• Follow Us on

Home အမေရိကန်က အာဆီယံအဖွဲ့အား ဒေါ်လာ ၁၀၂ သန်း ထောက်ပံ့မည်

အမေရိကန်က အာဆီယံအဖွဲ့အား ဒေါ်လာ ၁၀၂ သန်း ထောက်ပံ့မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၇ (People Media)

 

အမေရိကန်အစိုးရအနေဖြင့် အာဆီယံအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်သွားရန်အတွက် အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) သို့ ဒေါ်လာ ၁၀၂ သန်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။

 

အောက်တိုဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များအစည်းအဝေးတွင် ပထမဦးဆုံးအ ကြိမ်အဖြစ် အွန်လိုင်းမှတစ်ဆင့်တက်ရောက်ခဲ့စဉ်  အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ယခုလိုပြောကြားလိုက် ခြင်းဖြစ်သည်။

 

“နှစ်ပေါင်းများစွာ ကျွန်တော်တို့အတူမျှဝေခံစားလာကြတဲ့ လုံခြုံရေးနဲ့ ကြွယ်ဝချမ်းသာမှုရဲ့ အခြေခံအုတ်မြစ် ဖြစ် တဲ့ အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်ပွင့်လင်းတဲ့ဒေသတစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းရာမှာ ကျွန်တော်တို့ ရဲ့ မိတ်ဖက်ဆက်ဆံရေးဆိုတာ အလွန်အရေးကြီးပါတယ်” ဟု ဘိုင်ဒန်ကပြောသည်။

 

ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ရာသီဥတု ပြောင်းလဲမှုကိုင်တွယ်ဆောင် ရွက်ရေးလုပ်ငန်းစဉ်များတွင် ကူညီရန်ရည်ရွယ်၍ ယခုဘဏ္ဍာရေးထောက်ပံ့မှုကိုပေးခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတိုင်း ယှဉ်ပြိုင်ပြီး အောင်မြင်မှုရနိုင်သည့် ဒေသတစ်ခုအတွက် မျှဝေခံစားနိုင်သောတန်ဖိုးများနှင့် မျှဝေခံစား နိုင်သော အမြင်များကို ပိုမိုခေတ်မီတိုးတက်အောင်ဆောင်ရွက်ရန်နှင့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မည်မျှကြီးမား သည်ဖြစ်စေ မည်မျှအင်အားကြီးသည်ဖြစ်စေ ဥပဒေကိုလေးစားလိုက်နာရန် ဘိုင်ဒန်က အာဆီယံအဖွဲ့ကို တိုက် တွန်းပြောကြားခဲ့သည်။

 

ဘိုင်ဒန်၏ ပြောစကားများမှာ စစ်အင်အားနှင့် စီးပွားရေးအင်အားတိုးတက်လာသော တရုတ်နိုင်ငံကို ရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်ကြောင်း အများက သတ်မှတ်ထားကြသည်။

 

ဘိုင်ဒန်အစိုးရသည် တရုတ်ကို တုံ့ပြန်ရင်ဆိုင်ရာတွင် အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။  အမေရိကန်ဒုတိယသမ္မတကမ်မလာဟားရစ်နှင့် ကာကွယ်ရေးဝန် ကြီးအယ်လ်လွိုက်သြစတင်တို့သည်လည်း မကြာသေးမီက အရှေ့တောင်အာရှဒေသသို့ ခရီးထွက်ခဲ့ကြသည်။

 

Ref: US to provide $100 mil. to ASEAN to boost ties

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: US to provide $100 mil. to ASEAN to boost ties

 

#PeopleMedia


Share this post