• Follow Us on

Home နိုင်ငံသားစိစစ်ရေးကတ်တွေကို e-ID ကတ်ဖြင့် အဆင့်မြှင့်တင်ပေးမည်ဖြစ်ကြောင်း လဝက၀န်ကြီး ဦးခင်ရီ ပြောဆို

နိုင်ငံသားစိစစ်ရေးကတ်တွေကို e-ID ကတ်ဖြင့် အဆင့်မြှင့်တင်ပေးမည်ဖြစ်ကြောင်း လဝက၀န်ကြီး ဦးခင်ရီ ပြောဆို

Share this post

နေပြည်တော်၊ သြဂုတ် ၂၁ (People Media)

 

နိုင်ငံသားစိစစ်ရေးကတ်တွေကို e-ID ကတ်ဖြင့် အဆင့်မြှင့်တင်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ ပြောကြားသည်။

 

နေပြည်တော်ကောင်စီနယ်မြေတွင် သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပန်းခင်းစီမံချက်ဖြင့် အိမ် ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင် မည့် အီလက်ထရွန်နစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းစနစ် (e-ID Population Registry) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့သို့ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရေရှည်တွင် ကျယ်ကျယ်ပြန့်ပြန့်ခိုင်ခိုင်မာမာဖြင့် နိုင်ငံ တကာအဆင့်အတန်းမီ အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီမှ ပြောကြားသည်။

 

အလားတူ e-ID ထုတ်ပေးနိုင်ရေးကို အထူးအလေးပေးအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း ကိုလည်း ဆက်လက်ပြောကြားခဲ့သည်။

 

#PeopleMedia #လဝက #ဦးခင်ရီ #မှတ်ပုံတင်

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post