• Follow Us on

Home သက္ငယ္မုဒိမ္းသမားမ်ားကို ေသဒဏ္ေပးႏိုင္ေရးအတြက္ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ဦးသိန္းၫႊန္႔ ကတိျပဳ

သက္ငယ္မုဒိမ္းသမားမ်ားကို ေသဒဏ္ေပးႏိုင္ေရးအတြက္ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ဦးသိန္းၫႊန္႔ ကတိျပဳ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၉

သက္ငယ္မုဒိမ္းသမားမ်ားကို ေသဒဏ္ေပးႏိုင္ေရးအတြက္ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ျပည္သူ့လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္း NNDP ပါတီဥကၠ႒ ဦးသိန္းၫြန္႔က ကတိျပဳသည္။

လာမည့္ ၂၀၂၀ ပါတီစုံဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီပါတီသစ္(NNDP)မွ သဃၤန္းကြၽန္းၿမိဳ႕နယ္ ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္၀င္ေရာက္ယွဉ္ၿပိဳင္မည္ျဖစ္သည္။

၎လုပ္ေဆာင္သြားမည့္ လုပ္ေဆာင္ခ်က္မ်ားထဲတြင္ ကေလးသူငယ္ မုဒိမ္းသမားမ်ားကို ေသဒဏ္ ေပးႏိုင္ ေရးအတြက္ ဆက္လက္ႀကိဳးပမ္းသြားမည္ဟု NNDP ၏ ေရြးေကာက္ပြဲ ကတိကဝတ္၌ ေဖာ္ျပထားသည္။

ဆက္လက္ၿပီး သဃၤန္းကြၽန္းၿမိဳ႕နယ္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ဆက္လက္အရွိန္ျမႇင့္ အေကာင္ အထည္ေဖာ္သြားမည္၊ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလမွာမျဖစ္သင့္တဲ့ ေရြးေကာက္ခံ အာဏာရွင္စနစ္ကိုတားဆီးမည္တို႔ျဖစ္ၿပီး ပါတီရဲ႕ဟစ္ေႂကြးသံမွာ သက္ငယ္မုဒိမ္းသမား ေသဒဏ္ ေပးႏိုင္ဖို႔ ဦးသိန္းၫြန္႔ကို မဲေပးစို႔၊ သဃၤန္းကြၽန္းလူထု ဘဝအၾကပ္အတည္း ေလ်ာ့နည္းေစဖို႔ ခေမာက္သုံးလုံးကို မဲေပးစို႔ဟု ပါရွိသည္။

ဦးသိန္းၫြန္႔သည္ ပထမအႀကိမ္ ျပည္သူ့လႊတ္ေတာ္တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္ ျပည္သူ့လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးျဖစ္ခဲ့ၿပီး ၂၀၁၀ ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီက ၀င္ ေရာက္ယွဉ္ၿပိဳင္အႏိုင္ရခဲ့သူလည္းျဖစ္သည္။

#PeopleMedia #NNDP #2020election

(unicode)
သက်ငယ်မုဒိမ်းသမားများကို သေဒဏ်ပေးနိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးသိန်းညွှန့် ကတိပြု
………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၉

သက်ငယ်မုဒိမ်းသမားများကို သေဒဏ်ပေးနိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း NNDP ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ကတိပြုသည်။

လာမည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)မှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၎င်းလုပ်ဆောင်သွားမည့် လုပ်ဆောင်ချက်များထဲတွင် ကလေးသူငယ် မုဒိမ်းသမားများကို သေဒဏ် ပေးနိုင် ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု NNDP ၏ ရွေးကောက်ပွဲ ကတိကဝတ်၌ ဖော်ပြထားသည်။

ဆက်လက်ပြီး သင်္ဃန်းကျွန်းမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်အရှိန်မြှင့် အကောင် အထည်ဖော်သွားမည်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာမဖြစ်သင့်တဲ့ ရွေးကောက်ခံ အာဏာရှင်စနစ်ကိုတားဆီးမည်တို့ဖြစ်ပြီး ပါတီရဲ့ဟစ်ကြွေးသံမှာ သက်ငယ်မုဒိမ်းသမား သေဒဏ် ပေးနိုင်ဖို့ ဦးသိန်းညွန့်ကို မဲပေးစို့၊ သင်္ဃန်းကျွန်းလူထု ဘဝအကြပ်အတည်း လျော့နည်းစေဖို့ ခမောက်သုံးလုံးကို မဲပေးစို့ဟု ပါရှိသည်။

ဦးသိန်းညွန့်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဝင် ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူလည်းဖြစ်သည်။

#PeopleMedia #NNDP #2020election


Share this post