• Follow Us on

Home အခြင့္အေရးခ်ိဳးေဖာက္ေနသည့္ဥပေဒမ်ားကို ျမန္မာႏိုင္ငံ ျပင္ဆင္မျပ႒ာန္းႏိုင္ခဲ့ေၾကာင္း လူ႔အခြင့္အေရးေစာင့္ ၾကည့္အဖြဲ႕ ေ၀ဖန္

အခြင့္အေရးခ်ိဳးေဖာက္ေနသည့္ဥပေဒမ်ားကို ျမန္မာႏိုင္ငံ ျပင္ဆင္မျပ႒ာန္းႏိုင္ခဲ့ေၾကာင္း လူ႔အခြင့္အေရးေစာင့္ ၾကည့္အဖြဲ႕ ေ၀ဖန္

Share this post

ဘန္ေကာက္၊ ဇူလိုင္ ၂၁

အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား႐ွိေနသည့္ဥပေဒမ်ားကို ႏိုင္ငံတကာလူ႔အခြင့္အေရးစံခ်ိန္စံၫႊန္းမႈမ်ားႏွင့္ ကိုက္ညီ ေစရန္ အဓိပၸာယ္႐ွိသည့္ျပဳျပင္ေျပာင္းလဲမႈမ်ား ျမန္မာႏိုင္ငံမလုပ္ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာအားလံုးၿခံဳငံုမိ ေသာ ပံုမွန္သံုးသပ္ခ်က္အစီရင္ခံစာ (UPR)(၂၀၂၀၊ ဇန္နဝါရီ) အတြက္ လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႔ (HRW)၏ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီထံတင္သြင္းလႊာတြင္ ပါ၀င္သည္။

ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈမ်ားပံုမွန္သံုးသပ္ရန္၊ အရပ္သားႏွင့္ႏိုင္ငံေရးအခြင့္အေရးမ်ားကိုေလးစားရန္ ၂၀၁၅ ခုႏွစ္က ျမန္မာႏိုင္ငံ၏ကတိက၀တ္မ်ား႐ွိေသာ္လည္း အစိုးရအေနျဖင့္ တိုးတက္မႈအနည္းငယ္သာျပဳလုပ္ႏိုင္ခဲ့ၿပီး ျမန္မာတပ္မေတာ္၏ရက္စက္မႈမ်ားကို တာ၀န္ခံရန္ ႏိုင္ငံတကာဥပေဒအရတာ၀န္ကိုလည္း လ်စ္လ်ဴ႐ွဳခဲ့ ေၾကာင္း HRW ကေျပာသည္။

ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီကတည္ေထာင္ခဲ့ၿပီး ရက္စက္သည့္မႈခင္းမ်ားကိုစံုစမ္းမည့္ အခ်က္အလက္ ႐ွာေဖြေရးမစ္႐ွင္ FFM ႏွင့္ပူးေပါင္းေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံကျငင္းဆိုခဲ့ၿပီး ယခင္ ျမန္မာႏိုင္ငံလူ႔အခြင့္အေရး ဆိုင္ရာအထူးအစီရင္ခံစာတင္သြင္းသူယန္ဟီလီကို ျပည္၀င္ခဲ့ပိတ္ခဲ့သည္ဟုလည္း HRW က အျပစ္တင္သည္။

“လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအတြက္ တာ၀န္ခံဖို႔ ျမန္မာႏိုင္ငံမွာ ဆႏၵမ႐ွိဘူးဆိုတာ အကန္႔အသတ္႐ွိပံုမရ ပါဘူး။ အမွန္တကယ္လူ႔အခြင့္အေရးပိုရလာေအာင္ သကာဖံုးထားတဲ့အေျပာေတြမဟုတ္ဘဲနဲ႔ ေကာင္းတဲ့လုပ္ ရပ္ေတြကေနတိုးတက္မႈေတြရလာဖို႔ ျမန္မာႏိုင္ငံရဲ႕ကုလသမဂၢအစီရင္ခံစာကို ကုလသမဂၢအဖြဲ႕၀င္ေတြ သံုးသင့္ပါတယ္” ဟု HRW ၏ အာ႐ွေရးရာဒုတိယၫႊန္ၾကားေရးမွဴး ဖီလ္ေရာဘတ္ဆန္ကေျပာသည္။

UPR စနစ္အရ ကုလသမဂၢႏိုင္ငံအားလံုးက သူတို႔၏ လူ႔အခြင့္အေရးစံခ်ိန္မ်ားျပန္လည္သံုးသပ္မႈကို ဂ်ီနီဗာ႐ွိ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီထံ ၅ ႏွစ္တစ္ႀကိမ္ တင္ျပရသည္။

၂၀၁၅ ခုႏွစ္က ျမန္မာႏိုင္ငံ၏ UPR အစီရင္ခံစာတြင္ ဒီမိုကေရစီဆိုင္ရာအဖြဲ႔အစည္းမ်ားတည္ေထာင္ရန္၊ တရား ေရးက႑ျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ရန္ႏွင့္ အမ်ိဳးသမီးမ်ားအခြင့္အေရးႁမွင့္တင္ေပးရန္ ကတိျပဳခဲ့ေသာ္လည္း တိုးတက္မႈအနည္းငယ္သာ႐ွိခဲ့ၿပီး ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)၊ ရခိုင္၊ ကခ်င္၊ ႐ွမ္း၊ ကရင္ႏွင့္ တျခား လူနည္းစုတိုင္းရင္းသားမ်ိဳးႏြယ္မ်ားကို ျမန္မာႏိုင္ငံလံုၿခံဳေရးတပ္ဖြဲ႕မ်ားက အင္အားအလြန္အကၽြံသံုးၿပီး လူ႔အခြင့္ အေရးခ်ိဳးေဖာက္ခဲ့ျခင္းမ်ား ၂၀၁၅ ခုႏွစ္ေနာက္ပိုင္းတြင္ ပိုဆိုးလာသည္ဟု HRW ကေျပာသည္။

ဘဂၤါလီမ်ားကိုခြဲျခားထားသည့္မူေဘာင္မ်ားက ရခိုင္ျပည္နယ္တြင္ ဆက္လက္စိတ္ပ်က္စရာေကာင္းသည့္ အေျခအေနမ်ားအေပၚ အေျခခံထားၿပီး လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားကိုကာကြယ္ရန္ ႏိုင္ငံတကာတရား႐ံုး (အိုင္စီေဂ်)၏ ဇန္နဝါရီလကၾကားျဖတ္ႀကိဳတင္ကာကြယ္ေရးအစီအမံမ်ားကို ႏိုင္ငံတကာဥပေဒႏွင့္အညီ လိုက္ နာရမည္ျဖစ္သည္ဟုလည္း HRW ကအသိေပးသည္။ ျမန္မာအစိုးရအေနျဖင့္ လြတ္လပ္စြာထုတ္ေဖာ္ေျပာ ဆိုခြင့္၊ အသင္းအဖြဲ႔ဖြဲ႔စည္းခြင့္ႏွင့္ ၿငိမ္းခ်မ္းစြာစီတန္းလွည့္လည္ခြင့္တို႔ကို ထိပါးေနသည့္ အခြင့္အေရးေစာ္ကားခံ ရသည့္ ဥပေဒမ်ားကို ျပန္႐ုတ္သိမ္းျခင္း၊ ျပင္ဆင္ျပ႒ာန္းျခင္းမ်ားမ႐ွိသျဖင့္ လူ႔အခြင့္အေရးကာကြယ္သူ၊ လူ႔အဖြဲ႔ အစည္းေခါင္းေဆာင္မ်ား၊ အလုပ္သမားသမဂၢေခါင္းေဆာင္မ်ားႏွင့္ အျခားအရပ္ဘက္လူမႈအဖြဲ႔အစည္းမ်ားမွ တက္ႂကြလႈပ္ရွားသူရာခ်ီသည္ သူတို႔အေျခခံအခြင့္အေရးမ်ားက်င့္သံုးျခင္းအတြက္ တရားစြဲဆိုေထာင္ခ်ခံေနရ သည္ဟုလည္း HRW ကေ၀ဖန္သည္။

Ref : Myanmar Needs to Answer to UN Rights Body

#PeopleMedia

(unicode)
အခွင့်အရေးချိုးဖောက်နေသည့်ဥပဒေများကို မြန်မာနိုင်ငံ ပြင်ဆင်မပြဋ္ဌာန်းနိုင်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့ ဝေဖန်
…………………………………………………………

ဘန်ကောက်၊ ဇူလိုင် ၂၁

အခွင့်အရေးချိုးဖောက်မှုများရှိနေသည့်ဥပဒေများကို နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံညွှန်းမှုများနှင့် ကိုက်ညီ စေရန် အဓိပ္ပာယ်ရှိသည့်ပြုပြင်ပြောင်းလဲမှုများ မြန်မာနိုင်ငံမလုပ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအားလုံးခြုံငုံမိ သော ပုံမှန်သုံးသပ်ချက်အစီရင်ခံစာ (UPR)(၂၀၂၀၊ ဇန်နဝါရီ) အတွက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)၏ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံတင်သွင်းလွှာတွင် ပါဝင်သည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများပုံမှန်သုံးသပ်ရန်၊ အရပ်သားနှင့်နိုင်ငံရေးအခွင့်အရေးများကိုလေးစားရန် ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံ၏ကတိကဝတ်များရှိသော်လည်း အစိုးရအနေဖြင့် တိုးတက်မှုအနည်းငယ်သာပြုလုပ်နိုင်ခဲ့ပြီး မြန်မာတပ်မတော်၏ရက်စက်မှုများကို တာဝန်ခံရန် နိုင်ငံတကာဥပဒေအရတာဝန်ကိုလည်း လျစ်လျူရှုခဲ့ ကြောင်း HRW ကပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကတည်ထောင်ခဲ့ပြီး ရက်စက်သည့်မှုခင်းများကိုစုံစမ်းမည့် အချက်အလက် ရှာဖွေရေးမစ်ရှင် FFM နှင့်ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံကငြင်းဆိုခဲ့ပြီး ယခင် မြန်မာနိုင်ငံလူ့အခွင့်အရေး ဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူယန်ဟီလီကို ပြည်ဝင်ခဲ့ပိတ်ခဲ့သည်ဟုလည်း HRW က အပြစ်တင်သည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံဖို့ မြန်မာနိုင်ငံမှာ ဆန္ဒမရှိဘူးဆိုတာ အကန့်အသတ်ရှိပုံမရ ပါဘူး။ အမှန်တကယ်လူ့အခွင့်အရေးပိုရလာအောင် သကာဖုံးထားတဲ့အပြောတွေမဟုတ်ဘဲနဲ့ ကောင်းတဲ့လုပ် ရပ်တွေကနေတိုးတက်မှုတွေရလာဖို့ မြန်မာနိုင်ငံရဲ့ကုလသမဂ္ဂအစီရင်ခံစာကို ကုလသမဂ္ဂအဖွဲ့ဝင်တွေ သုံးသင့်ပါတယ်” ဟု HRW ၏ အာရှရေးရာဒုတိယညွှန်ကြားရေးမှူး ဖီလ်ရောဘတ်ဆန်ကပြောသည်။

UPR စနစ်အရ ကုလသမဂ္ဂနိုင်ငံအားလုံးက သူတို့၏ လူ့အခွင့်အရေးစံချိန်များပြန်လည်သုံးသပ်မှုကို ဂျီနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံ ၅ နှစ်တစ်ကြိမ် တင်ပြရသည်။

၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံ၏ UPR အစီရင်ခံစာတွင် ဒီမိုကရေစီဆိုင်ရာအဖွဲ့အစည်းများတည်ထောင်ရန်၊ တရား ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်နှင့် အမျိုးသမီးများအခွင့်အရေးမြှင့်တင်ပေးရန် ကတိပြုခဲ့သော်လည်း တိုးတက်မှုအနည်းငယ်သာရှိခဲ့ပြီး ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)၊ ရခိုင်၊ ကချင်၊ ရှမ်း၊ ကရင်နှင့် တခြား လူနည်းစုတိုင်းရင်းသားမျိုးနွယ်များကို မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့များက အင်အားအလွန်အကျွံသုံးပြီး လူ့အခွင့် အရေးချိုးဖောက်ခဲ့ခြင်းများ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ပိုဆိုးလာသည်ဟု HRW ကပြောသည်။

ဘင်္ဂါလီများကိုခွဲခြားထားသည့်မူဘောင်များက ရခိုင်ပြည်နယ်တွင် ဆက်လက်စိတ်ပျက်စရာကောင်းသည့် အခြေအနေများအပေါ် အခြေခံထားပြီး လူမျိုးတုန်းသတ်ဖြတ်မှုများကိုကာကွယ်ရန် နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)၏ ဇန်နဝါရီလကကြားဖြတ်ကြိုတင်ကာကွယ်ရေးအစီအမံများကို နိုင်ငံတကာဥပဒေနှင့်အညီ လိုက် နာရမည်ဖြစ်သည်ဟုလည်း HRW ကအသိပေးသည်။ မြန်မာအစိုးရအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်တို့ကို ထိပါးနေသည့် အခွင့်အရေးစော်ကားခံ ရသည့် ဥပဒေများကို ပြန်ရုတ်သိမ်းခြင်း၊ ပြင်ဆင်ပြဋ္ဌာန်းခြင်းများမရှိသဖြင့် လူ့အခွင့်အရေးကာကွယ်သူ၊ လူ့အဖွဲ့ အစည်းခေါင်းဆောင်များ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် အခြားအရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူရာချီသည် သူတို့အခြေခံအခွင့်အရေးများကျင့်သုံးခြင်းအတွက် တရားစွဲဆိုထောင်ချခံနေရ သည်ဟုလည်း HRW ကဝေဖန်သည်။

Ref : Myanmar Needs to Answer to UN Rights Body

#PeopleMedia


Share this post