• Follow Us on
Latest News

Home နွားထိုးကြီးမြို့၊ ဆူးဖြူကုန်းရွာရှိ လင်မယားနှစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ၊ အဆိုပါ လုပ်ကြံမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့ထုတ်ပြန်

နွားထိုးကြီးမြို့၊ ဆူးဖြူကုန်းရွာရှိ လင်မယားနှစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ၊ အဆိုပါ လုပ်ကြံမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာ၌ နေထိုင်သည့် တပ်မတော်ထောက်ခံသူ အောင် ဆန်းဦးနှင့် ဇနီးတို့သည် စက်တင်ဘာ ၇ ရက်နေ့  နံနက်ပိုင်းက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

အဆိုပါ လုပ်ကြံမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့ဖြစ်သည့်  27 Revolution Forces မှ ထုတ်ပြန်ထားသည်။

 

အောင်ဆန်းဦးနှင့် ဇနီးတို့သည့် မြင်းခြံမြို့နယ် ထိန်ပန်းရွာဖောက်လမ်းအဝင် သစ်ရုံအနီး၌ သေနတ်ဖြင့် လုပ် ကြံခံရခြင်းဖြစ်သည်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ်များရှိ တပ်မတော်ထောက်ခံသူများသည် နေ့စဉ် လုပ်ကြံခံနေရ လျက်ရှိသည်။

 

#PeopleMedia #နွားထိုးကြီးမြို့နယ်

 

(unicode)


………………………………………………………………………………

 


 


 


 


 


 



Share this post