• Follow Us on
Home ရှုံးနိမ့်ကြောင်း ထရမ့်က၀န်မခံခြင်းသည် ရှက်စရာကိစ္စဟု ဘိုင်ဒန်ပြော
Share this post
ဝါရှင်တန်၊ နိုဝင်ဘာ ၁၁
#PeopleMedia
(unicode)
ရှုံးနိမ့်ကြောင်း ထရမ့်ကဝန်မခံခြင်းသည် ရှက်စရာကိစ္စဟု ဘိုင်ဒန်ပြော
………………………………………….
ဝါရှင်တန်၊ နိုဝင်ဘာ ၁၁
ပြီးခဲ့သည့်တပတ်အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဝန်မခံခြင်းသည် ရှက်စရာကိစ္စဖြစ်ကြောင်း ဒီမိုကရတ်ပြိုင်ဘက် ဂျိုး ဘိုင်ဒန်ကပြောသည်။
အာဏာအကူးအပြောင်းလုပ်ရာတွင် သူ့ကိုမည်သည့်အရာကမှ ရပ်တန့်နိုင်မည်မဟုတ်ကြောင်း ထရမ့်ကပြောထားသည်။
အဓိကရုပ်သံကွန်ရက်အားလုံးက သူရှုံးနိမ့်သည်ဟုခန့်မှန်းထားသောရွေးကောက်ပွဲတွင် သူအလုံးစုံ အနိုင်ရသည်ဟု မစ္စတာထရမ့်က တွစ်တာမှတဆင့်ပြောသည်။
၄ နှစ်တကြိမ်ပြုလုပ်သည့်သမ္မတရွေးကောက်ပွဲတွင် အမေရိကန်မီဒီယာများက အနိုင်ရသူများကို ခန့်မှန်းသည်။ ပြည်နယ်တခုချင်းစီမဲများကို အတည်မပြုနိုင်သေးဘဲ မဲရေတွက်မှုများရှိနေသေးသည်။
ဒီဇင်ဘာ ၁၄ ရက်တွင် အမေရိကန်ရွေးကောက်ပွဲအဖွဲ့တွေ့ဆုံဆွေးနွေးပြီးမှ ရွေးကောက်ပွဲရလဒ်များ အတည်ပြုမည်ဖြစ်သည်။
Ref : Biden: Trump refusal to concede ‘an embarrassment’
#PeopleMedia
Share this post