• Follow Us on

Home ရုရှားနိုင်ငံက တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် စစ်ရေးလေ့ကျင့်မှုများ တစ်ပြိုင်နက်တည်း ပြုလုပ်

ရုရှားနိုင်ငံက တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် စစ်ရေးလေ့ကျင့်မှုများ တစ်ပြိုင်နက်တည်း ပြုလုပ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၂ (People Media)

 

အရေးပါသော အာရှအင်အားကြီးနှစ်နိုင်ငံကြား ချိန်ခွင်လျှာထိန်းညှိမှုအဖြစ် ရုရှားနိုင်ငံက အိန္ဒိယ၊ တရုတ် နိုင်ငံတို့နှင့် တစ်ပြိုင်နက်တည်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

 

တရုတ်တပ်မတော်နှင့် ပမာဏကြီးမားသော စစ်ရေးလေ့ကျင့်မှုကို သြဂုတ်လ ၉ ရက်ကတည်းက တရုတ် နိုင်ငံ၌ ပြုလုပ်လျက်ရှိသည်။

 

ရုရှားတပ်မတော်က သြဂုတ်လ ၁ ရက်ကတည်းက ရုရှားနိုင်ငံတောင်ပိုင်း၌ အိန္ဒိယတပ်ဖွဲ့ဝင် ၅၀၀ ဖြင့် စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ရုရှားနှင့် အိန္ဒိယတို့၏ တန်ပြန်အကြမ်းဖက်မှုဝါဒ တိုက်ဖျက်ရေးလေ့ကျင့်မှုတွင် ဓားစာခံများ လွတ် မြောက်ရေးကို ကယ်တင်သည့်ပုံစံပြုလုပ်ပြီး တင့်ကားများ၊ ရဟတ်ယာဉ်များလည်း ပါဝင်သည်။

 

အဆိုပါ စစ်ရေးလေ့ကျင့်မှုက အိန္ဒိယတပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ရည်ရွယ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇူလိုင်လအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသားလုံခြုံရေး လမ်း ညွှန်ချက်များကို ပြန်လည်ပြင်ဆင်ခဲ့သည်။

 

အာရှ-ပစိဖိတ်ဒေသ၌ တည်ငြိမ်မှုနှင့် လုံခြုံရေးရရှိစေရန် ရုရှားနိုင်ငံက တရုတ်နိုင်ငံနှင့်သာမက အိန္ဒိယ နိုင်ငံနှင့်ပါ ဆက်ဆံရေးတိုးမြှင့်မည်ဟု သမ္မတပူတင်က ပြောကြားခဲ့သည်။

 

ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့နှင့် အစည်းအဝေးတစ်ရပ်ပြုလုပ်ရန် စီစဉ်နေသည်။

 

ရုရှားအစိုးရက ကျောထောက်နောက်ခံပြုထားသော အရှေ့ပိုင်းစီးပွားရေးဖိုရမ်က သြဂုတ်လ ၉ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာလအတွင်း ဗလာဒီဗော့စတော့မြို့တွင်ကျင်းပမည့် အစည်းအ ဝေး၌ အိန္ဒိယနိုင်ငံ ပါဝင်မည့်အစီအစဉ်ကို ကြိုဆိုလိုက်သည်။

 

Ref; Russia holding separate drills with China, India

 

#PeopleMedia #EPN #international #ရုရှား

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref; Russia holding separate drills with China, India

 



Share this post