• Follow Us on

Home ဒေါ်လာ ၂၅၈ သန်းတန် လက်နက်များ တောင်ကိုရီးယားသို့ရောင်းချရန် အမေရိကန်ခွင့်ပြု

ဒေါ်လာ ၂၅၈ သန်းတန် လက်နက်များ တောင်ကိုရီးယားသို့ရောင်းချရန် အမေရိကန်ခွင့်ပြု

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၆ (People Media)

 

အမေရိကန်ဒေါ်လာ ၂၅၈ သန်းတန်ကြေးရှိ ပဲ့ထိန်းလက်နက်များကို တောင်ကိုရီးယားနိုင်ငံသို့ရောင်းချရန် အစီ အစဉ်အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်သည်။

 

ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက သြဂုတ်လ ၂၅ ရက်နေ့က ကြေညာခဲ့သည့် အ ဆိုပါလက်နက်ရောင်းချမှုအစီအစဉ်မှာ ကိုရီးယားကျွန်းဆွယ်တွင် ခြိမ်းခြောက်နေမှုများကို ကိုင်တွယ် ဆောင် ရွက်ရာတွင် တောင်ကိုရီးယားနိုင်ငံကို ကူညီထောက်ပံ့သွားနိုင်မည်ဖြစ်ပြီး စစ်ပွဲအတွင်း စစ်ဆင်ရေးကွပ်ကဲမှုများ လွှဲပြောင်းဆောင်ရွက်မှုအား ပိုမိုတိုးတက်စေမည်ဖြစ်ကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီက ပြောသည်။

 

လက်ရှိအချိန်တွင် ကိုရီးယားကျွန်းဆယ်၌ စစ်မက်ဖြစ်ပွားလာပါက အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ကိုရီးယားတပ် ဖွဲ့ဝင်များကို အမေရိကန်က ကွပ်ကဲကြီးကြပ်သွားမည်ဖြစ်သော်လည်း စစ်ဆင်ရေးကြီးကြပ်မှုပြောင်းလဲခြင်းအစီ အစဉ်အရ ယင်းကြီးကြပ်မှုကို ပြောင်းလဲရန်စီစဉ်ထားသည်။

 

တောင်ကိုရီးယားအတွက် ခွင့်ပြုထားသောလက်နက်များမှာ GBU-31  လေယာဉ်ဗုံးအတွက် Joint Direct Attack Munition guidance kit ၃,၉၅၃ စုံ၊  GBU-56 လေဆာပဲ့ထိန်းဗုံးအတွက် JDAM guidance kit ၁,၉၈၁ စုံ၊ GBU-38 လေယာဉ်ဗုံးအတွက် 1,179 JDAM guidance kit ၁,၁၇၉ စုံ၊ FMU-139 fuze system လေဆာ ပဲ့ထိန်းဗုံး ၁၇၅၅ စုံ၊ GBU-56 လေဆာပဲ့ထိန်းဗုံးအတွက် DSU-42/B ပစ်မှတ်ရှာဖွေထောက်လှမ်းရေးကိရိယာ များပါဝင်သည်။

 

လေဆာပဲ့ထိန်းဗုံးသီးများအတွက် အပိုပစ္စည်းများ၊ စက်အစိတ်အပိုင်းများ၊ အရန်ပစ္စည်းများ၊ လက်နက်လေ့ကျင့် ခန်းအထောက်အကူပစ္စည်းများ၊ စက်ပစ္စည်းများနှင့် အပိုပစ္စည်းများ၊ နည်းပညာအထောက်အကူပစ္စည်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများ အခြား ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများ၊ ပရိုဂရမ်များနှင့် ဆက် စပ်သည့် ထောက်ပံ့မှုများလည်းပါဝင်သည်။

 

ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ထုတ်ပြန်ကြေညာချက်မှာ လက်နက်အရောင်း အဝယ်ဖြစ်မြောက်ပြီဟု အဓိပ္ပာယ်မရချေ။ လက်နက်အရောင်းအဝယ်အတွက် အထက်လွှတ်တော်က ခွင့်ပြု လိုက်သည့်အချိန်တွင် လက်နက်ဝယ်ယူမည့်နိုင်ငံအနေဖြင့် ဈေးနှုန်းနှင့် အရေအတွက်ကို ဆွေးနွေးညှိနှိုင်းနိုင် ပြီး ဈေးနှုန်းရော အရေအတွက်ပါ အပြောင်းအလဲရှိနိုင်ကြောင်းသိရသည်။

 

Ref: US approves $258 million arms sale to South Korea

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 

Ref: US approves $258 million arms sale to South Korea

 

#PeopleMedia


Share this post