• Follow Us on

Home ႐ုရွားေရတပ္တြင္ အသံလြန္ႏ်ဴကလီးယားတိုက္ခိုက္ေရးလက္နက္မ်ားႏွ င့္ ေရေအာက္ႏ်ဴကလီယားေမာင္းသူမဲ့ ယာဥ္မ်ားတပ္ဆင္အသုံးျပဳမည္ ဟု သမၼတေၾကညာ

႐ုရွားေရတပ္တြင္ အသံလြန္ႏ်ဴကလီးယားတိုက္ခိုက္ေရးလက္နက္မ်ားႏွ င့္ ေရေအာက္ႏ်ဴကလီယားေမာင္းသူမဲ့ ယာဥ္မ်ားတပ္ဆင္အသုံးျပဳမည္ ဟု သမၼတေၾကညာ

Share this post

ေမာ္စကို၊ ဇူလိုင္ ၂၈

႐ုရွားေရတပ္မေတာ္တြင္ ေနာက္ဆံုးအဆင့္လက္နက္စမ္းသပ္မႈမ်ားျပဳလုပ္ေနသည္ဟု ႐ု႐ွားကာကြယ္ေရး၀န္ ႀကီးဌာနက ထုတ္ျပန္ထားသည့္ အသံထက္ျမန္သည့္ႏ်ဴကလီးယားတိုက္ခိုက္ေရးလက္နက္မ်ားႏွင့္ ေရေအာက္ ႏ်ဴကလီးယားေမာင္းသူမဲ့ဒ႐ုန္းမ်ား တပ္ဆင္သြားမည္ဟု ႐ု႐ွားသမၼတဗလာဒီမ်ာပူတင္က တနဂၤေႏြေန႔တြင္ ေျပာသည္။

လက္နက္ၿပိဳင္ပြဲမလိုခ်င္ေၾကာင္းေျပာေလ့႐ွိေသာပူတင္သည္ ၿပိဳင္ဘက္ကင္းၿပီး ကမာၻ႔မည္သည့္ေနရာကိုမဆို ပစ္ခတ္ႏိုင္သည့္ ႐ု႐ွားမ်ိဳးဆက္သစ္ႏ်ဴကလီးယားလက္နက္မ်ားအေၾကာင္းမၾကာခဏေျပာဆိုထားသည္။

ထိုလက္နက္မ်ား မည္မွ်အဆင့္ျမင့္ေၾကာင္း အေနာက္ႏိုင္ငံမ်ားမွ ကၽြမ္းက်င္သူမ်ားက မၾကာခဏေမးခြန္းထုတ္ ေလ့႐ွိသည္။

တပ္ဆင္ေနရာခ်ထားျခင္းမ႐ွိေသးသည့္တခ်ိဳ႕ပါ၀င္ေသာ ယခုလက္နက္မ်ားတြင္ ေရငုပ္သေဘၤာမ်ားက သယ္ ေဆာင္မည့္ ပိုဆီဒြန္ႏ်ဴကလီးယားသံုးေရေအာက္ေမာင္းသူမဲ့ဒ႐ုန္းမ်ားႏွင့္ ေရေပၚမွသေဘၤာမ်ားတြင္ တပ္ဆင္ ႏိုင္သည့္ အသံလြန္ခ႐ုဇ္ဒံုးပ်ံမ်ားျဖစ္သည္။

အ႐ွိန္၊ စစ္ကစားႏိုင္စြမ္းႏွင့္ အျမင့္ပ်ံႏိုင္စြမ္းတို႔ေပါင္းစပ္ထားသည့္အသံလြန္ဒံုးပ်ံမ်ားမွာ အသံထက္ ၅ ဆ ေက်ာ္ ျမန္ႏိုင္သျဖင့္ ေျခရာခံရန္ႏွင့္ ၾကားျဖတ္ရန္ ခက္ခဲမည္။

အခ်ိန္အတိအက်ကိုေျပာဆိုျခင္းမ႐ွိေသာ္လည္း တပ္ဆင္ေနရာခ်မည့္အခ်ိန္နီးကပ္လာၿပီဟု ပူတင္ကေျပာ သည္။

Ref : Putin says Russian Navy to get hypersonic nuclear strike weapons

#PeopleMedia

(unicode)
ရုရှားရေတပ်တွင် အသံလွန်နျူကလီးယားတိုက်ခိုက်ရေးလက်နက်များနှ င့် ရေအောက်နျူကလီယားမောင်းသူမဲ့ ယာဉ်များတပ်ဆင်အသုံးပြုမည် ဟု သမ္မတကြေညာ
……………………………………………………

မော်စကို၊ ဇူလိုင် ၂၈

ရုရှားရေတပ်မတော်တွင် နောက်ဆုံးအဆင့်လက်နက်စမ်းသပ်မှုများပြုလုပ်နေသည်ဟု ရုရှားကာကွယ်ရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည့် အသံထက်မြန်သည့်နျူကလီးယားတိုက်ခိုက်ရေးလက်နက်များနှင့် ရေအောက် နျူကလီးယားမောင်းသူမဲ့ဒရုန်းများ တပ်ဆင်သွားမည်ဟု ရုရှားသမ္မတဗလာဒီမျာပူတင်က တနင်္ဂနွေနေ့တွင် ပြောသည်။

လက်နက်ပြိုင်ပွဲမလိုချင်ကြောင်းပြောလေ့ရှိသောပူတင်သည် ပြိုင်ဘက်ကင်းပြီး ကမ္ဘာ့မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်သည့် ရုရှားမျိုးဆက်သစ်နျူကလီးယားလက်နက်များအကြောင်းမကြာခဏပြောဆိုထားသည်။

ထိုလက်နက်များ မည်မျှအဆင့်မြင့်ကြောင်း အနောက်နိုင်ငံများမှ ကျွမ်းကျင်သူများက မကြာခဏမေးခွန်းထုတ် လေ့ရှိသည်။

တပ်ဆင်နေရာချထားခြင်းမရှိသေးသည့်တချို့ပါဝင်သော ယခုလက်နက်များတွင် ရေငုပ်သင်္ဘောများက သယ် ဆောင်မည့် ပိုဆီဒွန်နျူကလီးယားသုံးရေအောက်မောင်းသူမဲ့ဒရုန်းများနှင့် ရေပေါ်မှသင်္ဘောများတွင် တပ်ဆင် နိုင်သည့် အသံလွန်ခရုဇ်ဒုံးပျံများဖြစ်သည်။

အရှိန်၊ စစ်ကစားနိုင်စွမ်းနှင့် အမြင့်ပျံနိုင်စွမ်းတို့ပေါင်းစပ်ထားသည့်အသံလွန်ဒုံးပျံများမှာ အသံထက် ၅ ဆ ကျော် မြန်နိုင်သဖြင့် ခြေရာခံရန်နှင့် ကြားဖြတ်ရန် ခက်ခဲမည်။

အချိန်အတိအကျကိုပြောဆိုခြင်းမရှိသော်လည်း တပ်ဆင်နေရာချမည့်အချိန်နီးကပ်လာပြီဟု ပူတင်ကပြော သည်။

Ref : Putin says Russian Navy to get hypersonic nuclear strike weapons

#PeopleMedia


Share this post