• Follow Us on

Home ဒဂံုၿမိဳ႕နယ္ရွိ တပ္မေတာ္၏ ႀကိဳတင္မဲမ်ား စာအိတ္ပြင့္ေနျခင္းႏွင့္ပတ္သက္၍ ထည့္သြင္းေရတြက္ခြင့္ျပဳမျပဳကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံ တင္ျပထား

ဒဂံုၿမိဳ႕နယ္ရွိ တပ္မေတာ္၏ ႀကိဳတင္မဲမ်ား စာအိတ္ပြင့္ေနျခင္းႏွင့္ပတ္သက္၍ ထည့္သြင္းေရတြက္ခြင့္ျပဳမျပဳကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံ တင္ျပထား

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၄
ရန္ကုန္တိုင္းေဒသႀကီး အေနာက္ပိုင္းခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္ကို ေပးပို႔လာတဲ့ တပ္မေတာ္ရဲ႕ ႀကိဳတင္မဲ စာအိတ္မ်ား ပြင့္ေနျခင္းကို ထည့္သြင္းဖို႔ ခြင့္ျပဳမျပဳကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို တင္ျပထား ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အေနာက္ပိုင္းခရိုင္ေရြးေကာက္ပြဲဲေကာ္မရွင္ဥကၠ႒ ဦးခင္ေမာင္၀င္းက ေျပာပါ တယ္။
“ဒဂံုၿမိဳ႕နယ္ကိစၥက ၿမိဳ႕နယ္တစ္ခုရဲ႕ လုပ္ပိုင္ခြင္အရ ဆံုးျဖတ္ထားတဲ့ကိစၥပဲ၊ အဲ့ဒါကို ခရိုင္က ဆင္းၾကည့္ေတာ့ သူတို႔ရဲ႕ ဆံုးျဖတ္မွန္မမွန္ဆိုတာကို ခရိုင္အေနနဲ႔ ဆံုးျဖတ္ဖို႔ ခတ္တယ္၊ အခုၿမိဳ႕နယ္ရဲ႕ မွတ္ခ်က္နဲ႔အတူ တိုင္းကိုတင္လိုက္တယ္၊ တိုင္းကတဆင့္ UEC တင္တယ္၊ ေနာက္လည္းပဲ ဒီလိုေတြမျဖစ္ေအာင္ ဥပေဒ နည္းဥပေဒေတြဘယ္လို ျပင္ရမယ္ဆိုတာပါ တင္ျပထားတယ္”လို႔ ၎က ေျပာပါတယ္။
ဒဂုံၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးကို တပ္မေတာ္မွ ႀကိဳတင္မဲေပးပို႔လာတဲ့ ေဆးတပ္က ႀကိဳတင္မဲ (၁၂၀)မဲ၊ ၉၀၅ အင္ဂ်င္နီယာတပ္မွ ႀကိဳတင္မဲ (၅၈)မဲနဲ႔ ဆက္သြယ္ေရးတပ္မွ ႀကိဳတင္မဲ (၁၀၇)မဲ ေရာက္ရွိခဲ့ရာ ၉၀၅ အင္ဂ်င္နီယာတပ္ရဲ႕ ဆႏၵျပဳထားတဲ့ ႀကိဳတင္မဲစာအိတ္အေသးမ်ားမွာ ပြင့္ေနတာကို ေတြ႕ခဲ့ရတာ ျဖစ္တယ္လို႔ သိရပါတယ္။
“ဒီကိစၥနဲ႔ပတ္သက္ၿပီး NLD ဘက္ကေတာ့ ကန္႔ကြက္တာေပါ့၊ ကြ်န္ေတာ္တို႔အေနနဲ႔ကေတာ့ ေကာ္မရွင္ အဆံုး အျဖတ္တိုင္း လိုက္နာမွာပါ”လို႔ ေတြ႕ဆံုပြဲတက္ေရာက္ခဲ့တဲ့ ျပည္သူ႔ေရွ႕ေဆာင္ပါတီက ဦးဟန္ႏိုင္ဦးက ေျပာပါတယ္။
အဆိုပါ ႀကိဳတင္မဲနဲ႔ပတ္သက္ၿပီး ဒဂံုၿမိဳ႕နယ္ေကာ္မရွင္ခြဲက ပယ္မဲအျဖစ္ ဆံုးျဖတ္ခဲ့ေသာ္လည္း ခရိုင္ေကာ္မ ရွင္ခြဲက လက္မခံတဲ့အတြက္ တိုင္းေဒသႀကီး ေကာ္မရွင္မွတဆင့္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ထံ ဆက္လက္တင္ျပကာ လမ္းညြန္မႈေတာင္းခံထားတာ ျဖစ္ပါတယ္။
အဆိုပါ မဲကိစၥႏွင့္ပတ္သက္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက ဒဂံုၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ NLD ပါတီ၊ ျပည္ခိုင္ၿဖိဳးပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီနဲ႔ ျပည္သူ႔ေရွ႕ေဆာင္ပါတီတို႔က ကိုယ္စားလွယ္ေလာင္းမ်ားနဲ႔ ေတြ႕ဆုံခဲ့ရာ NLD ပါတီဘက္က ကန္႔ကြက္ခဲ့ၿပီး က်န္ပါတီမ်ား အေနႏွင့္ေတာ့ ကန္႔ကြက္မႈမရွိခဲ့ဘဲ ေကာ္မရွင္ရဲ႕ ဆံုးျဖတ္ခ်က္ကို လက္ခံေဆာင္ရြက္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။
#PeopleMedia
(unicode)
ဒဂုံမြို့နယ်ရှိ တပ်မတော်၏ ကြိုတင်မဲများ စာအိတ်ပွင့်နေခြင်းနှင့်ပတ်သက်၍ ထည့်သွင်းရေတွက်ခွင့်ပြုမပြုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထား
…………………………………………………………….
ရန်ကုန်၊ အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ကို ပေးပို့လာတဲ့ တပ်မတော်ရဲ့ ကြိုတင်မဲ စာအိတ်များ ပွင့်နေခြင်းကို ထည့်သွင်းဖို့ ခွင့်ပြုမပြုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါ တယ်။
“ဒဂုံမြို့နယ်ကိစ္စက မြို့နယ်တစ်ခုရဲ့ လုပ်ပိုင်ခွင်အရ ဆုံးဖြတ်ထားတဲ့ကိစ္စပဲ၊ အဲ့ဒါကို ခရိုင်က ဆင်းကြည့်တော့ သူတို့ရဲ့ ဆုံးဖြတ်မှန်မမှန်ဆိုတာကို ခရိုင်အနေနဲ့ ဆုံးဖြတ်ဖို့ ခတ်တယ်၊ အခုမြို့နယ်ရဲ့ မှတ်ချက်နဲ့အတူ တိုင်းကိုတင်လိုက်တယ်၊ တိုင်းကတဆင့် UEC တင်တယ်၊ နောက်လည်းပဲ ဒီလိုတွေမဖြစ်အောင် ဥပဒေ နည်းဥပဒေတွေဘယ်လို ပြင်ရမယ်ဆိုတာပါ တင်ပြထားတယ်”လို့ ၎င်းက ပြောပါတယ်။
ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို တပ်မတော်မှ ကြိုတင်မဲပေးပို့လာတဲ့ ဆေးတပ်က ကြိုတင်မဲ (၁၂၀)မဲ၊ ၉၀၅ အင်ဂျင်နီယာတပ်မှ ကြိုတင်မဲ (၅၈)မဲနဲ့ ဆက်သွယ်ရေးတပ်မှ ကြိုတင်မဲ (၁၀၇)မဲ ရောက်ရှိခဲ့ရာ ၉၀၅ အင်ဂျင်နီယာတပ်ရဲ့ ဆန္ဒပြုထားတဲ့ ကြိုတင်မဲစာအိတ်အသေးများမှာ ပွင့်နေတာကို တွေ့ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ဘက်ကတော့ ကန့်ကွက်တာပေါ့၊ ကျွန်တော်တို့အနေနဲ့ကတော့ ကော်မရှင် အဆုံး အဖြတ်တိုင်း လိုက်နာမှာပါ”လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ဦးဟန်နိုင်ဦးက ပြောပါတယ်။
အဆိုပါ ကြိုတင်မဲနဲ့ပတ်သက်ပြီး ဒဂုံမြို့နယ်ကော်မရှင်ခွဲက ပယ်မဲအဖြစ် ဆုံးဖြတ်ခဲ့သော်လည်း ခရိုင်ကော်မ ရှင်ခွဲက လက်မခံတဲ့အတွက် တိုင်းဒေသကြီး ကော်မရှင်မှတဆင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်လက်တင်ပြကာ လမ်းညွန်မှုတောင်းခံထားတာ ဖြစ်ပါတယ်။
အဆိုပါ မဲကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့က ကိုယ်စားလှယ်လောင်းများနဲ့ တွေ့ဆုံခဲ့ရာ NLD ပါတီဘက်က ကန့်ကွက်ခဲ့ပြီး ကျန်ပါတီများ အနေနှင့်တော့ ကန့်ကွက်မှုမရှိခဲ့ဘဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
#PeopleMedia


Share this post