• Follow Us on

Home ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်ရန်စီစဉ်နေသည်ဆိုသည့် စွပ်စွဲချက်များကို ရုရှားထောက်လှမ်းရေး အဖွဲ့က ပယ်ချ

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်ရန်စီစဉ်နေသည်ဆိုသည့် စွပ်စွဲချက်များကို ရုရှားထောက်လှမ်းရေး အဖွဲ့က ပယ်ချ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃ (People Media)

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန်စီစဉ်နေကြောင်း အနောက်နိုင်ငံများကစွပ်စွဲပြောဆိုနေ ရာ ယင်းစွပ်စွဲချက်များကို ရုရှားနိုင်ငံ၏ SVR (Sluzhba Vneshney Razvedki ) ခေါ် ပြည်ပသတင်းထောက် လှမ်းရေးအဖွဲ့က နိုဝင်ဘာလ ၂၂ ရက်နေ့က ပယ်ချလိုက်သည်။

 

“ရုရှားတင့်ကားအုပ်စုကြီးက ယူကရိန်းနိုင်ငံကမြို့ကြီးတွေကို စတင်တိုက်ခိုက်တော့မယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး သူတို့တွေ ခိုင်လုံတဲ့သတင်းအချက်အလက်တွေရရှိထားတယ်လို့ပြောရင်း ရုရှားတင့်ကားအုပ်စု ကြီးကို အမေရိကန်တွေက တကယ့်ကြောက်စရာကောင်းတဲ့ပုံမျိုး ပုံဖော်ပြောဆိုနေကြတယ်။” ဟု ရုရှားသတင်း ဌာနများသို့ ထုတ်ပြန်ခဲ့သည့် SVR ၏ ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

 

အမေရိကန်အစိုးရက ၎င်းတို့၏မဟာမိတ်နိုင်ငံများထံသို့ “ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက် ရန်အင်အားများစုစည်းနေသည်ဆိုသည့် သတင်းအမှားကို” ပေးပို့နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

 

ယခုလအတွင်း ယူကရိန်းနိုင်ငံအနီး ရုရှားတပ်ဖွဲ့ဝင်များ၏ စစ်ရေးလှုပ်ရှားမှုများမှာ ပုံမှန်မဟုတ်သောစစ်ရေးလှုပ် ရှားမှုအဖြစ် တကယ့်စိုးရိမ်စရာဖြစ်ကြောင်း အမေရိကန်နိုင်ငံကပြောဆိုလိုက်သဖြင့် အနောက်နိုင်ငံများသည် ယ ခုလအတွင်း ရုရှားစစ်ရေးလှုပ်ရှားမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများမြင့်တက်လာခဲ့သည်။

 

“အမေရိကန်ဗျူရိုကရက်တွေဟာ မရေရာတဲ့စွပ်စွဲချက်တွေနဲ့အတူ နိုင်ငံတကာအသိုင်းအဝိုင်းကို ခြောက်လှန့်နေ တာပါ။” ဟု SVR က ပြောသည်။ အနောက်အုပ်စုသည် တင်းမာမှုများပိုမိုမြင့်တက်လာစေရန် ရည်ရွယ်၍ သ တင်းစစ်ဆင်ရေးတစ်ခုကို ပုံဖော်ဦးဆောင်နေကြောင်း ရုရှားအစိုးရက တနင်္လာနေ့အစောပိုင်းက ပြောကြား လိုက်သည်။

 

“ကျွန်တော်တို့နိုင်ငံပိုင်နက်ထဲက ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုမှန်သမျှ ဘယ်သူ့ကိုမှ ခြိမ်းခြောက်တာမဟုတ် သလို ဘယ်သူမှလည်း စိုးရိမ်စရာမလိုပါဘူး” ဟု ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ်ဒီမီထရီပက်စ်ကော့ဗ်က သတင်း ထောက်များကိုပြောသည်။ မကြာသေးမီက ဒီမီထရီပက်စ်ကော့ဗ်က အနောက်နိုင်ငံများ၏ စွပ်စွဲချက်များကို စိတ်ချောက်ချားမှု ရောဂါတစ်ခုအဖြစ်ပြောဆိုပြီး ပယ်ချခဲ့သည်။

 

အနောက်နိုင်ငံများသည် ပင်လယ်နက်တွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခြင်းအားဖြင့် ယူကရိန်းပဋိပက္ခကို ပိုမို မြင့်မားလာအောင်မီးထိုးပေးနေသည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်က လွန်ခဲ့သည့် သီတင်းပတ်က စွပ်စွဲပြော ဆိုလိုက်သည်။  အမေရိကန်ဗုံးကြဲလေယာဉ်များ ရုရှားနယ်စပ်အနီးပျံသန်းခဲ့ကြောင်းကိုလည်း ပူတင်ကထောက် ပြပြောဆိုခဲ့သည်။

 

ရုရှားနိုင်ငံက ခရိုင်းမီးယားကို ကျူးကျော်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်ကတည်းက ရုရှားနိုင်ငံနှင့်ထိစပ်နေသော ပဲ့ ထွက်လာသည့်နယ်မြေနှစ်ခုတွင် ယူကရိန်းစစ်တပ်မှာ ရုရှားလိုလားသည့်ခွဲထွက်ရေးဝါဒီများနှင့်ဖြစ်ပွားနေသော တအုံနွေးနွေးပဋိပက္ခကြားတွင် ပိတ်မိနေခဲ့သည်။

 

ရုရှားအစိုးရသည် ယူကရိန်းနိုင်ငံမှ ခွဲထွက်ရေးဝါဒီများကိုထောက်ပံ့ရန် ရုရှားတပ်ဖွဲ့ဝင်များနှင့် လက်နက်များကို နယ်စပ်သို့ပို့ဆောင်နေကြောင်း ယူကရိန်းအစိုးရနှင့် အနောက်အုပ်စုက စွပ်စွဲပြောဆိုခဲ့သော်လည်း ရုရှားနိုင်ငံက အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

 

Ref: Russia Spy Agency Dismisses Claims of Ukraine Invasion Plan

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Russia Spy Agency Dismisses Claims of Ukraine Invasion Plan

 

#PeopleMedia


Share this post