• Follow Us on

Home ရုရှားအရေးစိုးရိမ်ပူပန်နေသည့်ကြား မြေထဲပင်လယ်တွင် လေယာဉ်တင်သင်္ဘောတစ်စင်း ဆက်လက်တပ်စွဲ ထားရန် အမေရိကန်အစိုးရ ညွှန်ကြား

ရုရှားအရေးစိုးရိမ်ပူပန်နေသည့်ကြား မြေထဲပင်လယ်တွင် လေယာဉ်တင်သင်္ဘောတစ်စင်း ဆက်လက်တပ်စွဲ ထားရန် အမေရိကန်အစိုးရ ညွှန်ကြား

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉ (People Media)

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်မည့်အရေး စိုးရိမ်ပူပန်နေကြသည့် ဥရောပမဟာမိတ်နိုင်ငံများ စိတ် အေးစေရန်အတွက် မြေထဲပင်လယ်ဒေသတွင် လေယာဉ်တင်သင်္ဘောတစ်စင်း ဆက်လက်တပ်စွဲထားရန် အမေ ရိကန်အစိုးရက ညွှန်ကြားလိုက်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ဒီဇင်ဘာလ ၂၈ ရက်နေ့ကပြောသည်။

 

ယူအက်စ်အက်စ်ဟယ်ရီအက်စ်ထရူးမန်း လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေးသင်္ဘောအုပ်စု အနေဖြင့် ဒေသတွင်းဆက်လက်တပ်စွဲထားရန်နှင့် အရှေ့အလယ်ပိုင်းသို့ထွက်ခွာမည့်အစီအစဉ်အား ခေတ္တ ဆိုင်းငံ့ထားရန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်သြစတင်က ညွှန်ကြားခဲ့သည်။

 

“အစီအစဉ်ပြောင်းလဲမှုဟာ ဥရောပဒေသမှ ဆက်လက်တပ်စွဲထားဖို့ လိုအပ်ချက်ကို ထင်ဟပ်ပေါ်လွင်စေပါ တယ်။ ကျွန်တော်တို့ရဲ့ စုပေါင်းကာကွယ်မယ့် စိတ်ဓာတ်ကိုယုံကြည်တဲ့ မဟာမိတ်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံ တွေကို စိတ်အေးစေဖို့ မလုပ်မဖြစ်လုပ်ရမယ့် အရေးကြီးကိစ္စတစ်ရပ်လည်းဖြစ်ပါတယ်။” ဟု ကာကွယ်ရေးဝန် ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။

 

ယူကရိန်းအရေး တင်းမာမှုများမြင့်တက်လာသည့်ကိစ္စနှင့်ပတ်သက်၍ ဂျီနီဗာမြို့၌ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ တွေ့ဆုံဆွေးနွေးရန် သဘောတူညီထားပြီးဖြစ်သော်လည်း ယခုကဲ့ သို့ မြေထဲပင်လယ်တွင် လေယာဉ်တင်သင်္ဘောဆက်လက်တပ်စွဲထားရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

 

ရုရှားနိုင်ငံနှင့်တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ရက်သတ်မှတ်ရန် ဥရောပမဟာမိတ်နိုင်ငံများ၊ နေတိုးအဖွဲ့ကိုယ် စားလှယ်များနှင့် အတူတကွလက်တွဲဆောင်ရွက်ရန် သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းပြောဆိုခဲ့သည်။

 

ရုရှားနိုင်ငံသည် ယူကရိန်းနယ်စပ်အနီး အင်အားအလုံးအရင်းစုဖွဲ့လျက်ရှိရာ ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို ရုရှားနိုင်ငံက သိမ်းပိုက်လိုက်သည့်နည်းတူ တစ်ကျော့ပြန်သိမ်းပိုက်လာမည်ကို စိုးရိမ်ပူပန်နေကြကြောင်း အနောက်နိုင်ငံများမှ အရာရှိများကပြောသည်။

 

ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်သိမ်းပိုက်ရန် ကြံစည်နေသည်ဆိုသည့်စွပ်စွဲချက်ကို ရုရှားသမ္မတဗလာဒီမာ ပူတင်က ငြင်းဆိုလိုက်ပြီး အမေရိကန်ထောက်ပံ့ထားသည့် မဟာမိတ်နိုင်ငံများနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ အ ရှေ့ဘက်သို့ နယ်ပယ်ချဲ့ထွင်လာမှုများကိုထောက်ပြကာ ရုရှားလုံခြုံရေးအတွက် အာမခံချက်ပေးရန် တောင်းဆို ထားသည်။

 

ယူအက်စ်အက်စ်ဟယ်ရီအက်စ်ထရူးမန်း လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေးသင်္ဘောအုပ်စု သည် စစ်ဆင်ရေးပုံမှန်ခရီးစဉ်အဖြစ် ဗာဂျီးနီးယားပြည်နယ် နော်ဖော့လ်ခ်ရေတပ်အခြေစိုက်စခန်းမှ ဒီဇင်ဘာလ ၁ ရက်နေ့က ထွက်ခွာလာခြင်းဖြစ်သည်။

 

လွန်ခဲ့သည့်သီတင်းပတ်က အရှေ့ဘက်သို့ မထွက်ခွာမီ အဆိုပါလေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စု သည် တူနီးရှားတပ်မတော်နှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

 

Ref: US Keeps Carrier in Mediterranean Amid Russia Tensions

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: US Keeps Carrier in Mediterranean Amid Russia Tensions

 

#PeopleMedia


Share this post