• Follow Us on

Home ႏိုင္ငံေတာ္သမၼတၿငိမ္း ဦးသိန္းစိန္ USDP ပါတီကိုမဲဆြယ္ေပးရန္ covid-19 ေကာ္မတီ ထုတ္ျပန္ခ်က္အမိန္႔မ်ားေၾကာင့္ လတ္တေလာမျဖစ္ႏိုင္ေသး

ႏိုင္ငံေတာ္သမၼတၿငိမ္း ဦးသိန္းစိန္ USDP ပါတီကိုမဲဆြယ္ေပးရန္ covid-19 ေကာ္မတီ ထုတ္ျပန္ခ်က္အမိန္႔မ်ားေၾကာင့္ လတ္တေလာမျဖစ္ႏိုင္ေသး

Share this post

ရန္ကုန္၊ ဇူလိုင္ ၂၅

ႏိုင္ငံေတာ္သမၼတၿငိမ္း ဦးသိန္းစိန္ USDP ပါတီကိုမဲဆြယ္ေပးရန္ covid 19 ေကာ္မတီ ထုတ္ျပန္ခ်က္အမိန္႔မ်ားေၾကာင့္ လတ္တေလာမျဖစ္ႏိုင္ေသးေၾကာင္း ေရႊျပည္ေတာ္ဆုံမွတ္ပရဟိတအသင္း တာ၀န္ခံဦးေအာင္ပိုင္မင္းကေျပာသည္။

ဇူလိုင္ ၂၅ ရက္ people media က ဆက္သြယ္ေမးျမန္းရာတြင္ ေရႊျပည္ေတာ္ဆုံမွတ္ပရဟိတအသင္းမွ ဦးေအာင္ပိုင္ မင္းကေျပာၾကားခဲ့သည္။

“နံပါတ္တစ္ အစိုးရရဲ႕ၫႊန္ၾကားခ်က္ေတြအေပၚ မူတည္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခုကဘယ္လိုေျပာေျပာေလ။ သမၼတ ႀကီးမေျပာနဲ႔ တရား၀င္ႏိုင္ငံေရးပါတီေတြပင္လွ်င္ ဘာမွလႈပ္လို႔ရတဲ့အေျခအေနမဟုတ္ဘဲနဲ႔။ အဓိက ႏိုင္ငံေတာ္ရဲ႕ ကိုဗစ္ေကာ္ မတီကသာ က်န္းမာေရးအမိန္႔ ၫႊန္ၾကားခ်က္ေတြကိုသက္တမ္းထပ္တိုးေနမယ္ဆိုရင္ ဘာမွလႈပ္လို႔ရမွာ မဟုတ္ဘူး။ အဲဒီေတာ့ သမၼတႀကီးဦးသိန္းစိန္က ဘယ္ေတာ့မဲဆြယ္ခရီးထြက္မယ္ဆိုတာေျပာလို႔မရဘူးျဖစ္ေနတယ္။ ဥပမာဗ်ာ သမၼတႀကီးက တစ္ေန ရာသြားမယ္။ လူငါးေယာက္ကပါ႔မလား။ ဆိုလိုတာ။ ျပႆနာက။ သူထြက္လိုက္ၿပီဆိုရင္ လူစုလူေဝးေတြျဖစ္သြားမယ္ေလ။ အမ်ားႀကီးျဖစ္သြားမယ္ဆိုရင္ ကိုဗစ္ကန္႔သတ္ခ်က္ေတြကရွိေနဦးမယ္ဆိုရင္ မလိုလားအပ္တဲ့ အျငင္းပြားမႈမ်ိဳးေတြ ဒါေတြက အခ်ိန္မေရြးေရာက္ရွိလာႏိုင္တယ္။ အဲဒီေတာ့ ဘယ္လိုမွ ခရီးထြက္ဖို႔မျဖစ္ႏိုင္ဘူး’’ဟု ၎ကေျပာသည္။

USDP ပါတီ ရႈံးနိမ့္မႈအတြက္ တာ၀န္ရွိၿပီး ၎အေပၚ ေရြးေကာက္ပြဲတြင္ ျပန္လည္အႏိုင္ရရွိေရးအတြက္ မဲဆြယ္ေပးမည္ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္သမၼတၿငိမ္း ဦးသိန္းစိန္ကေျပာၾကားေၾကာင္း ဦးေအာင္ပိုင္မင္းကေျပာသည္။

ႏိုင္ငံေတာ္သမၼတၿငိမ္း ဦးသိန္းစိန္သည္ ၂၀၁၁ခုႏွစ္မွ၂၀၁၅ခုႏွစ္အထိ ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရးတာ၀န္မ်ားကိုထမ္းေဆာင္ခဲ့ၿပီး ၎လက္ထက္တြင္ မိုဘိုင္းဖုန္းလ္ဆင္းကတ္တန္ဖိုးမ်ား ေလွ်ာ့ခ်ေစျခင္း၊ ျပည္တြင္းၿငိမ္းခ်မ္းေရးတြင္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕ ၈ ဖြဲ႕အထိ NCA လက္မွတ္ေရးထိုးေစျခင္းတို႔ လုပ္ေဆာင္ႏိုင္ခဲ့သည္။

#PeopleMedia #USDP

(unicode)
နိုင်ငံတော်သမ္မတငြိမ်း ဦးသိန်းစိန် USDP ပါတီကိုမဲဆွယ်ပေးရန် covid-19 ကော်မတီ ထုတ်ပြန်ချက်အမိန့်များကြောင့် လတ်တလောမဖြစ်နိုင်သေး
………………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၅

နိုင်ငံတော်သမ္မတငြိမ်း ဦးသိန်းစိန် USDP ပါတီကိုမဲဆွယ်ပေးရန် covid 19 ကော်မတီ ထုတ်ပြန်ချက်အမိန့်များကြောင့် လတ်တလောမဖြစ်နိုင်သေးကြောင်း ရွှေပြည်တော်ဆုံမှတ်ပရဟိတအသင်း တာဝန်ခံဦးအောင်ပိုင်မင်းကပြောသည်။

ဇူလိုင် ၂၅ ရက် people media က ဆက်သွယ်မေးမြန်းရာတွင် ရွှေပြည်တော်ဆုံမှတ်ပရဟိတအသင်းမှ ဦးအောင်ပိုင် မင်းကပြောကြားခဲ့သည်။

“နံပါတ်တစ် အစိုးရရဲ့ညွှန်ကြားချက်တွေအပေါ် မူတည်တယ်။ ဘာကြောင့်လဲဆိုတော့ အခုကဘယ်လိုပြောပြောလေ။ သမ္မတ ကြီးမပြောနဲ့ တရားဝင်နိုင်ငံရေးပါတီတွေပင်လျှင် ဘာမှလှုပ်လို့ရတဲ့အခြေအနေမဟုတ်ဘဲနဲ့။ အဓိက နိုင်ငံတော်ရဲ့ ကိုဗစ်ကော် မတီကသာ ကျန်းမာရေးအမိန့် ညွှန်ကြားချက်တွေကိုသက်တမ်းထပ်တိုးနေမယ်ဆိုရင် ဘာမှလှုပ်လို့ရမှာ မဟုတ်ဘူး။ အဲဒီတော့ သမ္မတကြီးဦးသိန်းစိန်က ဘယ်တော့မဲဆွယ်ခရီးထွက်မယ်ဆိုတာပြောလို့မရဘူးဖြစ်နေတယ်။ ဥပမာဗျာ သမ္မတကြီးက တစ်နေ ရာသွားမယ်။ လူငါးယောက်ကပါ့မလား။ ဆိုလိုတာ။ ပြဿနာက။ သူထွက်လိုက်ပြီဆိုရင် လူစုလူဝေးတွေဖြစ်သွားမယ်လေ။ အများကြီးဖြစ်သွားမယ်ဆိုရင် ကိုဗစ်ကန့်သတ်ချက်တွေကရှိနေဦးမယ်ဆိုရင် မလိုလားအပ်တဲ့ အငြင်းပွားမှုမျိုးတွေ ဒါတွေက အချိန်မရွေးရောက်ရှိလာနိုင်တယ်။ အဲဒီတော့ ဘယ်လိုမှ ခရီးထွက်ဖို့မဖြစ်နိုင်ဘူး’’ဟု ၎င်းကပြောသည်။

USDP ပါတီ ရှုံးနိမ့်မှုအတွက် တာဝန်ရှိပြီး ၎င်းအပေါ် ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရရှိရေးအတွက် မဲဆွယ်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတငြိမ်း ဦးသိန်းစိန်ကပြောကြားကြောင်း ဦးအောင်ပိုင်မင်းကပြောသည်။

နိုင်ငံတော်သမ္မတငြိမ်း ဦးသိန်းစိန်သည် ၂၀၁၁ခုနှစ်မှ၂၀၁၅ခုနှစ်အထိ နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၎င်းလက်ထက်တွင် မိုဘိုင်းဖုန်းလ်ဆင်းကတ်တန်ဖိုးများ လျှော့ချစေခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးတွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၈ ဖွဲ့အထိ NCA လက်မှတ်ရေးထိုးစေခြင်းတို့ လုပ်ဆောင်နိုင်ခဲ့သည်။

#PeopleMedia #USDP


Share this post