• Follow Us on

Home ေမာင္ေတာၿမိဳ႕နယ္၌ ေငြက်ပ္သိန္း ၈၀၀၀ ခန႔္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားသိမ္းဆည္းရမိ

ေမာင္ေတာၿမိဳ႕နယ္၌ ေငြက်ပ္သိန္း ၈၀၀၀ ခန႔္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားသိမ္းဆည္းရမိ

Share this post

ရန္ကုန္၊ ႏိုဝင္ဘာ – ၂၆

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ႀကိမ္ေခ်ာင္းေက်းရြာအနီး ေငြက်ပ္သိန္း ၈၀၀၀ ခန္႔တန္ဖိုးရွိ မူးယစ္ ေဆးဝါးမ်ားအား ႏို၀င္ဘာ ၂၅ ရက္ နံနက္ ၁၁ နာရီခန္႔တြင္ နယ္ေျမလံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားမွ ဖမ္းဆီးရမိ ခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးမွ ထုတ္ျပန္ထားသည္။

အဆိုပါထုတ္ျပန္ခ်က္တြင္ ေမာင္ေတာၿမိဳ႕နယ္၊ ႀကိမ္ေခ်ာင္းေက်းရြာအနီး ဖက္လိပ္ျပင္-ေက်ာက္ေခ်ာင္းလူသြား လမ္းေပၚတြင္ ေတာင္မွေျမာက္သို႔ အထုပ္ကိုယ္စီသယ္ေဆာင္လာသည့္ မသကၤာဖြယ္ဘဂၤါလီ ၄ ဦးအား ေတြ႕ရွိရသျဖင့္ စစ္ေဆးရန္ရပ္တန္႔ခိုင္းရာ ရပ္တန္႔ျခင္းမရွိဘဲ သယ္ေဆာင္လာသည့္အထုပ္မ်ားအား ပစ္ခ်၍ ထြက္ေျပးသြားေၾကာင္း ေဖာ္ျပပါရွိသည္။

ဆက္လက္ၿပီး ယင္းအထုပ္ ၄ ထုပ္အား စစ္ေဆးရာ အတြင္းတြင္ WY စာတန္းပါ စိတ္ႂကြမူးယစ္ေဆးျပား ေလးသိန္း(ကာလခန္႔မွန္းတန္ဖိုးေငြက်ပ္ သိန္း ၈၀၀၀ ခန္႔)အား သိမ္းဆည္းရမိခဲ့ၿပီး လုပ္ထံုးလုပ္နည္းႏွင့္အညီ ဆက္လက္ေဆာင္ရြက္ႏိုင္ရန္အတြက္ သက္ဆိုင္ရာနယ္ေျမခံရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္းအပ္ႏွံခဲ့သည္။

Photo – တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး

#PeopleMedia

(unicode)
မောင်တောမြို့နယ်၌ ငွေကျပ်သိန်း ၈၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
…………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၂၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအနီး ငွေကျပ်သိန်း ၈၀၀၀ ခန့်တန်ဖိုးရှိ မူးယစ် ဆေးဝါးများအား နိုဝင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိ ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအနီး ဖက်လိပ်ပြင်-ကျောက်ချောင်းလူသွား လမ်းပေါ်တွင် တောင်မှမြောက်သို့ အထုပ်ကိုယ်စီသယ်ဆောင်လာသည့် မသင်္ကာဖွယ်ဘင်္ဂါလီ ၄ ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ သယ်ဆောင်လာသည့်အထုပ်များအား ပစ်ချ၍ ထွက်ပြေးသွားကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်ပြီး ယင်းအထုပ် ၄ ထုပ်အား စစ်ဆေးရာ အတွင်းတွင် WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား လေးသိန်း(ကာလခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၈၀၀၀ ခန့်)အား သိမ်းဆည်းရမိခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့သို့ လွှဲပြောင်းအပ်နှံခဲ့သည်။

Photo – တပ်မတော်သတင်းမှန်ပြန်ကြားရေး

#PeopleMedia


Share this post