• Follow Us on

Home ရုရှားထုတ်ဘက်စုံသုံးရဟတ်ယာဉ် Mi-38 များကို ရေခဲသည့်နေရာများတွင်ပျံသန်းနိုင်ရန် နည်းပညာများ ထည့်သွင်း


Share this post

မော်စကို၊ စက်တင်ဘာ ၂၃
 
 
 
 
 
 
 
 
 
#PeopleMedia
 
(Unicode)
ရုရှားထုတ်ဘက်စုံသုံးရဟတ်ယာဉ် Mi-38 များကို ရေခဲသည့်နေရာများတွင်ပျံသန်းနိုင်ရန် နည်းပညာများ ထည့်သွင်း
…………………………………
 
မော်စကို၊ စက်တင်ဘာ ၂၃
 
ရေခဲသည့်နေရာများတွင် ပျံသန်းနိုင်ရန် ရုရှားနိုင်ငံထုတ် Mi-38 ဘက်စုံသုံးရဟတ်ယာဉ်များတွင် အပူဓာတ် ပေးစနစ်များထည့်သွင်းသွားမည်ဟု Mi-38 ရဟတ်ယာဉ်အစီအစဉ်ညွှန်ကြားရေးမှူး ရိုမန်ကာဂျင်က ပြောသည်။
 
ထို့ကြောင့် ထိုရဟတ်ယာဉ်အမျိုးအစားသည် ရုရှားနိုင်ငံအတွက် ရေခဲသည့်နေရာများတွင်ပျံသန်းနိုင်မည့် ပထမဆုံးရဟတ်ယာဉ်ဖြစ်လာမည်။
 
“ဒီရဟတ်ယာဉ်တွေမှာ ရေမခဲတဲ့စနစ်အသိအအမှတ်ပြုဖို့ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ ရေခဲနေတဲ့နေရာတွေမှာ ဆက်ပြီးပျံနိုင်မှာပေါ့။ ဒီစနစ်ဟာ ရုရှားရဟတ်ယာဉ်တွေမှာ အရင်တုန်းက သုံးလို့ရတာမျိုးမဟုတ်ပါဘူး”ဟု ကာဂျင်ကပြောသည်။
 
ထိုစနစ်ကြောင့် ရေခဲသည့်နေရာများတွင်ဆက်လက်ပျံသန်းနေစဉ် ရဟတ်ယာဉ်၌ရေခဲလာမှုကို ကာကွယ်နိုင်မည်ဟုလည်းပြောသည်။
 
အဆိုပါရဟတ်ယာဉ်များကို ရုရှားနိုင်ငံမှာ ကာဇန်ရဟတ်ယာဉ်ကုမ္ပဏီမှတည်ဆောက်နေပြီး Mil Moscow ရဟတ်ယာဉ်စက်ရုံမှဒီဇိုင်းထုတ်ခဲ့သည်။
 
အကွာအဝေး ၈၈၅ ကီလိုမီတာအထိသွားနိုင်ပြီး တစ်နာရီလျှင် ၂၇၅ ကီလိုမီတာအမြန်ဆုံးနှုန်းဖြင့် ပျံသန်းနိုင်သည်။
 
တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁၁ သန်းနှင့် ၁၆ သန်းကြားတန်ဖိုးရှိသည်။
 
Ref : Mi-38 helicopter to be equipped with unique anti-icing system
 
#PeopleMedia

Share this post