• Follow Us on

Home လှိုင်မြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်သတ်ဖြတ်ခံရ

လှိုင်မြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၇ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ၆ ချက် ပစ်ခတ်သတ်ဖြတ်ခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ  ၇ ရက်နေ့ ၁၂ နာရီအချိန်တွင် လှိုင်မြို့နယ် ၁၃ ရပ်ကွက်၊ သီရိမြိုင် သစ္စာလမ်း တွင်နေထိုင်သည့် အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း ဒေသသတင်းရင်းမြစ်မှ သိရသည်။

 

ယင်းကဲ့သို့ ပစ်ခတ်သတ်ဖြတ်မှုကို မည်သည့်အဖွဲ့အစည်းမှ မည်သည့်အကြောင်းကြောင့် ပြုလုပ်သည်ကိုမူ မသိရှိရသေးပေ။

 

အလားတူ ယနေ့ စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် NUG မှ နိုင်ငံတော်အား အရေးပေါ်အခြေအနေ အဖြစ်သတ်မှတ်ကြေညာခဲ့ပြီး အရေးပေါ်အခြေအနေသက်ရောက်သည့် နယ်မြေသည် ပြည်ထောင်စုနိုင်ငံတော် တစ်ဝန်းလုံးဖြစ်ပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်သည့်အချိန်အထိ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #လှိုင်

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post