွင်း အလှူရှင်များအား ဖိတ်ခေါ်ရခြင်းဖြစ်သည်ဟု ဆက်လက်မိန့်ကြားသည်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် နိုင်ငံတကာအလှူရှင်တွေ ရပ်သွားတာလည်းဖြစ်ပါတယ်။ နိုင်ငံတကာက လှူဒါန်းမှုတွေနည်းသွားတဲ့အတွက် ပြည်တွင်းအလှူရှင်တွေကိုပဲ အားကိုးမယ်ဆိုပြီးတော့ ပြည်တွင်းအလှူရှင်တွေ ဖိတ်ခေါ်တာဖြစ်ပါတယ်”ဟု ဆရာတော် ဘဒ္ဒန္တနာယက မှ မိန့်ကြားသည်။

ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို မူလတန်းအဖြစ် ၁၉၉၃ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အလယ်တန်းကျောင်းနှင့် ၂၀၀ ဝပြည့်နှစ်တို့တွင် တွဲဖက် အထက်တန်းအဖြစ်ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။

ကျောင်းစတင် တည်ထောင်စဉ်ကပင် နိုင်ငံတကာမှ လှူဒါန်းငွေဖြင့် ရပ်တည်လုပ်ကိုင်ခဲ့ ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ IBC တက္ကသိုလ်နှင့်ချိတ်ဆက်၍ ဖောင်တော်ဦး အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ကိုလည်း တည်ထောင်လျက် ရှိရာ နိုင်ငံတကာမှ အလှူငွေများ ရပ်တန့်လိုက်သည့်အတွက် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများလည်း ရပ်တန့်ထားရသည်ဟု ၎င်းမှမိန့်ကြားသည်။

ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပဒေသာပင်တစ်ခုကို ကျပ်တစ်သိန်းသတ်မှတ်ထားပြီး အလှူရှင်များအနေဖြင့် ကျောင်းသို့ ကိုယ်တိုင်လာရောက်လှူဒါန်းနိုင်သလို KPZ Pay 09767119800 U NAYAKA(PPG) နှင့် Wave Money 09767119800 / 09771315038 သို့လည်း ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ဆရာတော် ဘဒ္ဒန္တ နာယကမှ မိန့်ကြားသည်။

#PeopleMedia


Share this post