• Follow Us on

Home ႐ုရွားနိုင္ငံရွိ သက္ႀကီးေဂဟာ မီးေလာင္ကၽြမ္းမႈတြင္ လူ ၁၁ ဦး ေသဆုံး

႐ုရွားနိုင္ငံရွိ သက္ႀကီးေဂဟာ မီးေလာင္ကၽြမ္းမႈတြင္ လူ ၁၁ ဦး ေသဆုံး

Share this post

ဒီဇင္ဘာ ၁၇ (PeopleMedia)

႐ုရွားနိုင္ငံအလယ္ပိုင္းရွိ သက္ႀကီးေဂဟာတစ္ခုတြင္ ယမန္ေန႔ညေႏွာင္းပိုင္းက မီးေလာင္ကၽြမ္းမႈတစ္ခု ျဖစ္ပြားခဲ့ရာ လူ ၁၁ ဦး ေသဆုံးခဲ့ေၾကာင္း စုံစမ္းစစ္ေဆးေရးမွဴးမ်ားက ေျပာသည္။

ဘတ္ရွ္ေကာ္ေတာ့စ္တန္ေဒသရွိ သက္ႀကီးေဂဟာ၌ မီးေလာင္ကၽြမ္းမႈႏွင့္ပတ္သက္၍ စုံစမ္းစစ္ေဆးမႈ တစ္ရပ္ ဖြင့္လွစ္ခဲ့ေၾကာင္း ႐ုရွား စုံစမ္းစစ္ေဆးေရးေကာမတီက ေျပာသည္။

“မီးစတင္ေလာင္ကၽြမ္းခ်ိန္မွာ သက္ႀကီးေဂဟာအတြင္း လူ ၁၅ ဦးရွိၿပီး ေလးဦးက မီးေလာင္မႈအႏၲရာယ္ ကေန ႐ုန္းထြက္နိုင္ခဲ့ပါတယ္။ မီးၿငိွမ္းသတ္ၿပီးေနာက္ အေလာင္း ၁၁ ေလာင္းကို ေတြ႕ရွိခဲ့ပါတယ္” ဟု ေကာ္မတီ က ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာသည္။

မီးသတ္သမားမ်ားက မနက္ပိုင္းေရာက္မွသာ မီးေလာင္မႈကို ၿငိွမ္းသတ္နိုင္ခဲ့ေၾကာင္း ႐ုရွား အေရးေပၚအ ေျခအေနမ်ား ဝန္ႀကီးဌာနက ေျပာသည္။

အဆိုပါေဂဟာကို သက္ႀကီးမ်ားကို လႉဒါန္းမႈမ်ားျပဳလုပ္ေနသည့္ အက်ိဳးအျမတ္မဟုတ္ေသာ အဖြဲ႕အ စည္းတစ္ခုအျဖစ္ မွတ္ပုံတင္ထားေၾကာင္း စုံစမ္းစစ္ေဆးေရးမႉးမ်ားက ေျပာသည္။

ယိုယြင္းေနသည့္ အေျခခံအေဆာက္အအုံမ်ားႏွင့္ ေဘးအႏၲရာယ္ကင္းမႈစံႏႈန္းမ်ား လိုက္နာမႈမရွိျခင္း ေၾကာင့္ ႐ုရွားနိုင္ငံရွိ လူေနအေဆာက္အအုံမ်ား၌ မေတာ္တဆ မီးေလာင္မႈမ်ား မၾကာခဏ ျဖစ္ပြားသည္။

Ref; 11 Killed in Fire at Nursing Home in Russia

#PeopleMedia

(unicode)
ရုရှားနိုင်ငံရှိ သက်ကြီးဂေဟာ မီးလောင်ကျွမ်းမှုတွင် လူ ၁၁ ဦး သေဆုံး
……………………………………..

ဒီဇင်ဘာ ၁၇ (PeopleMedia)

ရုရှားနိုင်ငံအလယ်ပိုင်းရှိ သက်ကြီးဂေဟာတစ်ခုတွင် ယမန်နေ့ညနှောင်းပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောသည်။

ဘတ်ရှ်ကော်တော့စ်တန်ဒေသရှိ သက်ကြီးဂေဟာ၌ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု တစ်ရပ် ဖွင့်လှစ်ခဲ့ကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးကောမတီက ပြောသည်။

“မီးစတင်လောင်ကျွမ်းချိန်မှာ သက်ကြီးဂေဟာအတွင်း လူ ၁၅ ဦးရှိပြီး လေးဦးက မီးလောင်မှုအန္တရာယ် ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ မီးငြိှမ်းသတ်ပြီးနောက် အလောင်း ၁၁ လောင်းကို တွေ့ရှိခဲ့ပါတယ်” ဟု ကော်မတီ က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။

မီးသတ်သမားများက မနက်ပိုင်းရောက်မှသာ မီးလောင်မှုကို ငြိှမ်းသတ်နိုင်ခဲ့ကြောင်း ရုရှား အရေးပေါ်အ ခြေအနေများ ဝန်ကြီးဌာနက ပြောသည်။

အဆိုပါဂေဟာကို သက်ကြီးများကို လှူဒါန်းမှုများပြုလုပ်နေသည့် အကျိုးအမြတ်မဟုတ်သော အဖွဲ့အ စည်းတစ်ခုအဖြစ် မှတ်ပုံတင်ထားကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောသည်။

ယိုယွင်းနေသည့် အခြေခံအဆောက်အအုံများနှင့် ဘေးအန္တရာယ်ကင်းမှုစံနှုန်းများ လိုက်နာမှုမရှိခြင်း ကြောင့် ရုရှားနိုင်ငံရှိ လူနေအဆောက်အအုံများ၌ မတော်တဆ မီးလောင်မှုများ မကြာခဏ ဖြစ်ပွားသည်။

Ref; 11 Killed in Fire at Nursing Home in Russia

#PeopleMedia


Share this post