• Follow Us on

Home ရုရှားတပ်များ တစ်ပတ်အတွင်း နိုင်ငံတွင်းမှထွက်ခွာသွားနိုင်ကြောင်း ကာဇက်စတန်သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်ပြော

ရုရှားတပ်များ တစ်ပတ်အတွင်း နိုင်ငံတွင်းမှထွက်ခွာသွားနိုင်ကြောင်း ကာဇက်စတန်သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၀ (People Media)

 

ကာဇက်စတန်နိုင်ငံတွင် ဆူပူအုံကြွမှုများဖြစ်ပေါ်လာပြီးနောက် နိုင်ငံတည်ငြိမ်အောင် လာရောက်ကူညီသော ရုရှားတပ်ဖွဲ့ဝင်များမှာ တစ်ပတ်အတွင်း နိုင်ငံတွင်းမှထွက်ခွာသွားနိုင်ကြောင်း ကာဇက်စတန်သမ္မတ ကက်ဆန် ဂျိုးမတ်တိုကာယက်ဗ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

 

ကာဇက်စတန်နိုင်ငံတွင်းရောက်ရှိနေသောတပ်ဖွဲ့ဝင်များမှာ ရုရှားနှင့် ကာဇက်စတန်နိုင်ငံကဲ့သို့  CSTO  စုပေါင်း လုံခြုံရေးစာချုပ်အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘယ်လာရုစ်၊ တာဂျစ်ကစ္စတန်၊ ကျားဂစ်စတန်နှင့် အာမေးနီးယန်း နိုင်ငံတို့မှ တပ်ဖွဲ့ဝင်အချို့လည်းပါဝင်ပြီး အဆိုပါတပ်ဖွဲ့ဝင်များမှာ ကာဇက်စတန်နိုင်ငံတွင်း ကာလကြာရှည်နေ ထိုင်သွားမည်ဟု မထင်ကြောင်း အဆိုပါပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

 

လွန်ခဲ့သည့်သီတင်းပတ်အတွင်း ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ ရာ ဆန္ဒပြပြည်သူ ၁၆၄ ဦး သေဆုံးခဲ့ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရုရှားသတင်းဌာနများနှင့် ကာဇက်စ တန်သတင်းဌာနများက ကြေညာခဲ့သည်။

 

အဆိုပါသတင်းဌာနများက ကာဇက်စတန်ကျန်းမာရေးဝန်ကြီးဌာနကတင်ထားသော လူမှုကွန်ရက်ပေါ်မှ ပို့စ် တစ်ခုကို ကိုးကားတင်ပြထားခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့အာဏာ ပိုင်များက ယင်းသတင်းပါအသေအပျောက်စာရင်းကို အတည်မပြုဘဲ အဆိုပါပို့စ်ကို ပြန်လည်ဖြုတ်ချခဲ့သည်။ သို့သော် ဆူပူအုံကြွမှုနှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းထားသောလူဦးရေစာရင်းမှာ ယနေ့အချိန်အထိ ၆,၀၄၄ ဦးရှိကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

 

CSTO  စုပေါင်း လုံခြုံရေးစာချုပ်အဖွဲ့ဝင်နိုင်ငံများမှတပ်ဖွဲ့ဝင်များကို ကာဇက်စတန်နိုင်ငံတွင် တပ်ဖြန့်ချထားပြီး ဖြစ်ကြောင်း၊ အခြေအနေများ လုံးဝတည်ငြိမ်အေးဆေးသည်အထိ ဆက်လက်တပ်ဖြန့်ချထားမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အရေးကြီးသော စစ်ဘက်ဆိုင်ရာအဆောက်အဦများ၊ နိုင်ငံတော်ပိုင်အဆောက်အဦ များနှင့် လူမှုရေးအရေအရေးပါသောနေရာများကို စောင့်ကြပ်လျက်ရှိကြောင်း ရုရှားလေကြောင်းချီတပ်ဖွဲ့၏ အ ကြီးအကဲ အန်ဒရေးဆာဒျူကော့ဗ်၏ စကားကိုကိုးကား၍ ရိုက်တာသတင်းဌာန ကဖော်ပြထားသည်။

 

ဆူပူအုံကြွမှုများကို နှိမ်နှင်းရာ၌ ကာဇက်စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခွင့်ပေးခဲ့သော သမ္မတတိုကာ ယက်ဗ်၏ အမိန့်ကို ဇန်နဝါရီလ ၉ ရက်နေ့က ABC-TV နှင့် အင်တာဗျူးပြုလုပ်စဉ် အမေရိကန်နိုင်ငံခြားရေးဝန် ကြီး အန်တိုနီဘလင်ကန်ကပြောသည်။

 

ဗဟိုအာရှနိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတွင်း ဆူပူအုံကြွမှုဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရာတွင် မည် သည့်အတွက်ကြောင့် ရုရှားဦးဆောင်သည့်လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကူအညီတောင်းခံရန် လိုအပ်ကြာင်း ကာဇက်စတန်နိုင်ငံမှ ရှင်းလင်းချက်ရရှိရန် အမေရိကန်အစိုးရက ကြိုးစားနေကြောင်း ၎င်းကပြောသည်။

 

ဆူပူအုံကြွမှုများတွင် လူထောင်ပေါင်းများစွာ ပါဝင်ပတ်သက်နေပြီး ငွေကြေးအရနောက်ကွယ်မှုထောက်ပံ့ကာ လှုံ့ဆော်မှုများပြုလုပ်နေကြောင်း၊ လှုံ့ဆော်နေသူအများအပြားမှာ လျှို့ဝှက်ဆဲလ်များမှထွက်ပေါ်လာသော အ ကြမ်းဖက်သမားများဖြစ်ကြောင်း သမ္မတတိုကာယက်ဗ်က ပြောသည်။

 

Ref: Russian troops could be gone within week from Kazakhstan says Tokayev’s spokesman

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Russian troops could be gone within week from Kazakhstan says Tokayev’s spokesman

 

#PeopleMedia


Share this post