• Follow Us on
Latest News

Home ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်ပါက ကမ္ဘာကြီးပြောင်းလဲသွားမည်ဖြစ်သော်လည်း အမေရိကန်နှင့် နေတိုး တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ စေလွှတ်မည်မဟုတ်ကြောင်း ဘိုင်ဒန်ပြော

ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်ပါက ကမ္ဘာကြီးပြောင်းလဲသွားမည်ဖြစ်သော်လည်း အမေရိကန်နှင့် နေတိုး တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ စေလွှတ်မည်မဟုတ်ကြောင်း ဘိုင်ဒန်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆ (People Media)

 

ယူကရိန်းနိုင်ငံသို့ အမေရိကန်တပ်ဖွဲ့ဝင်များ သို့မဟုတ် နေတိုးတပ်ဖွဲ့ဝင်များ စေလွှတ်မည်မဟုတ်ကြောင်းထပ် လောင်းပြောကြားခဲ့ပြီးနောက် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့ပါက ကမ္ဘာကြီးပြောင်းလဲ သွားမည်ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ဇန်နဝါရီလ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။

 

“ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်ခဲ့မယ်ဆိုရင် အင်မတန်ကြီးမားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာပါလိမ့် မယ်။ စီးပွားရေးအရနောက်ဆက်တွဲရလဒ်တွေနဲ့ နိုင်ငံရေးနောက်ဆက်ဆွဲရလဒ်တွေသာမက ဒီကထက်ပိုတဲ့ အကျိုးဆက်တွေကို ကြုံတွေ့ရမှာပါ။ ကမ္ဘာတစ်ဝန်းလည်း ကြီးမားတဲ့အကျိုးဆက်တွေ ရိုက်ခတ်လာပါလိမ့် မယ်။ တကယ်လို့ သူ (ပူတင်) ကျူးကျော်ခဲ့မယ်ဆိုရင် ဒုတိယကမ္ဘာစစ်ပြီးကတည်းက အကြီးမားဆုံးကျူး ကျော်တိုက်ခိုက်မှုကြီးဖြစ်လာပါလိမ့်မယ်။ ဒီကျူးကျော်မှုကြီးက ကမ္ဘာကြီးကို ပြောင်းလဲပစ်လိမ့်မယ်။” ဟု သမ္မတဘိုင်ဒန်က သတင်းထောက်များကို ပြောသည်။

 

သမ္မတဘိုင်ဒန်က ယင်းစကားကို ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ အမေရိကန်ကွန်ဂရက်လွှတ်တော်အဆောက်အ ဦသို့သွားရောက်စဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ယူကရိန်း-ရုရှား ပဋိပက္ခအရေးနှင့်ပတ်သက်၍ နောက်ထပ်တက်လာသောသတင်းများရှိမရှိ သတင်းထောက် များက မေးမြန်းရာတွင် သမ္မတဂျိုးဘိုင်ဒန်က “မရှိပါဘူး။ နောက်ထပ်တက်လာတဲ့သတင်းတွေမရှိသေးပါဘူး။ အဲ .. ရုရှားတပ်တွေ တပ်စွဲထားတဲ့အနေအထား အပြောင်းအလဲမရှိဘူးဆိုတာကလွဲလို့ပေါ့။ ခင်ဗျားတို့သိထား တဲ့အတိုင်းပဲလေ ရုရှားတပ်တွေ ဘယ်လာရုစ်-ယူကရိန်းနယ်စပ်တစ်လျှောက်မှာ ရောက်နေကြပါတယ်။” ဟု ၎င်းက ပြောသည်။

 

ရုရှားတပ်များ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ရန် ရုရှားသမ္မတပူတင်က အမိန့်ပေးခဲ့ပါက ပူတင်ပိုင်ဆိုင်သော အကျိုးစီးပွားများကို ပစ်မှတ်ထား၍ စီးပွားရေးအရေးယူပိတ်ဆို့မှုများ ဆောင်ရွက်သွားဖွယ်ရှိကြောင်း သမ္မတ ဘိုင်ဒန်က ဖြည့်စွက်ပြောသည်။

 

အဆုံးသတ်တွင် ရုရှားသမ္မတပူတင် မည်သည့်လမ်းကြောင်းကို ရွေးချယ်လိမ့်မည်ဟု ထင်မြင်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်ကို သတင်းထောက်များက မေးမြန်းခဲ့သည်။

 

“ခင်ဗျားတို့သိပါတယ် …. ကျွန်တော် သူ့ကို တကယ့်ကို အရိုးသားဆုံးဆက်ဆံခဲ့ပါတယ်။ ခင်ဗျားတို့ပြောတာက အနာဂတ်ကို ဟောကိန်းထုတ်ရမှာနဲ့ တူနေတယ်ဗျ။ ရိုးရိုးလေးပြောရရင် မတူညီတဲ့တခြားခေါင်းဆောင်တစ်ဦး ဆိုရင်လည်း ဘယ်လာရုစ်ကနေ ယူကရိန်းနယ်စပ်တစ်လျှောက် တပ်အင်အားတွေ ဆက်လက်တိုးမြှင့်ချထားနေ တယ်ဆိုတဲ့အချက်က သူ တစ်ခုခုလုပ်တော့မယ်ဆိုတဲ့သဘောပဲပေါ့ဗျာ။ ဒါပေမဲ့ အတိတ်က သူ့ရဲ့အပြုအမူတွေ ရော၊ သူ့အဖွဲ့ထဲက လူတိုင်းပြောဆိုနေကြတာတွေရော၊ ဖြစ်နိုင်တာတွေအားလုံးကိုရော ကြည့်လိုက်မယ်ဆိုရင် အားလုံးဟာ သူ့ဆုံးဖြတ်ချက်ကနေ လာတာပါပဲ။” ဟု ဘိုင်ဒန်က ပြောသည်။

 

ရုရှားတပ်ဖွဲ့ဝင်အင်အား ၁၀၀၀၀၀ ကျော် ယူကရိန်းနယ်စပ်တစ်လျှောက် တပ်ဖြန့်ချထားကြောင်းတွေ့ရပြီး ရုရှား အနေဖြင့် ယူကရိန်းကို အချိန်မရွေးဝင်ရောက်တိုက်ခိုက်နိုင်ကြောင်း အမေရိကန်အစိုးရက သတိပေးထားသည်။

 

အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၈၅၀၀ ကို အမြင့်ဆုံးတပ်လှန့်ထားပြီး တစ်ရက်အကြာတွင် အမေရိကန်အစိုးရ အနေဖြင့် ယူကရိန်းကိုထောက်ပံ့ကူညီရန် အမေရိကန်တပ်ဖွဲ့ဝင်များကို ဥရောပဒေသတွင် တပ်ဖြန့်ချထားခြင်း အား အစီအစဉ်မှဖယ်ထုတ်ထားခြင်းမရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ဇန်နဝါရီ လ ၂၅ ရက်နေ့က ပြောသည်။

 

“ကျွန်တော်တို့အနေနဲ့ တခြားရွေးချယ်စရာအခွင့်အလမ်းတွေကိုလည်း ဖယ်ထုတ်ထားမှာ မဟုတ်ပါဘူး။ ကျွန် တော်တို့ရဲ့အလုပ်က သမ္မတကြီးကို၊ စစ်ဦးစီးချုပ်ကြီးကို ရွေးချယ်စရာအခွင့်အလမ်းတွေ ထောက်ပံ့ပေးဖို့ဖြစ်ပါ တယ်။ ကျွန်တော်တို့ ဒါတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ။ ဒါ့ကြောင့် လာမယ့်ရက်တွေ၊ သီတင်းပတ် တွေအတွင်းမှာ နောက်ထပ်တပ်ဖွဲ့ဝင်တွေကို တပ်လှန့်ထားဖို့အတွက် ဆောင်ရွက်သွားနိုင်ဖွယ်ရှိပါတယ်။” ဟု ဂျွန်ကာဘီက ပြောသည်။

 

Ref: Biden: Ukraine invasion would ‘change the world’ — but US, NATO won’t be there

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 

Ref: Biden: Ukraine invasion would ‘change the world’ — but US, NATO won’t be there

 

#PeopleMedia


Share this post