• Follow Us on

Home ရုရှားနိုင်ငံက ၂၀၂၅ ခုနှစ်တွင် အာကာသ၌ လေဆာလက်နက်များ တပ်ဆင်မည်

ရုရှားနိုင်ငံက ၂၀၂၅ ခုနှစ်တွင် အာကာသ၌ လေဆာလက်နက်များ တပ်ဆင်မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၅ (People Media)

 

ရုရှားနိုင်ငံက အာကာသပြင်ပစောင့်ကြည့်လေ့လာရေးလုပ်ငန်းများအတွက်  ၂၀၂၅ ခုနှစ်ဝန်းကျင်တွင် လေဆာ စောင့်ကြည့်လေ့လာရေးစနစ် ၁၂ ခုကို အာကာသတွင်တပ်ဆင်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက တနင်္လာ (အောက်တိုဘာ ၄ ရက်) နေ့က ကြေညာလိုက်သည်။

 

အဆိုပါကြေညာထားသည့်စီမံချက်မှာ အာကာသပြင်ပကို စောင့်ကြည့်လေ့လာမည့် ရုရှားနိုင်ငံ၏လက်နက်စနစ် ကို ပြည့်စုံအောင်ထုတ်လုပ်ပေးမည့် အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်မည့် မူဘောင်အတွင်း ရှိ နေခြင်းဖြစ်ကြောင်း ရုရှားအစိုးရပိုင် TASS သတင်းဌာနကပြောသည်။

 

“ရုရှားအာကာသတပ်ဖွဲ့ဝင်တွေဟာ အာကာသပြင်ပစောင့်ကြည့်ရေး အထူးဖန်တီးထားတဲ့ မြေပြင်အခြေစိုက် စနစ်တွေရဲ့ မျိုးဆက်သစ်တစ်ခုကို ဖန်တီးဖို့ ကြိုးပမ်းအားထုတ်မှုနဲ့အတူ ခေတ်ရှေ့ကိုရောက်နေပါပြီ။” ဟု ကာကွယ်ရေးဝန်ကြီးက သတင်းထောက်များကို ပြောသည်။

 

အာကာသတွင် တပ်ဖြန့်ချထားမည့် လေဆာစောင့်ကြည့်လေ့လာရေးစနစ်များသည် အာကာသတွင်းတွေ့ရှိ သောအရာဝတ္ထုများကို စုံစမ်းထောက်လှမ်း၍ ရှာဖွေဖော်ထုတ်ရာတွင် မတူကွဲပြားသော ဥပဒေသအမျိုးမျိုးအ ခြေခံထားမည်ဖြစ်သည်။

 

၂၀၂၅ ခုနှစ် တပ်ဖြန့်ချထားရေးအတွက် ကြိုတင်ပြင်ဆင်ရာတွင် ပထမဦးဆုံးမျိုးဆက်သစ်ဖြစ်သည့် လေဆာ စောင့်ကြည့်လေ့လာရေးစနစ်ကို လက်ရှိအချိန်တွင် ဆားဘီးယားတောင်ပိုင်းရှိ အယ်တိုင်းဒေသတွင် တပ်ဖြန့် ချထားပြီး တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ အာကာသဂြိုဟ်တုစနစ်အသစ် ၃၀၀ ကျော်နှင့် အဆင့်မြှင့်တင် ထားသော အာကာသဂြိုဟ်တုစနစ်များကိုလည်း လက်ရှိအချိန်တွင် စမ်းသပ်နေပြီဖြစ်သည်။

 

ရုရှားအာကာသတပ်ဖွဲ့သည် ရုရှားနိုင်ငံ၏ ဝေဟင်အချုပ်အခြာအာဏာကို စောင့်ကြည့်လေ့လာပြီး ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ရှိသော နိုင်ငံ၏ကာကွယ်ရေးအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ယင်းအဖွဲ့ကို ၁၉၉၂ ခုနှစ် တွင်စတင်တည်ထောင်ခဲ့ပြီး နှစ်ကြိမ်ဖျက်သိမ်းခဲ့ဖူးပြီး နောက်ဆုံးအကြိမ်မှာ ၂၀၁၁ ခုနှစ်တွင်ဖြစ်သည်။

 

ရုရှားအာကာသတပ်ဖွဲ့ကို ၂၀၁၅ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ရုရှားလေတပ်နှင့် ရုရှားအာကာသကာကွယ် ရေးတပ်ဖွဲ့တို့၏ ပူးတွဲကွပ်ကဲမှုအောက်တွင် ဖွဲ့စည်းထားရှိခဲ့သည်။ ရုရှားအာကာသတပ်ဖွဲ့၏ နှစ်ပတ်လည်အား လပ်ရက်ကို နှစ်စဉ် အောက်တိုဘာလ ၄ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။

 

Ref: Russia to Deploy Laser Weapons in Space by 2025

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Russia to Deploy Laser Weapons in Space by 2025

 

#PeopleMedia


Share this post