• Follow Us on

Home ကလေးအလုပ်သမားပပျောက်ရေးသည် နိုင်ငံတိုင်းအလေးထားဖြေရှင်းရမည့်ကိစ္စများဖြစ်ကြောင်း မကွေး တိုင်းဝန်ကြီးချုပ် ပြောကြား

ကလေးအလုပ်သမားပပျောက်ရေးသည် နိုင်ငံတိုင်းအလေးထားဖြေရှင်းရမည့်ကိစ္စများဖြစ်ကြောင်း မကွေး တိုင်းဝန်ကြီးချုပ် ပြောကြား

Share this post

မကွေး၊ နိုဝင်ဘာ ၃ (People Media)

 

ကလေးအလုပ်သမား ပပျောက်ရေးသည် နိုင်ငံတိုင်းအလေးထားဖြေရှင်းရမည့်ကိစ္စများဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ (၁) နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးတင့်လွင်က ပြောကြားခဲ့သည်။

 

“နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကလေးအလုပ်သမားများအပေါ် အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ ကလေးအလုပ်သမားအများစုသည် ကောင်းစွာပညာမသင်ကြားရဘဲ ပညာရေးနိမ့်ပါးသူ များဖြစ်သည်ကို တွေ့ရှိရပြီး ကလေးအလုပ်သမားပပျောက်ရေးသည် နိုင်ငံတိုင်းအလေးထား ဖြေရှင်းရမည့် ကိစ္စများဖြစ်ပါကြောင်း” ဝန်ကြီးချုပ်က ပြောသည်။

 

မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့်ဥပဒေ ပြဌာန်းချက်များကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့်အတူ အမျိုးသား အဆင့်ကော်မတီ(၈)ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ဦးဆောင်ဖွဲ့စည်းထားပြီးဖြစ်ပြီး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ် ကော်မတီ(၈)ရပ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ မတ်လအထိ (၆) လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေ တင်ပြထားမှုအား ခွင့်ပြုငွေချထားပေးပြီးဖြစ်ကြောင်း၊ လုပ်ငန်းဆပ်ကော် မတီအဖွဲ့များအနေဖြင့်လည်း မိမိတို့ သက်ဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပြီး ဆပ်ကော်မတီအချင်းချင်း ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောကြားခဲ့သည်။

 

#PeopleMedia #ကလေးအလုပ်သမား

 

(unicode)


……………………………………………………….

 


 


 


 


 



Share this post